ပထမဆုံး ဆံပင်ညှပ်ခြင်း[ပထမဆုံး ဆံပင်ညှပ်ခြင်း]

1.1K 89 7
                                    

အတ္တ အဆင်ပြေရောပြေပါ့မလားလို့ တွေးပူရင်း စိုင်းလိတ်နောင်တစ်ယောက် အိမ်ကို ပြန်ရောက်လာပါသည်။
ရောက်လာတော့ တွေ့ရတဲ့ အမေ့ကို အရင်ဆုံး နှုတ်ဆက်
လိုက်ပါတယ်။အဖေကတော့ အိမ်ပြန်မရောက်သေးသည့်ပုံ။

သူရှာနေတဲ့ လရောင်ကိုတော့ ခြံထဲမှာလည်း မတွေ့ခဲ့သလို
အိမ်အောက်ထပ်မှာလည်းရှိမနေတာကြောင့် လွယ်အိတ်ကို
ကိုင်လျှက် အပေါ်ထပ်သို့ တက်သွားသည်။

အခန်းထဲဝင်သွားတော့ သူရှာနေတဲ့ လရောင်က မှန်ရှေ့မှာ
ရပ်ပြီး ဆံပင်ဖြီးနေတာကို မြင်ရသည်။ သူပြန်လာတာကို
ဒီနေ့ထွက်မကြိုတာ ဆံပင်ဖြီးနေလို့ပဲဆိုတာကို စိုင်းလိတ်
သိလိုက်တယ်။

လွယ်အိတ်ကို ခုံပေါ်တင်လိုက်တော့မှ ဆံပင်ကိုအာရုံစိုက်
နေတဲ့ လရောင်က မှန်ထဲကနေ သူ့ကိုမြင်သွားပုံရတယ်။
ချက်ချင်းလှည့်လာပြီး...မျက်လုံးဝိုင်းလေးဖြင့်ကြည့်၍ သူ့ကို
မေးနေပါသည်။

"ကိုစိုင်း..ပြန်လာပြီလားဟင်"

"အင်း...ဒီကိုလာပါဦး လရောင်"

လရောင် လည်း ကိုစိုင်းခေါ်နေတာနဲ့ ဘီးကို ချထားခဲ့ပြီး
အနားသို့သွားလိုက်သည်။လက်ကလေးတွေကို အချင်းချင်း
ပွတ်၍ ကိုစိုင်းမျက်နှာချောချောကို မော့ကြည့်နေ၏။
တစ်နေကုန် ကျောင်းသွားနေတဲ့ ကိုစိုင်းကို မနက်ပိုင်းထက်
အခုလို ညနေပိုင်းကမှ ပိုပြီး မျက်နှာမြင်ရတယ်လို့ပြောလို့ရ
သည်။ ဘာလို့ဆိုရင် မနက်ပိုင်းက လရောင်လည်း မိသားစု
ဝင်တွေအတွက် မမ၂ယောက်နဲ့အတူတူ မနက်စာအတွက်
အလုပ်များနေတာကြောင့်ပင်။

လရောင်ရဲ့ မိသားစုဝင်ဆိုတာ အရင်က ကြီးကြီးမေသင်း
နဲ့ အကိုလေးအတ္တ တို့သာရှိခဲ့ပေမယ့် အခုဆိုရင် ကိုစိုင်း
ကိုစိုင်းမေမေ၊ ဖေဖေ တို့လည်း ပါဝင်လာလို့ လူဦးရေများ
လာပါပြီ။ ဒီတော့ လရောင်လည်း အရမ်းပျော် နေတော့
တာပေါ့။

" ဒီမှာ လရောင် အတွက် ပူတင်းပါတယ်
ကြိုက်တယ်မဟုတ်လား "

" ဟုတ် ကြိုက်ပါတယ်ကိုစိုင်း "

ကိုစိုင်းပေးတဲ့ ပူတင်းဗူးကို လရောင် က လက်နှစ်ဖက်ဖြင့်
သေချာယူပြီး ပိုက်ထားသလို သူ့အတွက် သတိတရရှိပေး
တဲ့ အတွက်ပါ ပျော်နေရပါ၏။ ကိုယ်သဘောကျတဲ့လူက ကိုယ့်ကို ဂရုစိုက်ပေးတဲ့ အချိန်လောက် ပျော်ဖို့ကောင်းတာ
ရှိပါဦးမလား။

"VITAMIN U " ( မင်းက ကိုယ့်ရဲ့ ဗီတာမင်)Where stories live. Discover now