''မမ ဧည့်သည်ရောက်နေတယ် ကြိုတော်ချိန်းမထားဘူးတဲ့''

''ဘယ်သူတဲ့လဲ''

''နာမည်တော့မပြောဘူး မိန်းကလေးပဲ''

''အင်း မမ လာခဲ့မယ်''

ဆိုယွန်းအပြင်ထွက်ခဲ့တော့..

မီယွန်း....

အပြင်မှာ စောင့်နေတာ မီယွန်း....
မီယွန်းက မော့ကြည့်တယ်။
ဆိုယွန်းကို မြင်တာနဲ့ မျက်ရည်တွေက အိခနဲကျလာပြီး မတ်တပ်ထရပ်တယ်။
ဆိုယွန်း မီယွန်းဆီသွားပြီး ဖက်လိုက်တော့

''ဆိုယွန်း ဆိုယွန်းမလားဟင်
တကယ်ပဲဆိုယွန်းပေါ့ ''

တတွတ်တွတ်မေးရင်း ဆိုယွန်းမျက်နှာကို စိုက်ကြည့်ပြီး ငိုတယ်။

''လာ အခန်းထဲလိုက်ခဲ့''

မီယွန်းကို အခန်းထဲခေါ်ခဲ့ပြီး
နှစ်ယောက်သားဖက်ငိုကြတယ်။

''တောင်းပန်ပါတယ် မီယွန်းရယ်
ငါ ငါလေ.. နင့်ကိုလည်း မပြောနိုင်ခဲ့ဘူး''

''မဟုတ်တာ ဆိုယွန်းရယ် ငါနားလည်ပါတယ် နင်ဘယ်လိုခံစားရမလဲ ငါနားလည်ပါတယ် ''

''နင် ဒီကိုဘယ်လို''

''ဘာဒါnimပြောလို့လေ
ငါ့မှာ နောက်ဆုံးတော့ သူရူးသွားပြီကိုးလို့​တောင်တွေးလိုက်သေးတာ''

''သူလာသွားတယ်လေ
နောက်ဆုံးတော့ သူရှာတွေ့သွားတာပေါ့
ငါ သူ့ဆီက ပုန်းလို့ကို မလွတ်နိုင်တော့ဘူးထင်ပါတယ်''

''ဆိုယွန်းရယ် ''

အဲလိုနဲ့ မီယွန်းကို အိမ်ခေါ်သွားတော့
သားအကြောင်းကို မြင်မှသိတယ်။ သူပြောပြလိုက်မယ်ထင်တာ ဘာမှမပြောလိုက်ဘူးထင်တယ်။

''ဟယ် သားလေးက ချစ်စရာလေး
ဘယ်သူ့သားလေးလဲ''

''ငါ့သားလေ''

''ဟင်''

သားကို ချီပြီး အိမ်ထဲဝင်ခဲ့ပြီး အန်တီတို့နဲ့လည်း မိတ်ဆက်ပေးတော့

''ဘာဒါပြောပြလိုက်တာလား''

အန်တီကမေးတယ်။
မီယွန်းက

''ဟုတ် ဘာဒါnimပြောလို့သိတာပါ အန်တီ''

''အေးပါကွယ် သူလည်းမပြန်ချင်ပြန်ချင် ပြန်သွားရတာ ကလေးကလည်း သူ့ကိုအရမ်းကပ်လို့ ရောက်တဲ့နေ့တွေက အေးအေးဆေးဆေးကို မနေရဘူး တနေကုန်ကလေးထိန်းနေရတာလေ''

ချစ်မိသော ပင်လယ် حيث تعيش القصص. اكتشف الآن