"...."

"ဒါပေမဲ့လည်း ကျန့်ကျန့်လက်မခံခဲ့ပါဘူး..."

"ဘာဖြစ်လို့လဲ..."

"ကျန့်ကျန့်ကမြို့အုပ်၀မ်လိုမျိုး alphaမှမဟုတ်တာပဲကို...."

"မင်းက betaပဲလေ ဘယ်သူနဲ့တွဲတွဲရတာပဲကို.."

"ဟုတ်မှာပါလေ...ကျန့်ကျန့်မားမားကပြောတယ် ပညာသင်ချိန်မှာ
ရည်းစားမထားရဘူးတဲ့‌လေ ကျန့်ကျန့်ကလည်း ဘွဲ့ရပြီးရင်ဒီဘက်မှာ မိန်းကလေး၅ယောက် ဒီဘက်မှာ၅ယောက်
တစ်နာရီတစ်ယောက်တွဲပစ်လိုက်ဦးမှာ...."

"....."

"ကျန့်ကျန့်လည်းလူမို့လို့ တစ်ဖက်သတ်ချစ်ရတဲ့ လူကြီး
ကတော့ရှိတာပေါ့ "

"...."

"ဒါပေမဲ့လည်း ကျန့်ကျန့်စိတ်ကူးပါအဲ့တာက...ကျန့်ကျန့်ဘွဲ့ရပြီးတော့ ညမှာဖိုးဖိုးကမြို့အုပ်၀မ်နဲ့လက်ထပ်ရမယ်ဆိုတဲ့အကြောင်းပြောလာခဲ့တယ်လေ...."

"ဪ...ငါ့ကြောင့်မင်းလွတ်လပ်ခွင့်တွေဆုံးရူံးသိလိုမျိုးဖြစ်သွားလား"

"မဟုတ်ပါဘူး မဖြစ်ပါဘူး...အိမ်မှာနေပြီး အပြင်ကိုပဲဘာအလုပ်မှမရှိဘဲ ထွက်နေရရင်ပျင်းတယ် ဒါပေမဲ့လည်းမြို့အုပ်၀မ် အနားမှာရှိတော့ ဘာလို့မှန်းမသိပျော်ဖို့ကောင်းတယ် ဟီး....မြို့အုပ်၀မ်ကိုစရလို့ဖြစ်မယ်"

"...."

"ကျန့်ကျန့် အိပ်ချင်လာပြီ အိပ်တော့မယ်...."

"အင်း...."

ရှောင်ကျန့်မျက်စိမှိတ်လိုက်တာနဲ့ ခေါင်းမူးဒဏ်ကြောင့်စိတ်လွတ်လက်လွတ်အိပ်ပစ်လိုက်လေတယ်
သူ့ဟော်မုန်းအနံ့တွေတော့ဆေးကြောင့်မထုတ်လွှတ်မိပါ ။

ရှောင်ကျန့်အိပ်သွားပြီးနောက်ပိုင်းမှာ မြို့အုပ်၀မ်ပြတင်းပေါက်ကို
ဖွင့်လို့ အပြင်ဘက်ကိုငေးနေမိသည် အဲ့အချိန်မှာပဲသူ့နှာခေါင်းထဲ
၀င်လာတဲ့ တစ်လောက ညတုန်းကရတဲ့အနံ့မျိုး ဒီအနံ့ကမည်သူ့
စီကလဲ ပြတင်းပေါက်ဖွင့်လိုက်‌လို့ဒီအနံ့များရလာတာလား သူစဉ်းစားမရပါ....ဘာပဲဖြစ်ဖြစ်သူဒီ‌အနံ့‌ကိုတော်တော်လေးကြိုက်တယ် ။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now