-23-

6.9K 327 14
                                    

ရိပေါ်လည်းသူ လောင်ကုန်းနဲ့အတူ ရေထပ်ချိုးလိုက်တယ်။

သူအချစ်လည်း ပင်ပန်းသွားရပြန်ပြီ သူကြောင့်။

ဟုတ်တယ် ရှောင်းကျန့်က သူအချစ် သူထပ်ခြောက်နှစ်ကြီးတဲ့ ရှောင်းကျန့်ကို

ဘယ်လို အမြတ်တနိုးနာမ်စားနဲ့  ခေါ်ရမှန်း ရိပေါ် မသိပေမဲ့ သူအပေါ်မှာ ထားတဲ့ အချစ်တွေကြောင့် အချစ်လို့ပဲ အဓိပ္ပာယ် ပါ ပါ ခေါ်တော့တယ်။

အင်္ကျီ၀တ်ပြီး ရှောင်းကျန့်ကိုပါ၀တ်ပေးတယ်။

နောက်ပြီး မင်းသမီးလို ပွေ့ချီပြီး ထမင်းစားခန်းထဲကို ခေါ်သွားတယ်။

နှာခေါင်းလေးတွေနဲ့ ပါးလေးတွေက နီရဲရဲလေးမို့ ရိပေါ်မှာအချစ်ပိုရတယ်။

  ရိပေါ် ထိုင်ခုံပေါ်ထိုင်ပြီး ရှောင်းကျန့်ကိုသူပေါင်ပေါ်တင်လိုက်တယ်။

ရှောင်းကျန့်ကတော့ သူလည်တိုင်ကိုဖက်တွယ်ကာ မှေးနေတော့တယ်။

  "အချစ် ဒီဘက်လှည့် မောင် ခွံ့ကျွေးမယ်"

   "မစားချင်ဘူး မောင်"

ရှောင်းကျန့်ရဲ့ခပ်ချွဲချွဲအသံလေးကြောင့်
ရိပေါ်မှာ အူတွေအသဲတွေကလီစာတွေပါယားလာတယ်

ရိပေါ်ရဲ့ အချစ်ကသူမမြင်နိုင်တဲ့ တစ်ဖက်ခြမ်းမှာ အဲ့လိုလဲ ချွဲတက်ပါသေးသည်

  "ဆန်ပြုတ်လေးနည်းနည်းသောက်လိုက် အချစ်ပြီးရင် နွားနို့လေးပါ သောက်"

  "အွန်းပါ"

ရိပေါ်က သူရဲ့ အသဲအသက်ကို ဆန်ပြုတ်ခွန့်တိုက်တော့ ယုန်သူငယ်လေးက ပါးစပ်လေး ဟပေးတယ်

ဆန်ပြုတ်တစ်စွန်းပြီးတစ်စွန်းခွံ့နေတုန်း
မျက်ရည်ကျလာတာမို့ ရိပေါ်မှာလန့်သွားတော့တယ်။

  "ဘာဖြစ်လို့လဲအချစ် စားမကောင်းလို့လား?"

  "ဟင်အင်း အရင်က ဒီလိုသာဆို ငါနဲ့မောင် အိမ်ထောင်ရေးက ဘယ်လိုနီးနဲ့မှ ကွာရှင်းစရာအကြောင်းမရှိဘူး နောက်ပြီး....!"

  "ရှုး"

ရိပေါ်က ရှောင်းကျန့်နှုတ်ခမ်းလေးပေါ် လက်ညှိုးတစ်ချောင်းတင်ပြီး မပြောနဲ့ဆိုတဲ့
အကြည့်နဲ့ပါပြောသေးသည်။

"𝐖𝐡𝐲 𝐃𝐨𝐞𝐬𝐧'𝐭 𝐌𝐚𝐮𝐧𝐠 𝐋𝐨𝐯𝐞 𝐌𝐞?"[𝐂𝐨𝐦𝐩𝐥𝐞𝐭𝐞𝐝]Where stories live. Discover now