"ဒါမဖြစ်နိုင်ဘူးဆိုတာ ကိုဝသုန်လဲသိနေရဲ့သားနဲ့"

"ဘာလို့မဖြစ်နိုင်တာလဲ ဘာလို့လဲ ကိုယ်က ဘာတွေများဝသာန်ထက်မသာတဲ့နေရာများရှိနေလို့လဲ ဟမ်!"

ကိုဝသုန်က ထောက်ထားတဲ့လက်ကို ပြန်သိမ်းကာ ထိုးဖို့လုပ်တာမို့လို့ မျက်လုံးကိုမှိတ်လိုက်မိသည်

*ခွပ်*

ထိုးလိုက်သံကြားပေမယ့် နှောင်းရဲ့မျက်နှာပေါ် နာကျင်မှုက ရောက်မလာပေ နှောင်းလဲမျက်လုံးဖွင့်ကြည့်လိုက်တော့ နှောင်းရဲ့ဘေးမှာ ရှိနေတဲ့ လက်က ဘေးကနံရံကိုထိုးလိုက်တာမို့ နံရံမှာကော လက်မှာကော သွေးတွေပေနေသည် နှောင်းလဲ လက်ကိုဆွဲကိုင်လိုက်ကာ

"အကို ၀သုန် ဘာလို့ဒီလိုလုပ်တာလဲ ဟင့် သွေးတွေထွက်နေပြီလေ"

နှောင်းရဲ့ကိုဝသုန် အနာကိုကိုင်ကြည့်နေတဲ့လက်တွေကို ပြန်လည်ကိုင်တွယ်လိုက်တော့ လက်လေးကရှောင်ဖယ်သွားသည်

"ကိုယ်မင်းကိုတကယ်ချစ်တယ်ညို စတွေ့ထဲကစိတ်ဝင်စားမိတာပါ အခုတော့သေချာပြီ ကိုယ်မင်းကိုချစ်တယ်"

"အဲ့တာတွေထားလိုက်ပါ ကိုဝသုန်ရယ် လာဆေးသွားထည့်ကြမယ်"

"ညိုကော ကိုယ့်အပေါ် ဘယ်လိုသဘောရလဲ "

"နှောင်းက ကိုဝသုန်ရဲ့ ညီ ရှင်းတုဝသာန်ရဲ့ တရားဝင် ယောင်္ကျားပါ ကိုဝသုန်အခုလိုစိတ်ဖြစ်နေတာ နှောင်းအတွက်အဆင်မပြေနေဘူး ပြီးတော့ နှောင်း က ၀သာန်ကိုပဲချစ်တာပါ"

ထထွက်သွားတဲ့ နှောင်းကိုကြည့်ရင်း ၀သုန် မြတ်ခင်းတွေပေါ် ဒူးထောက်လျက် ကျမိသွားသည် ပြီးတော့နှောင်းကိုကြည့်ကာ

"သူကမချစ်တာတောင် မှလား ညို သူမင်းကိုမချစ်တာတောင် မင်းကချစ်နေသေးတာလား"

နှောင်းလဲ သွားနေရင်းနဲ့ရပ်ကာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး

"သူမချစ်ရင်တောင် နှောင်းက သေအောင်ချစ်တာ သူမောင်းမထုတ်မချင်းသူနဲ့အတူရှိနေမှာပါ"

နှောင်းထွက်သွားတော့ ၀သုန်လဲ မြတ်ခင်းပေါ်ထိုင်ချလိုက်ပြီး...

အချစ်ကခါးသည်Where stories live. Discover now