အပိုင်း-နှစ်

213 20 1
                                    

အပိုင်း-နှစ်

နိုအာ့ရဲ့အချစ်ဦးက ဘယ်သူလဲ?

-၂၀၁၇ ခုနှစ်

ပတ်ခ်ဂျုံဆောင်း  ၂၀ နှစ်၊ ပတ်ခ်နိုအာ ၁၇ နှစ်

အထက်တန်းပထမနှစ်ရောက်နေပြီဖြစ်တဲ့ နိုအာသည် ငယ်ငယ်တုန်းကအတိုင်းပင် ပတ်ခ်ဇနီးမောင်နှံနှင့် အစ်ကိုဖြစ်သူဂျုံဆောင်းကို ရိုသေမြဲပင်။

ကျောင်းမှာ အပေါင်းအသင်းလည်းသိပ်မရှိသလို အားလပ်ချိန်တိုင်း သီချင်းဖွင့်ပြီးပုံသာထိုင်ဆွဲနေတတ်တဲ့ တိတ်ဆိတ်တဲ့ကောင်လေး။ ၁၇နှစ်အရွယ်သည် စိတ်ကစားတတ်စအရွယ်လေးဖြစ်တာမို့ တခြားကျောင်းသားတွေက ရည်းစားတွေ တစ်ပုံတစ်ခေါင်းထားနေချိန် နိုအာသည် သူ့ပန်းချီကိုသာစိတ်နှစ်မြဲပင်။

ဒီအချက်လည်း ဂျုံဆောင်းနှင့်ကွာသည်။ဂျုံဆောင်း ၁၇ နှစ်တုန်းကဆို ရည်းစားကို သက်စေ့ထားလို့ မာမီက မရိုက်စဖူး ကြက်မွှေးနဲ့တောင်ရိုက်သေးသည်။

အဲ့လိုရိုက်ခံရတဲ့ဒဏ်ရာတွေကို ၁၄နှစ်သား နိုအာကဘဲ ဆေးလိမ်းပေးကာ အနာကိုအမာရွတ်မကျန်အောင်ပင် ပြုလုပ်ပေးခဲ့သည်။

အခုလည်း နားကြပ်တပ်ပြီးအိမ်ထဲကိုဖြေးဖြေးချင်း လှမ်းဝင်လာသည်။အရာရာကို အေးဆေးသာလုပ်တတ်တဲ့နိုအာမို့ ကျောင်းနောက်ကျရင်တောင် အေးဆေးသာလုပ်တတ်သည်။

"နိုအာ ပြန်လာပြီလား"

"အော် အစ်ကို ဘယ်တုန်းကပြန်ရောက်တာလဲ"

ဂျုံဆောင်းသည် တက္ကသိုလ်တက်နေပြီမို့လို့ မာမီတို့အိမ်မှာမနေဘဲ သူငယ်ချင်းနှစ်ယောက်နဲ့ကွန်ဒိုတစ်ခန်းမှာ အတူတူနေတာ တစ်နှစ်လောက်ရှိပြီဖြစ်သည်။ မာမီတို့ဆီကို ခြေဦးမလှည့်ဖြစ်တာလည်း တစ်နှစ်လောက်ရှိပြီဖြစ်သည်။

ဒီနေ့ မာမီတို့ရဲ့မဂ်လာနှစ်ပတ်လည်နေ့မို့လို့ ပြန်လာပါလို့ မာမီကပြောလို့ ဂျုံဆောင်းပြန်လာခဲ့တာဖြစ်သည်။မတွေ့ရတဲ့တစ်နှစ်အတွင်း နိုအာက အရပ်ရှည်လာကာ လူကြီးဆန်လာသည်။ဆံပင်အရောင်ကိုလည်း အနက်နဲ့အဝါရောပြီး ဆိုးထားသေးသည်။

" အစ်ကို " (ရပ်နား)Where stories live. Discover now