Part-1

228 5 3
                                    

Jungwon တစ်ယောက် ဒီနေ့မှာလည်း အဖော်မပါဘဲ တစ်ယောက်တည်း ကျောင်းသွားရပြန်တယ် ဒါပေမယ့် Jungwon မသွားချင်ခဲ့ဘူး သူတို့နဲ့များတွေ့ခဲ့ရင်ဆိုတဲ့ အတွေးနဲ့ပေါ့...........
ကံကြမ္မာကြီးက jungwon အပေါ်ရက်စက်တယ် သူကြောက်တဲ့အရာတွေနဲ့ဘဲ ထပ်မံပြီး ဆုံတွေ့စေတယ်
သူ kim jinyoungတို့အဖွဲ့ကို ရှောင်သွားသော်လည်း
Kim jinyoung:ဟေး ငါ့ကောင်တွေ ဘယ်သူလေးလဲ ကြည့်လိုက်ပါအုံးကွာ
Oh yeonsang:ငါ့တို့ရဲ့အရုပ်လေးဘဲ ဒီနေ့နောက်ကျတယ်နော် အရုပ်လေး
Lee minjun:မေးတာတောင် မဖြေတော့ဘူးဘဲ ကြည့်ရတာ မတွေ့တာကြာတော့ ငါ့တို့အကြောင်းမေ့သွားပုံဘဲ
Kim jinyoung:သတိပြန်ရသွားအောင် လုပ်ပေးရမှာပေါ့ ဟားဟားဟား
Jungwonလည်း ထိုနေရာကနေ အမြန်ထွက်ပြေးခဲ့ရသည်။
တစ်ဖက်တွင်လည်း
Lee minjun:လွှတ်ထားလိုက် ညနေကျောင်းဆင်းမှဘဲ ပျော်ကြတာပေါ့ လာ......
ဆိုပြီး သူတို့ကျောင်းထဲကို ပြန်ဝင်သွားတဲ့ jinyoung တို့အုပ်စု

Jungwonတစ်ယောက် စာသင်နေရင်း အတွေးထဲတွင်လည်း ညနေကျရင် ဘယ်လိုပြန်ရမလဲ လို့ တွေးပူမိနေတော့တယ်

Time skip

ညနေကျောင်းဆင်းချိန်

Lee minjun:ဟေ့ အရုပ်ကလေး
ဆိုပြီး သူ့ရှေ့ကပိတ်ရပ်လိုက်တဲ့ minjunကြောင့် နောက်လှည့်ကာပြေးဖို့အလုပ်
Kim jinyoung:လက်ဆောင်ပါတယ် အရုပ်လေးရဲ့ ယူမလား
ဆိုပြီးတော့ ပါလာတဲ့ baseballရိုက်တံနဲ့ တချက် ခြေထောက်ကိုရိုက်လိုက်တယ် ထိုအခါမှာ ဒူးထောက်လျက်သားဖြစ်သွားတဲ့ jungwon
Oh yeonsang:ငါ့မှာ ဒါကိုမနည်းဖန်တီးလာရတာ မင်းသိလား အထူးစပါယ်ရှယ်လေ
ဆိုပြီး knuckles ကို သူ့လက်ချောင်းတွေနဲ့အံဝင်ခွင်ကျဖြစ်အောင် လုပ်လိုက်တယ်
ထို့နောက်
?:ဟေ့ကောင်တွေ ရပ်လိုက်စမ်း မင်းတို့အခုလုပ်နေတဲ့ လုပ်ရပ်တွေကို ဒီဖုန်းနဲ့မှတ်တမ်းတင်ထားတယ်ကွ
Lee minjun:Shit!ဘယ်ကကောင်လဲကွာ jinyoungတချက်လောက် ခေါ်ခဲ့စမ်းကွာ
Kim jinyoung:နောက်ထပ်အရုပ်လေးတရုပ်ဘဲ
ဆိုပြီး သွားလိုက်တဲ့ jinyoung
Jinyoungနဲ့ သူသေကိုယ်သေ fightနေတဲ့ထိုလူ
နောက်ဆုံး သူဟာjinyoungကို အမှောက်သိပ်ပြီးတာနဲ့ yeonsungဆီသို့ jungwonလည်း ထိုလူအား တုန်ယင်နေတဲ့အသံလေးနဲ့ဘဲ
Jungwon:သတိထား သူ့မှာknucklesပါတယ်
သတိပေးလိုက်ပေမယ့် ထိုလူကတော့ တချက်ပြုံးကာ သူ့လက်အားပြ၏
ထိုအခါမှဘဲ သူသတိထားမိသည်က ထိုသူ့လက်ထဲတွင်လည်း knucklesနဲ့ ထိုသူကyeonsungအား အမြန်ဖြတ်ကျော်ကာပင် သူ့ကို ချုပ်ထားတဲ့ minjunနားရောက်တော့ minjunလည်း ကြောက်အားလန့်အားနဲ့ jungwonကိုချုပ်ထားရာမှ အမြန်ထွက်ပြေးသွားတော့တယ်။
နာကျင်နေတဲ့ခြေထောက်ကြောင့် လဲကျမလိုဖြစ်နေတဲ့ jungwonအား ထိုသူက ထိန်းကိုင်ရင်း
?:ရရဲ့လား ကလေးလေး
Jungwon:ဟုတ်ကဲ့
?:တော်တော်နာနေပုံဘဲ ညိုမဲနေတာဘဲ
Jungwon:ကျွန်တော် မသိဘူးဗျ
?:ဟမ်....အော်...ထားပါ လာ Hyungကျောပေါ်တက် ကလေးလေး
ဆိုပြီး သူ့knucklesအားချွတ်ကာ လွယ်အိတ်ထဲထည့်နေလေရဲ့
?:လာလေ ကလေးလေးရဲ့ Hyungက အိမ်ထိ သေချာလိုက်ပို့ပေးမှာမလို့ မကြောက်နဲ့နော်
Jungwon:ကျေးဇူးပါ Hyung

The Red spider lily's Theory Où les histoires vivent. Découvrez maintenant