🥀🔞Part - 13🔞🥀

Magsimula sa umpisa
                                    

"ကိုကို စိတ်ထင်ရာတွေ လျှောက်ပြောမနေနဲ့!"

ရိပေါ် ရှောင်းကျန့်ရဲ့ လည်ပင်းကို ဆွဲယူညှစ်ကာ

"ငါစိတ်ထင်နေတာတဲ့လား ပထမဆုံးကျောင်းတက်တဲ့နေ့မှာတင် အဲ့အကောင် မင်းကိုဖက်ရဲတာလေ!!!"

"အစ်..ကို ကိုကို...ကျ ကျွန်တော့်ကို ကျွန်တော့်ကို မစော်ကားနဲ့....အစ်..ကြိုက်တာပြောလို့ရတယ်....ကိုကိုပြောရင် ကျေကျေနပ်နပ်ကြီးခံယူတဲ့သူမျိုးပါ....ဒါပေမယ့်...ကျွန်တော့်ကိုယ်ကျင့်တရားကို မစော်ကားနဲ့ ကိုကို..."

လည်ပင်းအညှစ်ခံထားရတာ‌ကြောင့် မျက်နှာကြီးတစ်လုံးနီရဲကာ အသ-က်ရှူကြပ်နေ၍ မျက်ရည်များကျလာပြီး ပြောလာသောရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ် ခဏတာစဉ်းစားနေကာ လွှတ်ပေးလိုက်သည် ။ ထိုတော့မှ အသ-က်ကိုလုရှုကာ ချောင်းတွေဆိုးနေသော ရှောင်းကျန့်

"အဟွတ်! အဟွတ်! အဟွတ် အဟွတ်!"

ရိပေါ်  သူ့ကိုယ်သူ သတိထားမိသွားသည် ။ သူလွန်သွားတာလည်း သူသိသည်။ ရှောင်းကျန့်ကို တခြားသူလာဖက်တာမျိုး သူမက်ြုက် ။ ပထမဆုံးနေ့မှာတင် တခြားသူက လာဖက်တာကိုမြင်တော့ သဝန်တိုကာ ဟုန်ပြီး ရှောင်းကျန့်ကို ဒေါသအလျှောက်လုပ်လိုက်ခြင်း ။ ရိပေါ် ရှောင်းကျန့်ကိုကြည့်တော့ မျက်နှာက နီရဲကာ ငိုနေသည်

"ရှောင်းကျန့်.."

"........."

"ရှောင်းကျန့်"

"..........."

ရိပေါ် အမေးကို ပြန်မဖြေပဲ အသံတိတ်ငိုနေသော ရှောင်းကျန့် ။ ရိပေါ် သူ့ကြောင့် ငိုနေတာကိုသိတာမို့ ထပ်ခေါ်လိုက်သည်

"ရှောင်းကျန့် ကိုယ်ခေါ်နေတယ်"

"ကျွန်တော်....မှားခဲ့တာကိုသိပါတယ်....အဲ့အတွက်လည်း ကျွန်တော်ပေးဆပ်နေပါတယ်....ဝဋ်လည်လည်းပျော်ပျော်ခံမယ်လို့ ပြောခဲ့ပေမယ့် တကယ်ဝဋ်လည်တဲ့အခါမှာ ကျွန်တော်ငိုခဲ့ရတာပါပဲ...ကျွန်တော်နောင်တရတယ်....ဒါကြောင့် ကိုကို့အတွက် ဘာလုပ်လုပ် ဘာပြောပြော ကျွန်တော်မှားမှားမှန်မှန် ‌အကုန်အဉာံ့ခံခဲ့ပါတယ်....

ဒါပေမယ့် ကျွန်တော့်ရဲ့ကိုယ်ကျင့်တရားကို စော်ကားခံရရင်တော့ ကျွန်တော်တကယ်ဝမ်းနည်းရတယ် ဒေါသဖြစ်ရတယ်..."

🌸Mud (နှံ)🌸 [Complete]Tahanan ng mga kuwento. Tumuklas ngayon