ယဲ့ကျန်းက ဘယ်သူမို့လို့လဲ၊ ငါက ဒီလိုအခြေအနေကနေ မကျော်ဖြတ်နိုင်လောက် အောင် ဉာဏ်နည်းတဲ့လူလား၊ ကောင်းပြီလေ သူတို့ကို တကယ်ကို အာရုံမစိုက်ချင်ပေမယ့်လည်း ကြည့်ရတာ ကြက်ကိုသတ်ပြီး မျောက်ကို ခြောက်ရမယ့်အချိန်ရောက်ပြီပဲ။

ယဲ့ကျန်းဟာ တစ်မိနစ်ပင် အချိန်မဖြုန်းတော့ချေ။ သူမက ချက်ချင်းဆိုသလို ပိုကြီးသောပန်းအိုးကို ရှာလိုက်သည်။ ထို့နောက် ထိုပန်းအိုးထဲသို့ပြန့်ကျဲနေသော မြေဆီလွှာများကို ထည့်လိုက်ပြီးနောက် အပင်ကို အတွင်းဘက်သို့ထည့်လိုက်သည်။ ထို့နောက် ရွက်ကြွေများ သေချာထည့်မြှုပ်လိုက်တော့သည်။ သူမက အပြင်ဘက်မှ အစိမ်းရောင်မြက်အချို့ကိုလည်း သွားနှုတ်လိုက်ပြီးနောက်တွင် မြေဆီလွှာအပေါ်တွင် အနည်းငယ်ဖြူးလိုက်သည်။

"လုယောင်ယောင် နင် ဘာလုပ်နေတာလဲ"

အချိန်ကိုက်ပင် ဆုရှင်းမိန်က အပြင်ဘက်မှ ဝင်လာပြီးနောက် ယဲ့ကျန်းကို ခက်ထန်သောမျက်ဝန်းများဖြင့်ကြည့်သည်။ သူမ၏အကြည့်ဟာ ပန်းအိုးထံ ရောက်သွားချိန်တွင် ဒေါသတကြီးအော်တော့သည်။

"နင် ဘယ်လိုတောင် မီးကြာပန်းကို ဖျက်ဆီးရဲတာလဲ"

ယဲ့ကျန်းဟာ စကားပြောရန်ပြင်နေသည်။ ဆုရှင်းမိန်က သူမထံထပ်အော်ပြန်သည်။

"ဖန်လုံအိမ်က တားမြစ်နယ်မြေဆိုတာ နင်မသိဘူးလား၊ နင် ခွင့်ပြုချက်မရှိဘဲ ဒီနေရာကိုဝင်လို့ရဘူး၊ နင်က အကယ်ဒမီရဲ့စည်းမျဉ်းကို ဖောက်လိုက်ပြီ၊ ဒါတောင်မှ နင်က မီးကြာပန်းကိုဖျက်ဆီးရဲသေးတယ်၊ နင် ဘယ်လိုတောင်ကြီးတဲ့ပြစ်မှုကြီးကို ကျူးလွန်လိုက်သလဲဆိုတာကို မသိဘူးလား၊ နင့်လိုလူက မီးကြာပန်းနဲ့ ယှဉ်နိုင်မယ်ဆိုရင်တောင်မှ ဖျက်ဆီးတာကတော့ လွန်သွားပြီ"

ဒေါသထွက်နေသော ဆုရှင်းမိန်ဟာ ယဲ့ကျန်းကို အသရေဖျက်ရန် ညှာတာခြင်းမရှိချေ။

တစ်ခဏခန့်ကြာပြီးနောက်တွင် ချင်ဖူကျစ်ဟာ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက် ဖြေးညှင်းတိတ်ဆိတ်စွာဖြင့် အတွင်းသို့လျှောက်ဝင်လာပြီးနောက် ယဲ့ကျန်းလက်ထဲရှိ မီးကြာပန်းကိုမြင်သွားကာ အတန်ငယ်အံ့ဩသွားသည်။

နတ်ဆေးသမားတော် ယဲ့ကျန်းDonde viven las historias. Descúbrelo ahora