Part-3

80 9 1
                                    

ဒီနေ့နဲ့ဆို Jungwon တစ်ယောက် သူ့ဖိုးဖိုးတို့နဲ့ အတူနေတာ ၅ရက်ပြည့်ပြီ မနက်ဖြန်ဆိုရင်ဘဲ သူ ကျောင်းတက်ရတော့မယ်လေ
Sunoo:Jungwon​ရေ Jungwon
Jungwonလည်း ကုတင်ပေါ်မှာ တွေးစစနဲ့ ဟိုတွေးသည်တွေး တွေးနေရင်း Sunooခေါ်သံကြားရ၏။
Jungwon:ဝင်ခဲ့လေ Sunoo Hyung...... lockမချထားဘူး
Sunooလည်း အထဲက အသံကြားမှ တံခါးအား ဖြေးဖြေးချင်းဖွင့်ကာ
Sunoo:အော် ဟုတ်သားဘဲ
Sunoo:ဒါနဲ့ ဘာဖြစ်နေတာလဲ ပျော်ပျော်နေစမ်းပါကွာ
Jungwon:ဟုတ်ကဲ့ Hyung ကျွန်တော်လေ Jay Hyungကို ဖုန်းခေါ်တာ မကိုင်ဘူးဖြစ်နေတယ်
Sunoo:သူ မအားလို့နေမှာပါ Jungwonရဲ့
Sunoo:အခု ထပ်ခေါ်မလား ခေါ်ကြည့်လေ
Jungwon:ဟုတ် ခေါ်ကြည့်လိုက်မယ်နော် Hyung
Jungwonလည်း ခေါ်ကြည့်မလို့ ဖုန်းဖွင့်ပေမယ့် powerပိတ်နေတဲ့ ဖုန်းကြောင့် ငိုပါငိုချင်သွားရသည်။
Sunoo:ဘာဖြစ်လို့လဲ... မငိုနဲ့နော်..... တော်ကြာ ငါက အနိုင့်ကျင့်တယ် ထင်ကုန်ကြမယ်
Jungwon:ဟင့်...ဖုန်းက..ပါဝါပိတ်သွားပြီ
Sunoo:အော် အဲ့ဒါ ငိုစရာမဟုတ်ဘူးလေ ငါ့ဖုန်းပေးမယ် ဆက်ကြည့် ခဏ
ဟု ဆိုကာ သူ့ဖုန်းအား သွားယူတဲ့ Sunoo
Sunoo:ရော့ ရပြီ ဆက်ကြည့်
Jungwon:ကျေးဇူး Hyung ဒါပေမယ့် ကျွန်တော်က ဖုန်းနံပါတ် အလွတ်မရဘူး
Sunoo:ဟော......အဲ့ဒါဆို အားသွင်းလိုက်
Jungwon:သွင်းထားလိုက်ပြီ Hyung ဒါနဲ့ ကျေးဇူးနော်
Sunoo:ဟင်မ်........အော်....အေး..ရပါတယ် ဒါနဲ့ Jungwon ငါလေ မင်းကို ကြည့်ကြည့်နေတာ မင်းကလေ စာလုပ်ရင်လုပ် မလုပ်နေရင် အဲ့လက်ပတ်လေးကို ကိုင်လိုက်ကြည့်လိုက်ဘဲ လုပ်နေတာနော်
Jungwon:အော် ဒါကလား ဒါက ကျွန်တော်နဲ့Jay Hyungရဲ့ ဆင်တူ လက်ပတ်လေ သူလုပ်ပေးတာဆိုလည်း ဟုတ်တယ်လေ
Sunoo:အော် အဲ့ဒါကြောင့်ကိုး

သူတို့၂ယောက် စကားပြောနေကြတုန်း ရုတ်တရက် စားပွဲပေါ်မှာ အားသွင်းထားတဲ့ ဖုန်းက ရုတ်တရပ် ထပေါက်ကွဲတော့၏။
Sunoo:Omo
Jungwon:ကျွန်တော့်ဖုန်း
Sunoo:မကိုင်နဲ့ Jungwon
Sunooပြောနေတဲ့ကြားက ကိုင်ဖို့လုပ်နေတဲ့ Jungwonကြောင့် Sunooလည်းJungwonအား ဖက်ထားရင်း
Sunoo:Mamaရေ!Aunty Maria လာပါအုံး
Hana:လာပြီ သားရေ
Maria:ဘာဖြစ်တာလဲ Wonie
Jungwon:Omma
Mariaလည်းSunooလက်ထဲမှ Jungwonအား ဆွဲယူကာ ဖက်လိုက်ရင်း
Jungwon:သားဖုန်းက အသံဖောင်းကနဲမြည်သွားတယ် Omma
Mariaလည်း ပင်မMainအား ချဖို့အလုပ် Hanaနဲ့ လက်ချင်းဆုံသွားမိတယ်
Hana:ငါ ကြည့်လိုက်မယ် ခလေးကို သေချာချော့လိုက်
Sunoo:Mama..ဘာဖြစ်တာလဲဟင်
Hana:ရုတ်တရက် မီးအားအရမ်းများပြီး ပေါက်သွားတာ
Jungwon:ပြင်ရင် ပြန်ကောင်းမှာလား Aunty Hana
Hana:အင်မ်.......မရလောက်ဘူး ထင်တယ် Wonieလေး
Mariaလည်း Jungwonအား ဖတ်ထားရင်းနဲ့ပင်
Maria:ခဏပေး....ကြည့်ရအောင်
Hana:ရော့....... လောင်သွားတာ တွေ့လား
Maria:ဟုတ်သားဘဲ ......Wonie တွေ့လား သားသား အောက်ဘက်က လောင်သွားတာ
Jungwon:အဲ့ဒါဆိုရင် သားရဲ့ဖုန်းကိုင်မရတော့ဘူးပေါ့
ဟု ဆိုကာ ငိုလာသော Jungwon
Maria:Wonieလေး မငိုရဘူးလေ
Sunoo:မငိုနဲ့နော် Jungwon ငါ့ဖုန်းကို သုံးလေ
Maria:ဖုန်းအသစ် ဝယ်ပေးမယ်လေ Wonieလေးရဲ့
Jungwon:ဟင့်...Jay..Jay Hyung ရဲ့ ဖုန်းနံပါတ်
Maria:သား Hyungရဲ့ ဖုန်းနံပါတ်လား Omma ပြန်စုံစမ်းပေးမှာပေါ့ မငိုရဘူးလေ Wonieရဲ့
Sunoo:တိတ် တိတ် မငိုနဲ့နော်

The Red spider lily's Theory Where stories live. Discover now