အပိုင်း (၄) ရေပူကျွန်း

Magsimula sa umpisa
                                    

" မလိုဘူး ခင်ဗျားစေတနာကိုစိတ်ထဲထားလိုက်..."

ထိန်ယံလင်းက ဇိုင်းမြတ်မဟာမောင်လက်ကိုဆွဲယူပြီး နာရီကိုပတ်ပေးသည်။
ဇိုင်းကရုန်းတော့
" ငြိမ်ငြိမ်နေပါ။ ဒီလိုနာရီမျိုးတွေကငါ့မှာ အများကြီးရှိတယ်။ ဘာမှဝန်လေးမနေနဲ့ ငါ့စေတနာကိုအသိအမှတ်ပြုပေးပါ။ မဟုတ်ရင် အားနာပြီး နေရခက်တယ်ကွ။"

နာရီပတ်ပေးပြီးတော့ ထိန်ယံလင်းကပြုံးသည်။
" မင်းနဲ့လိုက်သားပဲ မိုက်တယ်။"

ဇိုင်းကပြန်ဆွဲဖြုတ်မယ်လုပ်တော့ တားရပြန်သည်။
" ဒီတိုင်းထားလိုက်ပါတော့ ဘာလို့ခေါင်းမာရတာလဲ။ ကတိသက်သေပါဆို
ဒီလိုလုပ် မင်းလည်းငါ့ကိုတစ်ခုခုသက်သေအနေနဲ့ ပြန်ပေးထားလိုက်။"

ဇိုင်းမြတ်မဟာမောင် သူ့ကိုယ်သူပြန်ငုံ့ကြည့်ရင်း လည်ပင်းကဆွဲကြိုးလေးကိုလက်ဖြင့်စမ်းလိုက်သည်။
လောလောဆယ် သူ့တွင်ရှိသော တစ်ခုတည်းသောပစ္စည်းလေး။

ထိုပစ္စည်းအား မည်သူ့ကိုမှမပေးနိုင်ပါ။ သူ့အမေနောက်ဆုံးပေးထားခဲ့သည်။
ဆင်စွယ်အစစ်လေးဖြစ်သည်။ ဆင်စွယ် ထိပ်ပိုင်းတွင် ငွေဖြင့်လက်ရာမြောက်လှစွာအနားကွတ်ထားသေးသည်။

" ကျွန်တော့်မှာ ဒီဆွဲကြိုးပဲရှိတယ်။ကျွန်တော်တန်ဖိုးအထားရဆုံးပစ္စည်းဆိုတော့ ခင်ဗျားကိုမပေးနိုင်ဘူး။"

" အဲ့ဒါ​ဆိုရှင်းနေတာပဲ မပေးနဲ့လေ ငါ့ပစ္စည်းကိုသာလက်ခံထားလိုက် ကျေးဇူးရှင်ကြီး။ တကယ်ပြောနေတာ မင်းကငါ့ကျေးဇူးရှင်ပဲဟာ ဘာမှထပ်မတွေးနေနဲ့တော့...။"

" ဟုတ်ပြီ ... အခုခဏယူထားမယ်။ ကျွန်တော်တို့မြို့ပေါ်ပြန်ရောက်ရင်း ခင်ဗျားပြန်ယူရမယ်"

" ဟူး ခေါင်းမာချက်ကတော့။ငါကပေးပြီးရင်ပြန်မယူတက်ဘူး ဝန်လေးမနေပါနဲ့ဆို "

ထို့နောက်စကား၀ိုင်းလေး ခဏလတ်စသတ်ပြီး ညစာစားဖို့ပြင်ဆင်လိုက်ကြသည်။ထွေထွေထူးထူးဟင်းလျာကောင်းများမဟုတ်သော်လည်း အသက်ဆက်ရှင်ရန်အတွက်တော့ ကြိုက်ကြိုက်မကြိုက်ကြိုက်စားရအုံးမှာဖြစ်သည်။

You Are My Happiness Tahanan ng mga kuwento. Tumuklas ngayon