စျေးအနည်းဆုံး I Phone [ဈေးအနည်းဆုံး I Phone]

322 47 2
                                    


"အယ် အကိုလေး စိုင်းလိတ် ဘယ်လိုလုပ်ပြန်လာတာလဲ"

ရုတ်တရက်ကြီး အိမ်ပြန်ရောက်လာတဲ့ စိုင်းလိတ်နောင်ကို
အိမ်သန်ရှင်းရေးလုပ်နေတဲ့ ကောင်မလေးကမေးသည်။

" ကိစ္စလးရှိလို့ .. ဒါနဲ့ လရောင်ရော ဘယ်မှာလဲ"

အိမ်ထဲကို ခေါင်းလည်ထွက်မတက် လိုက်ကြည့်ရင်း စိုင်းလိတ် မေးနေသည်။

"လရောင်က ဘုရားပန်းလဲဖို့ လုပ်နေတယ်နဲ့တူတယ် အကိုလေး"

"ဟုတ်လား"

လရောင် ဘယ်မှာရှိလဲ သိတာနဲ့ လွယ်အိတ်ကို ကောင်မလေး
အား လှမ်းပေးပြီး စိုင်းလိတ် က ဘုရားခန်းဆီ သွားသည်။
သူအမြဲတွေးမိတာက လရောင်ကို အပြင်ထွက်လည်ခိုင်းဖို့ပဲ။ ဒီနေ့တော့ အဲဒီအတွေးကို အကောင်အထည်ဖော်ရလိမ့်မယ်။

ဘုရားခန်း ထဲဝင်ခါနီးတွင် လရောင်က ပန်းရေချမ်း လဲကပ်ပြီး
လို့ ဘုရားပူဇော်နေတာကို မြင်သည်။ စိုင်းလိတ်လည်း တိုးတိုး
တိတ်တိတ်ဝင်သွားပြီး ဆောင့်ကြောင့်ထိုင် ဘုရားရှိခိုးနေသည့်
ဘေးတွင် ထိုင်၍ သူပါ ဝတ်ပြုလိုက်သည်။ဘုရားစာရွတ်နေ
သေးတဲ့ လရောင်က ဘေးတွင် လူရောက်နေတာကို မသိဘဲ
မျက်လုံးကိုမှိတ်၍ အေးအေးလူလူပင်။ ဘေးကနေ ထိုင်ကြည့်
နေရင်း စိုင်းလိတ် ပြုံးနေသည်။

သူ့ကြောင့်တိုသွားတဲ့ ရှေ့ဆံပင်လေးတွေက အခုထိရှည်မလာ
သေးပေမယ့် ဒါက လရောင်လို ချစ်စရာ ကလေးပေါက်လေး
အတွက် ဘာဖြစ်မှာလဲ။ ပိုတောင် ချစ်ဖို့ကောင်းနေသေးတယ်။

" အမေ့. ..ကို ကိုစိုင်း ဘယ်လိုလုပ်ပြီး "

သနပ်ခါးလိမ်းထားပြီး မွေးကြိုင်နေတဲ့ လရောင်​က သူ့ဘက်ကို
လှည့်ကြည့်လို့ ရင်ဘတ်ကို ဖိရင်းအလန့်တကြားပြောသည်။
လရောင်ရဲ့ သနပ်ခါးလိမ်းထားတဲ့ ပါးတစ်ဖက်ကို လက်ညိုးနဲ့
အသာထိလိုက်ရင်းမှ စိုင်းလိတ် ရယ်နေ၏။

"လန့်သွားဖို့ မရည်ရွယ်ပါဘူး လရောင် Sorryနော်"

"ရပါတယ်ကိုစိုင်း လရောင် နည်းနည်းလေးပဲလန့်သွားတာပါ"

ကိုစိုင်းကို ရုတ်တရက်မြင်ရလို့လန့်တာထက် အခုလေးတင်
လရောင် ဘုရားရှိခိုးရင်း ကိုစိုင်း ဘေးအန္တရာယ်ကင်းကင်းနဲ့
ပြန်ရောက်ပါစေလို့ ဆုတောင်းမိတာကို အဲဒီမှာမျက်လုံးဖွင့်ဖွင့်ချင်း ကိုစိုင်း မျက်နှာကို မြင်ရတော့ သူ့ဆုတောင်းကိုကြားသွား
လေမလား စိုးရိမ်မိသွားရခြင်း။

"VITAMIN U " ( မင်းက ကိုယ့်ရဲ့ ဗီတာမင်)Where stories live. Discover now