ယောင်းမကိုတော့ နားဝင်အောင် အတော်နားချယူရမှာ။

++++++++++++++

ဆူး ကားပေါ်ကဆင်းပြီး ပင်မဆောင်ဘက်တစ်ယောက်ထဲ လျောက်လာချိန်မှာတော့ တချို့တချို့တွေရဲ့ ကွက်ကြည့်ကွက်ကြည့် နှင့် သွားနေကြသူတွေကြောင့် စိတ်အနှောက်အယှက် အတော်ဖြစ်သည်။

သူမကျောင်းလာတက်တာကိုပဲ အထူးအဆန်း လုပ်နေကြတာလား။ ပင်မဆောင်ထဲ ဝင်လာသည်။ ကျောင်းရဲ့ Website က ကျောင်းတွင်းမှာသာ အသုံးပြု လို့ရသည်။ သူမမေဂျာ ဘက်မရောက်မှီပဲ သစ်စနဲ့ မျက်နှာချင်းဆိုင် တွေ့သည်။ အရင်ကသူငယ်ချင်းဖြစ်ခဲ့တယ် ဆိုပေမယ့် အခုက။

ဆူးဘက်က နူတ်မဆက်ပဲ ဒီအတိုင်းကြည့်မိနေသော်။ သစ်စကပင် သူမရှေ့ကို ပိတ်ရပ်ကာ

"ဆူး ငါပြောစရာရှိတယ်"

အထူးအဆန်းပါလား။ မိုင်နာအချိန်များတဲ့ နေဆို သူတို့တွေ ကျောင်းမတက်ကြတာများသည်။ သစ်စက တကူးတက သူမကို လာ‌ေတွ့သလိုပင်။

ဆူးက မျက်ခုံးပင့်မိရင်း

"အင်း"

ဆိုတာနဲ့ သူမလက်ကို ဆွဲပြီး လာရာလမ်းကို ပြန်ခေါ်လာသည်။ ပင်မဆောင်ထဲကထွက်ပြီး လူရှင်းသည့် ရှေ့က ပန်းခြံထဲ ခေါ်လာသည်။

သစ်စက သူမကိုကြည့်ပြီး

"နင် တွေ့ပြီးပြီလား"

ဟင်။ ဘာကိုပြောတာလဲ။ အဆက်အစပ် မရှိ၍ ဆူး ယောင်နနဖြစ်သွားသည်။

"တွေ့ပြီးပြီလားလို့ Students website မှာ တင်ထားတဲ့ပို့စ်"

ဘာလဲ။ သူမ အခုမှ ကျောင်းရောက်တာလေ။ ဘာကိုရည်ညွှန်းနေလဲ သူမ မသိ။ အခုထိမသိသေးသည့် သူမကို အားမလိုအားမရ ဖြစ်ကာ

"မိုးပွင့်က နင့်အကြောင်း ကျောင်းWebsite မှာတင်ဖို့အစပျိုးနေပြီ။ အခုလဲ ပဟေဠိပုံစံ မျိုးတင်ထားတယ်၊ နာမည်ကိုမဖော်ပြပေမယ့် နင်ဆိုတာ သေချာသိတယ်"

ထိုအခါမှ ဖုန်းဖွင့်ပြီး ဝိုင်ဖိုင်ချိတ်ကာ ကျောင်း website ထဲ ဝင်ကြည့်မိသည်။ သတင်းတပုဒ်ပင်။ အဲ့တာကတော့

"မပြောချင်ပေမယ့် ပြောရအုံးမယ်၊ LGBT အသိုင်းအဝိုင်းက ဘယ်လောက်ရွံစရာကောင်းလဲဆိုရင် ကျွန်မတို့ ရဲ့သူငယ်ချင်း ကိုတောင်ဂေးသွားအောင်လုပ်နိုင်တယ်တော့၊ မကြာခင် အဲဒီဂေးအသစ်ကဘယ်သူဆိုတာ ချပြ‌မယ်နော်၊
အားလုံးအံ့အားသင့်သွားစေရမယ်၊ ခန့်မှန်းမိတဲ့သူရှိရင် မန့်ပေးနော်၊ မှန်တဲ့သူ $၁၀၀ ပေးမယ်၊ဟဟ"

Light for You-Chapter 2 (GL)Z+UWhere stories live. Discover now