မနက်ကျ ဆရာဝန်ရောက်လာတယ်။
ဆိုယွန်းလည်းအဖျားကျပြီး နိုးနေပြီ။
စမ်းသပ်ပြီး အနာတွေလည်းကြည့်တယ်။ ဆေးပါထိုးပေးပြီး သောက်ဆေးရော လိမ်းဆေးရောပေးတယ်။
ပြီးတော့
''အ​ခြေအနေကိုကြည့် ဘာဒါ
အခြေအနေကိုကြည့် ရလား မရဘူးလားဆိုတာကို''
ခေါင်းငုံ့ရင်းလည်ပင်းကိုလက်နဲ့ပွတ်ပြီး
''အေးပါ လာ အပြင်မှာပြော''
ဆိုယွန်းရှက်နေမှာစိုးလို့ ဒုံမင်းကိုအပြင်ကိုခေါ်ထုတ်ခဲ့တယ်။
''မင်းကလည်း ငါ့မိန်းမကြားသွားဦးမယ်''
''အေးပါ နင်အရမ်းစိတ်ပူတတ်တယ်ပေါ့ အစကတည်းက မဖြစ်အောင်ထားလေ မြင်ရုံနဲ့မသိဘူးလား မင်းမိန်းမသေးသေးလေးကို''
''ရန်ဖြစ်ရင်း ဖြစ်သွားလို့ပါ မူးလည်းမူးနေလို့ မဟုတ်ရင်ငါလည်းထိန်းပါတယ်
မနက်စောစောခေါ်လိုက်ရတာ ဆောရီးကွာ''
ဒုံမင်းပြန်တော့ ဘာဒါအခန်းထဲပြန်ဝင်ခဲ့တယ်။
နှစ်ယောက်သား စိတ်မပြေသေးတာရော ရှက်တာရော စုပြုံရောပြွန်းပြီး စကားသေချာမပြောကြ။
စကားမပြောပဲ နဖူးစမ်းကြည့်တော့ အပူကမရှိတော့ဘူး။
''ဆေးသောက်''လို့ပြောပြီး
ဆေးနဲ့ရေနဲ့ ကုတင်ဘေးကစားပွဲပေါ်တင်ပေးတော့ ဆိုယွန်းကယူမသောက်။
နဂိုကတည်းက ဆေးသောက်ကြောက်တဲ့သူမို့ အချိန်ဆွဲနေမှာသိတာကြောင့် ချောကလက်လေးတစ်တုံးပါယူပေးထားလိုက်တယ်။
ဆိုယွန်း မျက်နှာသစ်ချင်တာကြောင့် ကုတင်ပေါ်ကဆင်းလိုက်တယ်။
တကိုယ်လုံးနာနေတာကတော့ ပြောစရာတောင်မလိုပါ။ အနာတွေရဲ့စပ်ဖျဥ်းဖျဥ်းဖြစ်တဲ့ဒဏ်ရယ် ဒူးတွေလက်တွေတောင်မခိုင်တာရယ်ကြောင့်
လူကခွေခနဲ။ ဘာဒါက ချက်ချင်းဘေးကထိန်းကိုင်တယ်။
''ရတယ် လွှတ်''
ဆိုယွန်းရတယ်လို့ပြောလိုက်တာနဲ့ ဘာဒါက ချက်ချင်းလွှတ်ပေးတယ်။ ဆိုယွန်းသူလွှတ်ပေးမယ်မထင်ထားချိန်မှာပဲ လွှတ်လိုက်တာမို့ သူ့ရင်ခွင်ထဲ ယိုင်ခနဲပြန်ကျတယ်။ ရုတ်တရက်ဆိုတော့ သူ့အင်္ကျီရင်ဘတ်စကိုဆွဲပြီး ကိုယ့်ဘာသာထိန်းလိုက်ရတယကြောင့် မျက်စောင်းထိုးလိုက်တော့
''ဘာလဲ လွှတ်ဆို''
အောက်နှုတ်ခမ်းကိုက်လိုက်ပြီး ကုတင်မှာပြန်ထိုင်လိုက်တယ်။ အထိုင်အထတောင်နာနေတာမို့ ရေချိုးခန်းကို တစ်ယောက်ထဲသွားဖို့မဖြစ်နိုင်ပါ။
''မသွားတော့ဘူးလား ''
''မသွားတော့ဘူး''
ဘာဒါပွေ့ချီပြီး ရေချိုးခန်းထဲလိုက်ပို့ပေးတယ်။ မျက်နှာသစ်တာကို ရေချိုးခန်းအဝမှာ လက်ပိုက်ပြီး ရပ်စောင့်နေတာကြောင့် မလုံမလဲဖြစ်ရတယ်။ ပြီးသွားတာနဲ့ ချီပြီး အခန်းထဲပြန်ပို့ပေးတယ်။ မနက်စာပြင်ပေးထားပြီး သူက အခန်းပြင်ထွက်သွားတယ်။
ဆိုယွန်း မစားချင်တာကြောင့် ကုတင်ပေါ်ပြန်လှဲနေတော့ ဘာဒါအခန်းထဲပြန်ဝင်လာတယ်။

ချစ်မိသော ပင်လယ် Waar verhalen tot leven komen. Ontdek het nu