PART 32🏷️

4.6K 153 50
                                    

PART 32🏷️

သူ့ဆီကို ဧည့်တွေ့သူ နောက်ဆုံးတစ်ယောက်ကြောင့် သူ့စိတ်က လွန်ခဲ့သော 15နှစ်က အချိန်တစ်ခုကို ပြန်ရောက်စေသလို ခံစားရသည်။ အတိတ်ဆိုပေမယ့် လက်ဆက်နေသော အတိတ်တို့....

ဒီအကြည့်မျိုးကို သူဘယ်တုန်းကမှ မမေ့နိုင်ခဲ့.....

"မင်းအကြည့်‌တွေက အရင်အတိုင်းပဲ"

သွေး ထိုလူကို မျက်မှောင်ကျုံ့၍ ကြည့်ကာ....

"ဘာကြောင့် ကျွန်မကို တွေ့ချင်ရလဲ"

"ဟား....သတိရတာတော့ ဘယ်ဟုတ်နိုင်မလဲ"

သွေးတစ်ကိုယ်လုံးက သွေးကြောတို့က လူသတ်ချင်စိတ်တောင် ပေါက်လာတော့သည်။

"လူသတ်မိတာက ကြောက်ဖို့ မကောင်းဘူး သိလား သွေး"

"ဘာ..."

ဒီလူ ဘာတွေပြောနေလဲဆိုတာ နားမလည်။ ဒီထောင်ဝတ်စုံနဲ့ မြင်နေရတာကိုတော့ ကျေနပ်သည်။

"လူသတ်လိုက်ရတဲ့ အကြောင်းပြချက်ကမှ ကြောက်ဖို့ကောင်းတယ် သွေး"

ဒီမကောင်းဆိုးဝါး ဘာတွေပြောနေလဲ။

"သတ်လိုက်တာက ဆယ်မိနစ် ဆယ်ငါးမိနစ်ပဲ၊ သေသွားတာလည်း ဇတ်ခနဲ့ပဲ။ လူသတ်လိုက်မိတဲ့ငါနဲ့ မသေပဲ အသက်ရှင်လိုက်တဲ့မင်းတို့ကပဲ ပြောရရင် ဒုက္ခရောက်ရတယ်ကွာ....

မင်းတို့က စိတ်ဒဏ်ရာရတယ်၊ ငါက ဘယ်သူမှမသိပဲ လိပ်ပြာမလုံစွာနဲ့ ကြောက်ကြောက်လန့်လန့်နဲ့ အသက်ရှင်သန်နေထိုင်ရတယ်။ ငါလည်းသာမန်လူလို အသက်ရှင်ချင်တယ်။ သာမန်လူလို ပိုက်ဆံလောဘကြီးချင်တယ်၊ ဒါပေမယ့် ဒီသောက်လောကကြီးကမှ ငါ့ကိုရိုးရိုးလောဘမကြီးစေချင်တာ.... "

"ရှင်ဘာတွပြောနေလဲ ကျွန်မနားမလည်ဘူး နားလည်အောင်ပြောစမ်းပါ"

" လွန်ခဲ့တဲ့ဆယ်ခြောက်နှစ်က နယ်မြေသစ်ချဲ့ထွင်ဖို့အတွက် မြို့သစ်စီမံကိန်းရဲ့ပရောဂျက်တစ်ခုလုံးကို လုပ်ပိုင်ခွင့်ရသွားတဲ့မင်းအဖေရဲ့ အကြောင်းကနေ စပြောရအောင်သွေး...."

"ဘယ်လို"

"ဦးသတိုးစံလိုချင်နေတဲ့ ဒီစီမံကိန်းကို သူ့သားအရွယ်လောက်ရှိတဲ့ တတ်သစ်စ စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့မင်းအဖေကရသွားတယ်။ သူ့သားအရွယ်စီးပွားရေးသမားလေးကို လုပ်ငန်းလုပ်တိုင်းမှာ သူက အမြဲတစ်ဗန်းရှုံးနေတော့ စီးပွားရေးလုပ်ငန်းရှင်ကြားမှာ နာမည်ပျက်လာပြီး။ နေရာလည်းမရတော့ဘူး၊ တဖြည်းဖြည်းနဲ့အရှုံးပေါ်နေတဲ့ SPကို ကယ်တင်ဖို့လုပ်ငန်းရဲ့သော့ချက်က ဒီစီမံကိန်းတစ်ခုပဲရှိ‌တော့တဲ့အချိန်....

ရင်ခုန်သံထပ်တူကျသောအခါ အချစ်မှာအပြစ်ရှိသည်Where stories live. Discover now