မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Start from the beginning
                                    

သူ့ကို ကောင်းကင်ဘုံ စည်းမျဥ်းက ဘယ်လိုလုပ်ပြီး သည်းခံနိုင်မှာလဲ...

ကျုံးတျောင်နှင့် ကျန့်တို့ တောင်များတွင် တိုက်ခိုက်စဉ်က သူတို့၏ အဟုန်က အလွန်ကြီးမားကာ ကောင်းကင်ဘုံ စည်မျဉ်း၏ အာရုံစိုက်မှုကို ဆွဲဆောင်လိုက်ပေသည်။ သူတို့အဖြစ်အပျက်၏ ရလာဒ်မှာ အိုးကျန်းနှင့် ဆင်တူပေသည်။ လျှပ်စီးဖြင့် သူတို့၏ နတ်ဘုရား ဝိညာဉ်များကို အပြီးတိုင် အဆုံးသတ်ပေးကား ကောင်ကင်နှင့် မြေကြီးဆီမှ ပျောက်ကွယ်သွားစေသည်။

"ဖူ-ဖူကော... အစ်ကိုပြောတဲ့ အဲ့မဟာမိစ္ဆာတွေက ဒီနည်းအတိုင်းပဲ လျှပ်စီးရဲ့ သတ်တာခံလိုက်ရတာလား..."

ကျန်းခယ့်က ပြေးလာသည်။ သူ့လည်ပင်းကို ကုတ်ကာ အိုးကျန်း၏ မီးကျွမ်းနေသော အရိုးစုကို လှမ်းကြည့်လိုက်သည်။ ၄င်းက အမှန်ပင် အလွန်သနားစရာကောင်းလှပေသည်။ ကြောက်လန့်မှုက သူ့အား ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။

"အဲ့လျှပ်စီးက ကာဘွန်တွေ ချန်ခဲ့တာပဲ..."

ကျွမ်းချင်က သူ့ရင်ဘတ်ကို ဖိကာ ဖူလီကို မေးလိုက်သည်။

"မင်းအဆင်ပြေလား..."

"အဆင်ပြေပါတယ်..."

ဖူလီက သူ့၏ ချမ့်ခွန်းအိတ်ထဲမှ ပုလင်းတစ်လုံးကို ထုတ်ကာ ကျွမ်းချင်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။

"ဒီဆေးတွေက တက်ကြွမှုကို ပြန်ရစေတယ်...  စားလိုက်... အိုးကျန်းရဲ့ ရိုက်ချက်က မပျော့ဘူး... မင်းက လူမျိုးစု ကံတရားနဲ့ ပေါင်းစည်းထားလို့သာ မဟုတ်ရင် အသက်ရှင်မှာမဟုတ်ဘူး... မင်းကို အရံအတားထဲမှာ နေဖို့ မပြောဘူးလား... ဘာလို့ ပြေးထွက်လာတာလဲ..."

ကျွမ်းချင်က ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်ထားလိုက်သည်။

"မင်းက ငါ့လုပ်ဖော်ကိုင်ဖက်လေ... မင်းတစ်ယောက်တည်း အန္တရာယ်ကို ရင်ဆိုင်ခိုင်းတဲ့ ကိစ္စမျိုး လုံးဝ မရှိဘူး..."

"စီနီယာတစ်ယောက်က ဂျူနီယာကို ကာကွယ်တာကမှ မှန်ကန်ပြီးသင့်တော်တာမဟုတ်လား..."

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now