2

1.4K 44 0
                                    

တော်ပါသေးရဲ့ မနေ့ကနှောင်းနဲ့ ၀သာန်တို့ တစ်ယောက်နဲ့တစ်ယောက် အာသာဖြေယုံလောက်နှင့်သာတော်လိုက်ကြတာမို့တော်သေးတယ် ၀သာန်ကတော့အဲ့ထက်ပိုလိုချင်တယ်ထင်ပါရဲ့ ဒါပေမယ့်နှောင်းကတော့မလိုချင်တာမို့ရပ်ပြစ်လိုက်ရသည်
မနက်မိုးလင်းတော့ အလင်းရောင်မရှိတဲ့အခန်းထဲ ဘယ်ကနေဘယ်လို၀င်လာမှန်းမသိတဲ့နေရောင်ကြောင့် နှောင်းလဲနိုးလာတော့သည် နေ၀င်ရာကိုကြည့်လိုက်တော့ ကြီးမားတဲ့ ၀ရန်တာ နဲ့ ချိတ်ဆွဲထားတဲ့ ပန်းအိုးလေးတွေကတည်ရှိလို့နေသည် ညကမှောင်နေတာမို့ သူသတိမထားမိချင်းဖြစ်သည် သူ့ဘေးကိုကြည့်လိုက်တော့ ၀သာန်ရှိမနေတော့ပါ နှောင်းလဲ ခြေလန့်ဆန့်ပြီး ရေချိုးရန်အခန်းထဲလာခဲ့လိုက်တော့သည်
အခန်းထဲရှိရေချိုးမှန်ပေါ်တွင်

ဟျောင့်အခြောက်ကလေး မင်းလိုချင်တာရပြီဆိုပြီးပြန်ပြေးဖို့မတွေးနဲ့ အောက်ထပ်မှာ မနက်စာပြင်ထားတယ် အခုမှန်ဘေးမှာ သွားတိုက်တံရှိတယ် အင်္ကျီကတော့ ဗီဒိုထဲမှာမင်းကြိုက်ရာယူ၀တ်လိုက် နောက်ရက်မှကျောင်းတက်ရမယ် အခြောက်ကလေးကြားလား

နှောင်းလဲစားကိုဖတ်ပြီးတော့ရေနဲ့ပတ်ကာဖျက်ပြစ်လိုက်တော့သည်

'မင်းကအတော်စိတ်ရှုတ်စရာလေးပဲ'

နှောင်းလဲရေမိုးချိုးကာ ‌ဗီဒိုထဲကတွေ့ရာ အ၀တ်တစ်ထည်ကိုကောက်ဆွတ်ကာ အောက်ဆင်းလာခဲ့တော့သည် နှောင်းနဲ့ ၀သာန်ရဲ့ ခန္ဓာကိုယ်အရွယ်အစားကွာဟမှုကအတော်လေးများသည် ၀သာန်ရဲ့ T shirt တစ်ထည်ကိုကောက်ဆွတ်လာပေမယ့် အောက်ကဘောင်းဘီတောင်မ၀တ်ခဲ့ရ အောက်ခံဘောင်းဘီတစ်ထည်နှင့်သာ ထမင်းစားဖို့ဆင်းလာလိုက်တော့သည်။
နှောင်း သူတို့အိပ်ခန်းတံခါးကိုဖွင့်လိုက်သည်နှင့်အလင်းတန်းများကနေရာယူနေပြီ အိမ်တစ်အိမ်လုံးကရွှေရောင်တွေတစ်ဖိန့်ဖိန့်တောက်နေတယ် လှေကားဟာလဲ မရေမတွက်နိုင်အောင်အထပ်တွေများလွန်းလှသည် သို့သော် ထိုအိမ်ကအရမ်းမြင့်တယ်ဆိုပေမယ့် လှေကားအောက်နဲ့အပေါ် အထပ်သာရှိသည် ပြောမယ်ဆို နှစ်ထပ်တိုက်ပေါ့ သူတို့အိပ်ခန်းက အပေါ်ထပ်မှာဖြစ်ပြီး ဟိုးဒေါင့်ဆုံးမှာနေရာယူထားတာဖြစ်တယ် သူ့အခန်းဘေးမှာတော့ စာကြည့်တိုက်၊အ၀တ်လဲခန်း၊အိပ်ခန်း၊bar၊ကစားကွင်း၊ရေကူးကန် အိုအများကြီးပဲ သူလိုက်တောင်မကြည့်နိုင်ဘူး ထိုအခန်းတွေက လှေကားကိုဝိုင်းထားသလိုမျိုးတည်ဆောက်ထားတာ ဒီလိုအနေအထားမျိုးကိုကြည့်တာနဲ့ ၀သာန်ရဲ့ အနေအထားကိုခံမှန်းလို့ရနိုင်ပါပြီ

အချစ်ကခါးသည်Where stories live. Discover now