-19-

7.1K 382 15
                                    

"၀မ်ရိပေါ် မင်းဒီလိုကြီးပဲနေ နေတော့မှာလား"

   "မင်းမြင်တဲ့ အတိုင်းပဲ!"

  "ဟ မဟုတ်ဘူးလေးကွာ "

၀မ်ရိပေါ် အခု CEO ရုံးခန်းထဲတွင် မျက်ကွင်းညိုညိုနဲ့ ....

အရင်ကလို ပါးဖောင်းဖောင်းလေးတွေမရှိတော့ဘဲ အဲ့အစား  ချွန်ထက်တဲ့ မေးရုံးသွယ်သွယ်တွေက အစားထိုး၀င်ရောက်လာတယ်..

ညဘက်တွေဆို bar မှာ တစ်ညလုံး အရက်တွေသောက်တယ်...

ရှောင်းအိမ်တော်အိမ်ရှေ့ကို သွားပြီး တစ်ညလုံး ရှောင်းကျန့်ကော နာမည်ကို အော်ဟစ်သောင်းညန်းနေတယ်...

ရှောင်းအိမ်တော်က ရဲစခန်းကို တိုင်လို့ 1နာရီ အချုပ်နဲ့ ညားခဲ့သေးတယ်

၀မ်ပါးကိုယ်တိုင်အာမခံနဲ့ ထုတ်ပေးလို့ လွှတ်ခဲ့တာ

အဲ့တာက 1ကြိမ့်လည်းမက 2ကြိမ်လည်း မက 3ကြိမ်လည်းမက ....

ရှောင်းကျန့်ကောကလည်း အရမ်းနေနိုင်တာ
အပြင်ဘက်ကလေးထွက်ကြည့်မယ် လို့ မရှိခဲ့ဘူး

အရင်က ရှောင်းကျန့်က ရိပေါ်ကို သိပ်ချစ်ခဲ့ပြီး ရိပေါ်က ရှောင်းကျန့်ကို ရှိတယ်လို့တောင်မထင်တာ
အခုတော့ ၀မ်ရိပေါ်က သဲသဲမဲမဲချစ်တော့ ရှောင်းကျန့်က အရမ်းပစ်ခါသွားခဲ့တာ...

ဘယ်လို ကံကြမ္မာလဲ မပြောတက်ဘူး??

၀မ်ရိပေါ် ထွက်သွားတဲ့ ဟောက်ရွမ်းကို ကြည့်ကာ ငိုင်နေတော့တယ်

သူဘာလုပ်ရမှာလည်း?

သူရှောင်းကျန့်ကို အရမ်းလွမ်းနေပြီ မထိတထိ နဲ့ စကားလာပြောတဲ့ ရှောင်းကျန့်ကို သူလွမ်းတယ်။
လက်ထပ်တုန်းက အမြဲပြုံးနေတဲ့ မျက်နှာလေးကို သူပြန်မြင်ယောင်မိတယ်

သူရဲ့ကလေးကို ကိုယ်၀န်ဆောင်ထားရတဲ့ ဗိုက်ပူလေးကို သူသတိရတယ်

အားလုံးမှားသွားတဲ့ အခါ ပြန်ပြင်မရတော့ဘူး

အစိတ်စိတ်အမွှမွှ ကွဲသွားတဲ့ မှန်စလိုပဲ တစ်စချင်းကောက်ပြီး ပြန်ပြင်ရင်တောင် မရတော့ဘူး

အားလုံးက သူ အမှားတွေပါ...

.

.

"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Hikayelerin yaşadığı yer. Şimdi keşfedin