Part 14

314 28 0
                                    

Unicode Version

မျက်ဝန်းများပြန်ဖွင့်လာချိန်မှာတော့ အလင်းရောင်မြိန်ပြပြ သာရှိသည်။ ခေါင်းထဲ ကြည်ပြီးနည်းနည်းလေး လန်းဆန်းနေတယ် လို့ခံစားမိသည်။ ခေါင်းချထားရာက။

နေပါအုံး။ ဒါ သူ့ကားထဲကို။

ခေါင်းလှည့်ပြီးကြည့်လိုက်တော့ ဟုတ်တယ်၊ သူကျောင်းရောက်စက လဲမကျခင်လေး ဆူးရဲ့ ပေါင်ပေါ် ခေါင်းလေးတင်ပြီး အိပ်ပျော် သွားခဲ့တာ မဟုတ်လား။

အခု မှောင်သွားတာလား။ အမြန်ထထိုင်ပြီး သူမကိုကြည့်တော့ ခေါင်းတဖက်ကို စောင်းပြီး အိပ်မောကျနေပါပြီ။ ကားထဲကအတွင်းမီးမှိန်ပြပြမှာ နာရီကြည့်မိတော့ ည10 နာရီတဲ့။

ဟား။ အံ့ဩစရာပဲ။ ဆူး သူ့ကို တကယ်မနိူးဘူးပေါ့၊ ဒါဆို ဒီကလေးမ ဘာမှမစားရသေး ဘူးထင်တယ်။

ဘာလို့မနိူးတာလဲ။ သူကကော အချိန်အကြာ ကြီးထိ ဘာလို့အိပ်ပျော်သွားတာလဲ။ အေးနေမလား။ ထိုင်ခုံအနောက်ဘက်မှ လက်ဆွဲအိတ်ကို လှမ်းယူပြီးခြုံလွှာတပတ်တထည် ထုတ်ယူပြီး သူမအပေါ် လွှမ်းခြုံပေးလိုက်သည်။

နွေး၍လား ပို၍ပင် ‌ကိုယ်က ကျုံ့ဝင်သွား သည်။

ရန်ကုန်ဆောင်းက မအေးပါဘူး။ ဒါပေမယ့် ဆောင်းဆိုတဲ့ရာသီကြောင့် အနည်းငယ်တော့ အအေးဓါတ်လွှမ်းမှာပေါ့။

အနွေးပေးစက်ဖွင့်ပြီး ကားစက်နိုးကာ ဖြေးဖြေးချင်းမောင်းထွက်လာသည်။ ထူးဆန်း သည်။ အိပ်ရာက ထလာတော့ လန်းဆန်းနေသည်။ သတိလစ်၍လား သာမန်အိပ်ပျော်နေ၍လား မသည်းကွဲသော အခြေအနေ တခုကနေ လွတ်မြောက် လာပေပြီ။

ဖြေးဖြေးချင်းမောင်းပြီး သူမအိမ်နဲ့ သူ့အိမ်ရဲ့ဆန့်ကျင်ဘက် ထောက်ကြံ့ဘက်မှ အန်ကယ်လေး ဝယ်ပေးထားသည့် လုံခြုံးဘန်ကလို ရှိရာ ခြံသို့ မောင်းလာခဲ့တော့ သည်။ ကျယ်ဝန်းသည့် ခြံထဲတွင် အသီးအပင်။ နှစ်ရှည် နှစ်တို မျိုးစုံ စိုက်ထားပြီးမှ အလယ်တွင်တော့ တထပ် ဘန်ကလိုလေးတစ်လုံးရှိသည်။

ခြံဝန်းတံခါးကို ကားခေါင်းဦးတည်လိုက်တော့ ခြံစောင့်လာဖွင့်ပေးသည်။ ခြံဝန်းထဲ မောင်းဝင်လာပြီး လမ်းလေးအတိုင်းကွေ့ပတ်မောင်းတက်လာပြီးဘန်ကလိုဘေးမှ stand တွင် ကားထိုးရပ်သည်။

Light for You-Chapter 2 (GL)Z+UWhere stories live. Discover now