"အင်း အင်း... အခုတော့ နည်းနည်း စားရအောင်နော်"

ကိုရိန်း လက်မောင်းကနေ ဆွဲကာ ဆိုင်အနားကို ခေါ်လာတော့ အနောက်ကနေ သက်ပြင်းချလို့ ပါလာ ပါသည်။

"အဒေါ်ကြီး သုံးခုပေးပါ"

‌ငါးပေါင်မုန့် ပူပူလေးကို တစ်ကိုက်စားပြီး ကိုရိန်းကိုလည်း တစ်ခုပေးလိုက်ပါသည်။

"ဒီညနေ ဆရာ့ အတန်းချိန် မရှိလို့ ကစားကွင်း သွားရအောင်နော်... နော်လို့ ကိုရိန်း"

ပေါင်မုန့်ကို ဝါးနေရင်းက ပြောတော့ မျက်ခုံးပင့်လို့ လှမ်းကြည့်ပါသည်။

"အခုပဲ ဒါစားမယ်ဆိုလို့ ကျွေးပြီးပြီလေ။ ထပ်ပြီး ကစားကွင်းလား"

"ဆရာက ဒီနေ့ပဲ ပိတ်ပေးတာကို... မင်းက လိုက်မပို့ပေးချင်ဘူးလား"

"မင်းနဲ့တော့ ငါ့ပိုက်ဆံပဲ ဖြုန်းနေတာပဲ"

ကိုရိန်းကြီးက ပေါင်မုန့်ကို ဝါးရင်း ရယ်နေပါတော့သည်။ လိုက်မပို့ပေးတာလည်း မဟုတ်ဘဲ သက်သက်မဲ့ ဟန်လုပ်နေခြင်း...

ဒီနေ့ ကိုရိန်းရဲ့ ပြိုင်ပွဲကြောင့် ညနေဘက် အင်္ဂလိပ် ဘာသာစကားသင်တန်းအတွက် ဆရာက ပိတ်ပေးထားပါသည်။ အခွင့်အရေးရတုန်း ကစားကွင်းသွားရန်သာ ဖြစ်သည်။

.

.

ပိတ်ရက်ဖြစ်သည်မို့ ကစားကွင်းမှာ လူများလွန်းပါသည်။ ကိုရိန်းက ဘေးကနေ တောက်လျှောက် ပါလာပြီး သွားချင်သည့် နေရာတိုင်းကို အတူတူ လိုက်ပေးသည်။

Roller coaster စီးရတာမျိုးကို ကိုရိန်းက မကြိုက်ပေမယ့်လည်း အတူတူ လိုက်စီးရှာ‌ပါသည်။ ရေခဲမုန့်လေး‌တော့ ကျွန်တော့်ဘက်က တာဝန်သိစိတ်လေးနဲ့ ပြန်ကျွေးဖြစ်ပါသည်။

ကစားကွင်းထဲမှာ ဓာတ်ပုံဆိုင်လေးလည်း ရှိပါသေးသည်။ ကိုရိန်းကို ဆွဲခေါ်လို့ ဓာတ်ပုံ အတူတူ ရိုက်ကြပါသည်။ ရလာသည့် ပုံတွေကို နှစ်ယောက်ခွဲလို့ ယူရင်း ပျော်စရာနေ့ရက်ကလေး ဖြစ်နေပါတော့သည်။

"ကိုရိန်း ဒါကို စီးရအောင်"

ကောင်းကင်ပေါ်မှာ အဝိုင်းပြား အကြီးကြီး လည်နေသည်မို့ လှမ်းကြည့်ရင်းက ကိုရိန်းရဲ့ ပုခုံးကို ဖက်ကာ မေးလိုက်မိသည်။

Kissing In The Moonlight [Completed]Opowieści tętniące życiem. Odkryj je teraz