"ကလေး...မင်း ကိုယ့်ကို..." တကယ်ချစ်ရဲ့လား၊ ဒါပေမယ့် လော့ကျန်းပေ့မမေးလိုက်ပေ၊ဒါက သူ့ရင်ထဲ အစိုင်အခဲလိုဖြစ်နေတုန်းပင်၊ကလေးငယ်က သူ့ကိုချစ်တယ်ပြောပေမယ့် ကလေးငယ်ရဲ့ချစ်တယ်ဆိုတာ သူချစ်သလိုမဟုတ်ဘူးလို့ အမြဲတစေသံသယဝင်မိသည်၊

ကလေးငယ်ကတော့ သူ့လိုမျိုး သဝန်တိုတက်လား၊ကျန်းအိမ်သားတွေ သူ့နားကပ်ရင်တော့ ကလေးငယ်ရဲ့မျက်နှာပေါ်မှာ မကျေနပ်မှုတွေရှိနေတတ်ပေမယ့် အဲ့တာက သူ့ကိုချစ်လို့ သဝန်တိုတာလား သူမပြောနိုင်ပေ၊စမ်းသပ်ဖို့လည်း သူတစ်ခါမှ မစဉ်းစားဖူးပေ၊

အခုလည်း အခြားကောင်လေးရင်ခွင်ထဲရောက်သွားတဲ့က​လေးငယ်ကိုကြည့်ရင်း သူဒေါသကထိန်းမနိုင်ပေ၊ကလေးငယ်ကို အခြားမိန်းမတစ်ယောက်ဖြစ်စေ၊ယောက်ျားတစ်ယောက်ဖြစ်စေ ထိလိုက်တာကိုမြင်ရချိန်မှာ သူ့စိတ်တွေက အဆင်မပြေသည်ကိုသတိထားမိလိုက်သည်၊သူက စိတ်ထိန်းမြန်သည်ဟု ကိုယ့်ကိုယ်ကိုယ်တွေးခဲ့သော်လည်း ထိုအချိန်မှာ ထိုကောင်လေးရင်ခွင်ထဲက သူ့ကလေးရဲ့ကိုယ်ကို ဆွဲယူချင်စိတ်သာပေါက်နေသည်၊

ပိုဆိုးတာက လီအိမ်သားက သူ့ကလေးအပေါ်ခံစားချက်ရှိနေသယောင်ပင်၊

"ကိုယ့်ကို ချစ်လား ကလေးငယ်" လော့ကျန်းပေ့တစ်ယောက် လော့ရှန်ဟွာရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲထည့်ကာတင်းကြပ်စွာပွေ့ဖက်ရင်း လော့ရှန်ဟွာနားနားကပ်ကာပြောလိုက်သည်၊

အပြောစကားသာဖြစ်ပြီး ကလေးငယ်ဆီက ပြန်မကြားချင်ပေ၊ဒါကြောင့် လော့ရှန်ဟွာရဲ့မေးရိုးကို ကိုင်လိုက်ပြီး နူးညံ့တဲ့နူတ်ခမ်းလေးကို ဖွဖွလေးနမ်းလိုက်သည်၊ထို့နောက်မှာတော့ နူတ်ခမ်းဟကြားထဲ သူ့လျှာထည့်သွင်းရင်း တပ်မက်စွာနမ်းလိုက်သည်၊

တစ်အောင့်အကြာမှာတော့ အောက်နူတ်ခမ်းလေးကို ဖွဖွလေးကိုက်လိုက်ပြီး နှစ်ယောက်လုံး အသက်ကိုခပ်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက်မှာ လော့ကျန်းပေ့က လော့ရှန်ဟွာရဲ့နူတ်ခမ်းလေးများကို နောက်တစ်ကြိမ်ကျူးကျော်လာတော့သည်၊

လော့ရှန်ဟွာ အသက်ရှူရတာတောင် မဝသေးချိန်မှာ လော့ကျန်းပေ့က နောက်တစ်ကြိမ်နမ်းလာပြန်တော့သည်၊ဒါကြောင့် လော့ကျန်းပေ့ရဲ့ကော်လာအင်္ကျီနားကို ဆုပ်ကိုင်ရင်း သူလည်း အနမ်းမှာပြန်လည်ပျော်ဝင်သွားတော့သည်၊

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလားWhere stories live. Discover now