🥀Part - 16🥀

Start from the beginning
                                    

"ကျန့်ကျန့်လေး မင်းက ရှောင်းမျိုးရိုးမဟုတ်လား"

"ဟုတ်..."

"ဒါဆို မင်းအမေနာမည်က?"

~ဒုန်း!~

ရိပေါ် ငြိမ်၍ ကြည့်နေပေမယ့် ကျန်းချန်နဲ့ယန်လီရဲ့စပ်စုမှုကြောင့် ရှောင်းကျန့် ငိုနေရပြီ ဒါကြောင့် စားပွဲခုံကိုတစ်ချက်ထုကာ

"မင်းတို့ဘာဖြစ်နေတာလဲ ဟိုမှာဒီလောက်ငိုနေတဲ့ကိစ္စကို ထမင်းဝိုင်းမှာ ငိုတာကောင်းတယ်လို့များထင်နေလား! လာ! ရှောင်းကျန့်!"

ရိပေါ် ဆူငေါက်ကာ ရှောင်းကျန့်ကို လက်ဆွဲ၍ အပေါ်ထပ်က သူ့အခန်းထဲသို့ခေါ်သွားသည်။ ယန်လီနဲ့ ကျန်းချန် ကျန်နေခဲ့ပေမယ့် ကျန်းချန်က

"ရှောင်းကျန့်က တွေးကြည့်ရင် တကယ်သနားစရာပဲ အေးလေ သူ့ရဲ့ဒဏ်ရာကို ငါတို့က ထိုးဆွမိသလိုဖြစ်သွားတယ် ဟင်း..."

"မဟုတ်ဘူးကျန်းချန်....ငါ ရှောင်းကျန့်အကြောင်းကို ပိုသိမှ ဖြစ်တော့မယ်"

"ဟမ်? နင်က ဘာကိုပိုသိချင်တာလဲ"

ယန်လီ ကျန်းချန်လက်ကို ဆွဲကိုင်လိုက်ကာ

" ကျန်းချန်"

"ဟေဟေ ဘာဖြစ်တာလဲယန်လီ နင့်ပုံစံက လန့်စရာကောင်းလိုက်တာဟာ"

"ငါ့ကိုကူညီပေးပါလား"

"ဘာကိုကူညီရမှာလဲဟ"

"ရှောင်းကျန့်ရဲ့မိသားစုအကြောင်းကို ငါသိချင်တယ်"

"အဲ ယန်လီ နင်ဘာလို့ သူများprivacyအကြောင်းကို သိချင်နေရတာလဲ စောစောကလည်း တော်ရုံသင့်ရုံ သိပြီးပြီမဟုတ်လား"

"မဟုတ်ဘူးကျန်းချန် ငါ့စိတ်ထဲတစ်မျိုးကြီးခံစားနေရတယ် နင်လည်းသိပါတယ် ငါ့မိသားစုအကြောင်းကို.."

"......? အမ်? နင်ပြောချင်တာက..."

"ငါတို့က ငယ်ပေါင်းကြီးဖော်တွေလေကျန်းချန် နင်သိမှာပါ နင့်အဖေ ငါ့အဖေနဲ့ ရိပေါ်အဖေက သူငယ်ချင်းအရင်းကြီးတွေဆိုတာကို"

"အေးလေ ငါသိတယ်လေ"

"ငါတို့မိသားစုလေး ပြိုကွဲသွားပြီး ငါ့မောင်လေးနဲ့ငါ့မားမားက အိမ်ကနေထွက်သွားတယ် အဲ့နောက်...ငါ့daddyက ငါ့ကိုခေါ်ပြီး ပဲရစ်ကိုထွက်သွားခဲ့တယ်ဆိုတာ"

🌸Mud (နှံ)🌸 [Complete]Where stories live. Discover now