-26-

5.9K 270 20
                                    

လွန်ခဲ့သော 8နာရီခန့်က...

ရိပေါ် ကားမောင်းလာခဲ့တယ်။ ဟောက်ရွမ်းတို့ကို သူလာပြီ ဖြစ်ကြောင်းဖုန်းလှမ်းဆက်သတိပေးရင်း ကားကို မောင်းလာတယ်

ဟိုနှစ်ကောင်က သူကိုလာကြိုမယ်လို့ ပြောပေမဲ့ ၀မ်ရိပေါ် က သာ တားလိုက်တယ်

ဘာလို့ဆို သူကို အဲ့လို စိတ်ပူပန်တာမျိုးတွေ မကြိုက် သူသည် လွတ်လပ်တာကို ကြိုက်သည်

ဒါပေမဲ့ အချစ်နဲ့ဆိုရင်တော့ ချွင်းချက်ပေါ့...

အချစ်အကြောင်းတွေးမိတော့ ရိပေါ်မှာ ချက်ချင်း ပြုံးသွားတယ်...

ရိပေါ်ကို ရူအောင်ပြုစားတက်တဲ့ အချစ်...

အခုဆို မင်္ဂလာဦးညမှာ သူရဲ့ စတော်ဘယ်ရီလေးက ဘယ်လောက်တောင် နီရဲပြီး ရှက်သွေးဖြာမလဲဆိုတာ...

ရိပေါ် သူအချစ်မျက်နှာလေးကို တစ်ဖန် ပြန်မြင်ယောင်လိုက်တယ်....

ဒီလိုနဲ့ ရိပေါ်ကားမောင်းလာရင်း ....

လမ်းအကွေ့ရောက်တော့... လမ်းဘေးအခြမ်းမှာ သူကားလာတာ မြင်တော့ လှမ်းလက်တာတဲ့ မိန်းကလေးတစ်ယောက်...

ရိပေါ်လည်း ဒုက္ခရောက်နေတဲ့ သူ ထင်လို့ သူအနား ရပ်တော့...

သူကားမှန် ကို ခေါက်တာကြောင့်

ရိပေါ် မှန်တံခါးချတော့...

  "ဒီကကောကောရှင့်  ချန်ချန် ကို ကူညီပေးပါအုံး"

"ဘာပြုလို့လဲ မိန်းကလေး"

"ဟို လေ ချန်ချန် ချစ်သူက..ဟိုး  ကားအပြင်ဘက်မှာ မူးမှောက်နေတာ ချန်ချန် တစ်ယောက်ထဲ ကားထဲ တွဲပြီးထည့်တာ မရလို့ ဒီကကောကောက ကူညီပေးပါရှင်"

ရိပေါ် ပိတ်ကြည့်တော့ ဟုတ်ပါရဲ့ ကားရဲ့ ဘေးမှာ တစောင်းလေး မူးနေတဲ့ ထိုလူ...

ကောင်မလေးကို သနားတာကြောင့် ရိပေါ်လည်း ခေါင်းညှိမ့်ပြပြီး ကူညီဖို့ ဆင်းလာခဲ့တယ်...

ဘေးတစောင်းမူးနေတဲ့ ထိုသူက  ချန်ချန်နဲ့ ရိပေါ် စကားတွေကြောင့် ကောက်ကျစ်စွာ ပြုံးနေတော့တယ်...

"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Onde histórias criam vida. Descubra agora