◾37◾(The Final)

5.6K 351 41
                                    

(Unicode)

ယနေ့ ညနေခင်းကောင်းကင်ယံဟာ တိမ်ကင်းစင်၍ ကြည်လင်နေ၏။ နေဝင်ခါနီးအချိန်မို့ ပတ်ဝန်းကျင် အရောင်အဆင်းက လှပနေကာ နွေးထွေးသော ခံစားချက်ရနေသည်။

ယခုလို ကောင်းမွန်တဲ့ အနေအထားတွေကြား တောက်ပသောအပြုံးလေးနဲ့ လူတွေကို ပြုံးရွှင်စွာ နှုတ်ဆက်နေသော ထယ်ယောင်းလည်း အပါအဝင်။

ထယ်ယောင်းဟာ ငွေရောင် accessory များနှင့် အလှဆင်ထားသော Long coat အနက်ရောင်ကို ဝတ်ထားတာကြောင့် လူကြီးလူကောင်းတစ်ယောက်လို ကြည့်ကောင်းလွန်းလှပေမယ့် ဖော်ဖော်ရွေရွေ လိုက်ပြုံးပြနေတဲ့ အပြုံးလေးကြောင့် ချစ်စရာကောင်းခြင်းတွေက ပိုမို စိုးမိုးနေသယောင်။

ဇာတ်ကားတစ်ပုဒ်ထဲနဲ့ အနုပညာလောကတွင် ချက်ချင်း လူချစ်လူခင်ပေါစေကာ ရင်းနှီးတဲ့သူတွေ အများကြီးရအောင် ထယ်ယောင်း ဘယ်လိုလုပ်လိုက်လဲတော့ ဂျောင်ဂုမသိ။

လောလောဆယ် မိမိအနားမှာ မနေဘဲ လူတိုင်းကို ပတ်နှုတ်ဆက်နေသော ထယ်ယောင်းကို စိတ်အနည်းငယ်ဆိုးမိပါသည်။

ဂျောင်ဂု ထယ်ယောင်းလုပ်သမျှကို ဝီစကီခွက်လေးကိုင်ကာ ရပ်ကြည့်နေပါသော်လည်း အခုလို ရပ်ကြည့်နေရုံနဲ့ ထယ်ယောင်းဟာ မိမိနား လာမည့်အရိပ်အယောင်မပေါ်။

ထို့ကြောင့် လက်ထဲက ဝီစကီခွက်ကို စားပွဲပေါ်ချလိုက်ကာ ထယ်ယောင်း ရှိရာကို တစ်လှမ်းချင်း လှမ်းလာလေတော့သည်။

ဂျောင်ဂုဟာ အထဲက အင်္ကျီလည်ပိတ်အနက်နှင့်အတူ ကုတ်အင်္ကျီကလည်း အနက်မို့ ဖြူဖွေးဖွေးအသားအရည်က ပိုမိုထင်ဟပ်ကာ အလွန်ကြည့်ကောင်းလှသည်။ ထို့ပြင် ဘောင်းဘီအနက်ပေါ်တွင် ငွေရောင်ခါးပတ်လေးရှိပြီး ထယ်ယောင်း long coat ပေါ်က ငွေမျှင်ရောင်ကြိုးလေးနဲ့ဆင်တူ ဂျောင်ဂုခါးပတ်တွင်လည်း ငွေမျှင်ရောင်ကြိုးလေးပါရှိ၏။

ဂျောင်ဂုခြေတစ်လှမ်းလှမ်းလိုက်တိုင်း ဘေးနားကလူတွေ ငေးကြည့်ရလောက်အောင် ဆွဲဆောင်မှုရှိလွန်းပြီး ငြိမ်သက်သွားရလောက်အောင် ဩဇာအရှိန်အဝါကြီးလှသည်။

ဂျောင်ဂုကတော့ တခြားဘာကိုမှ မကြည့်ဘဲ ‌ထယ်ယောင်းဆီကိုသာ တည့်တည့်ဦးတည်နေလျက်။ အနားရောက်မှ ထယ်ယောင်းခါးလေးကို အနောက်မှ အသာလေးဖက်လိုက်ရာ ထယ်ယောင်းကိုယ်လုံးလေး တုန်ခနဲဖြစ်သွားပြီး အလန့်တကြားမော့ကြည့်လာလေသည်။

You Fill My Heart [Completed]Opowieści tętniące życiem. Odkryj je teraz