အပိုင်း (၄) ရေပူကျွန်း

Start from the beginning
                                    

" မနက်ဖြန် ဖောင်ဖြစ်ဖြစ်လုပ်ဖို့ လိုအပ်တာတွေလိုက်ရှာပြီးစုထားတော့မယ်။"

" ဟင် ဘာလို့လဲ မင်းပြောတော့ ရာသီဥတုအခြေအနေက သိပ်မဆင်မပြေသေးဘူးဆို။"

" ပြေတာနဲ့ တန်းထွက်လို့ရအောင် အခုထဲကကြိုလုပ်ထားမှဖြစ်မယ်လေ။"

" ဟုတ်သားပဲ ချက်ချင်းလုပ်ချက်ချင်းရတဲ့ကိစ္စမှမဟုတ်တာ။ဒါနဲ့ ဒီပတ်ဝန်းကျင်မှာ တစ်ခြားလူနေတဲ့ ကျွန်းများရှိအုံးမလားမသိဘူးနော်။ "

" မပြောတက်ဘူး နောက်ရက်ကျ နေရာမြင့်မြင့်ပေါ်တက်ပြီး ဒီပင်လယ်ပြင်တစ်၀ိုက်ကို ကျွန်တော်ကြည့်အုံးမယ်။"

ပင်လယ်လေပြေတွေကအေးစိမ့်လာသည်မို့ ခဏအကြာတွင်တော့ သူတို့ပြင်ဆင်ထားသည့် တဲစုတ်ကလေးထဲဝင်ကာ အိပ်စက်လိုက်ကြတော့သည်။

တဲ၏ဟိုဘက်ထောင့်စွန်း ဒီဘက်ထောင့်စွန်းတွင် နှစ်ယောက်သားအိပ်နေကြတာဖြစ်ပြီး အလယ်ကြားတွင်နေရာကလွတ်လပ်လို့နေသည်။

******

နေရောင်ခြည်အလင်းတန်း ကမ္ဘာမြေပေါ်ကျရောက်လာချိန်တွင်တော့ နှစ်ယောက်လုံးနိုးလာကြသည်။

အပြင်ဘက်မှလူသံတွေကြားတာကြောင့် နှစ်ယောက်သားတစ်ယောက်မျက်နှာတစ်ယောက်စိုက်ကြည့်လိုက်ကြသည်။

" ငါတို့ကိုရှာတဲ့သူရောက်လာကြပြီထင်တယ်"
ပြောရင်း နှစ်ယောက်လုံးအပြင်ထွက်ကြည့်ကြသည်။

သို့ပေမဲ့ သူတို့သိတဲ့လူတွေတစ်ယောက်မှမပါပဲ မျက်နှာစိမ်းတွေဖြစ်နေသည်။

ထိုလူကြီး ၃ယောက်က ထိန်ယံလင်းတို့ကိုကြည့်ရင်း
" အိုး တကယ်ပဲလူတွေရှိနေတာပဲ။ ဟုတ်မှဟုတ်ပါ့မလား ငါတို့လာကြည့်ကြတာ"

" ဦးလေးတို့က ဘယ်သူတွေလဲ။"

" ဦးလေးတို့က ဟိုးဘက်ကရေပူကျွန်းလေးက။မင်းတို့ကဒီမှာဘာလုပ်နေကြတာလဲကွဲ့"

ဇိုင်းမြတ်မဟာမောင်က ရှေ့တိုးရင်းဖြေသည်။
"ကျွန်တော်တို့မုန်တိုင်းမိပြီး ဒီကျွန်းပေါ်ရောက်လာတာ။လာရှာမဲ့သူတွေစောင့်နေရင်း ဦးလေးတို့ရောက်လာတာပဲ"

You Are My Happiness Where stories live. Discover now