အပိုင်း-တစ်

454 26 3
                                    

အပိုင်း-တစ်

ညီလေးတစ်ယောက်ကို မွေးစားခြင်း

-၂၀၀၅ ခုနှစ်

ထိုနှစ်သည်‌ ဂျုံဆောင်း ရှစ်နှစ်ပြည့်တဲ့နေ့။ပတ်ခ်မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်သလို မာမီကလည်း နောက်ထပ်တစ်ယောက် ထပ်မမွေးနိုင်တော့ပါ။

သူကလည်း ကလေးပီပီ အငယ်တစ်ယောက်လိုချင်ကြောင်းကို မာမီ့ကိုပူဆာမိတော့ သူ့ရဲ့ရှစ်နှစ်ပြည့်မွေးနေ့မှာ နေရာတစ်ခုကိုခေါ်သွားကြသည်။

ရောက်သွားတဲ့နေရာက လူနေအိမ်တွေလည်းမရှိသလို မြင်နေရတဲ့တစ်ခုတည်းသောလူနေအိမ်ကလည်း တော်တော်ကြီးကိုဟောင်းနွမ်းယိုယွင်းနေလေ၏။

"လာ သား ဒယ်ဒီ့လက်ကိုတွဲ"

"ဟုတ်"

ဒယ်ဒီလက်ကိုတွဲ မာမီ့ရဲ့စကတ်စလေးကိုမဝံ့မရဲဆုတ်ကိုင်ကာ ဂျုံဆောင်းထိုယိုယွင်းနေတဲ့အိမ်ကြီးရဲ့ခြံထဲကို လိုက်ဝင်လိုက်သည်။ခြံထဲရောက်တော့  မယုံကြည်နိုင်စရာကောင်းစွာ သူ့အရွယ်ကလေးတွေ သူ့ထက်ကြီးတဲ့သူတွေ သူ့ထက်ငယ်တဲ့ကလေးတွေ ခြံကြီးထဲမှာပျော်ရွှင်စွာပြေးလွှားဆော့ကစားနေတာကို တွေ့လိုက်ရသည်။

ဂျုံဆောင်းဝတ်ထားတဲ့အဝတ်တွေထက် သူတို့လေးတွေဝတ်ထားတဲ့အဝတ်တွေကို ပိုပြီးဟောင်းနွမ်းနေကြသည်။နောက်တော့ ထိုအိမ်ကြီးရဲ့ပိုင်ရှင်အန်တီကြီးရှေ့ရောက်တော့ မာမီက သူရှေ့ထိုင်ချကာ

"သား သားကြိုက်တဲ့ကလေးတစ်‌ယောက်ရွေးလိုက် သားရွေးလိုက်တဲ့သူက သားညီလေး ညီမလေးဘဲ"

"တကယ်လား"

"တကယ်ပေါ့သားရဲ့ မာမီကနောက်နေတဲ့ပုံပေါ်လို့လားကွယ်"

ဂျုံဆောင်းအပျော်လွန်ကာ မာမီကိုပင်ကျေးဇူးတင်စကားတောင်မပြောမိဘဲ သူဒီအိမ်ကြီးထဲစစဝင်ကတည်းက သတိထားမိတဲ့ကောင်လေးတစ်ယောက်ဆီ တန်းပြေးသွားလိုက်သည်။

" အစ်ကို " (ရပ်နား)Where stories live. Discover now