ခေါင်းခါလိုက်ကာ

"ကျွန်တော် မနာပါဘူး။ ကျေးဇူးတင်ပါတယ် ဆရာ"

"အင်း ဆရာတို့ ပြန်ရအောင်.. မိုးချုပ်နေလို့ မင်း အမေ စိတ်ပူလိမ့်မယ်"

အရှေ့မှ ထွက်သွားသည့် ကျောပြင်ကျယ်ကြီးကို လိုက်ကြည့်နေမိရင်းက ပြုံးလိုက်မိပြန်သည်။

ဆရာက ဒီလိုပဲ သိပ်ချစ်စရာ ကောင်းသလားဟု မေးလိုက်ချင်ပါသည်။ ဆရာရဲ့ ယဉ်ကျေးလှသည့် စကားအသုံးအနှုန်းတွေ၊ နူးညံ့လှသည့် အပြုအမူလေးတွေ၊ နွေးထွေးလှသည့် အထိအတွေ့လေးတွေ...

နှလုံးသားလေးက တစ်စထက် တစ်စတိုးလို့ ဆရာ့ဆီမှာ ပျော်ဝင်သွားရှာပါပြီ။ ကျွန်တော့် ဆရာက ဒီလိုပဲ သိပ်ချစ်စရာကြီး ဖြစ်နေပါ၏။

.

.

အိမ်ပြန်လမ်းမှာတော့ ဆရာက သီချင်းလေး ဖွင့်လို့ထားပါသည်။ သီချင်းဆိုပေမယ့် မြူးကြွကြွတွေ မဟုတ်ဘဲ အေးငြိမ့်ငြိမ့် သံစဉ်တွေသာ ဖြစ်သည်။

ထိုအချိန်တွင် ဆရာ့ ဖုန်းလေးက မီးလင်းသွားပြီး အသံမြည်လာတော့သည်။

Phone screen မှာ My Heather ဆိုသည့် contact name လေးရယ်၊ ဆရာနဲ့အတူတူ တွဲရိုက်ထားသည့် မိန်းကလေးပုံရယ်...

ဆရာ့ကို ကြည့်လိုက်မိတော့ ပြုံးရွှင်လို့ ဖုန်းကိုင်လိုက်ပါသည်။ speaker ကို ဖွင့်ထားသည်မို့ ဆရာက ကျွန်တော့်ကို လှမ်းကြည့်ပါသေးသည်။

"ဆရာ့ earphone ကျန်ခဲ့လို့ ဒီလိုပဲ ဖွင့်ထားလိုက်မယ်နော်"

ကားမောင်းနေရင်းက ဖုန်းကို လက်ကကိုင်ပြီး ပြောရန် အဆင်မပြေသည်ကြောင့် ဖြစ်ပါသည်။

"အစ်ကို... Heather ကို လာခေါ်ပါလား။ မူးနေလို့ ကားလည်း မမောင်းချင်ဘူး"

ဆရာက ကျွန်တော့်ကို တစ်လှည့်ကြည့်ကာ စဉ်းစားရ ခက်သွားဟန်...

"ကျွန်တော် ဒီမှာပဲ ဆင်းလိုက်လို့ ရပါတယ်။ ဆရာ့ မိတ်ဆွေကို သွားခေါ်လို့ ရပါတယ်"

"ဘယ်ဟုတ်ပါ့မလဲ.. ဆရာက အိမ်အထိ ပို့ပေးမယ်လို့ ပြောထားခဲ့တာလေ။ heather ... အစ်ကို လာခဲ့မှာမို့ အဲဒီမှာပဲ စောင့်နေနော်။ လိပ်စာ ပို့ထားပေးလိုက်"

Kissing In The Moonlight [Completed]Opowieści tętniące życiem. Odkryj je teraz