မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်း

Start from the beginning
                                    

"လူချောလေး... ငါတို့မှာ တောင်ထဲက သဘာဝသစ်သီးရိုင်းတွေကနေ လုပ်ထားတဲ့ ယိုရှိတယ်... ဘာဓာတုပစ္စည်းမှ မပါတဲ့အပြင် ညစ်ညမ်းမှုတွေနဲ့လဲ အဝေးကြီးပဲ... ကိုယ်တိုင်ပဲ သုံးသုံး သူငယ်ချင်းတွေကိုပဲ လက်ဆောင်ပေးပေး ဒါက အကောင်းဆုံးပဲ..."

အမျိုးသမီးမိစ္ဆာတစ်ဦးက ဖူလီလက်ထဲသို့ ကြော်ငြာတစ်ရွက်ထည့်ပေးကာ ဆွဲဆောင်မှုရှိရှိ ပြုံးပြလာသည်။

"လာခဲ့နော်..."

သို့သော် ဖူလီဘေးမှ အမျိုးသားကို သူမရှင်းရှင်းလင်းလင်း မြင်လိုက်ရစဉ်တွင် သူမမျက်နှာပေါ်မှ အပြုံးက ချက်ချင်းပင် ပျောက်ကွယ်သွားလေသည်။ သူမက ခေါင်းငုံ့ကာ ပျာယာခတ်စွာ ထွက်ပြေးသွားလေသည်။

ဖူလီက စာစီထားခြင်း လုံးဝမရှိသော ကြော်ငြာစာရွက်ကို ကျွမ်းချင်လက်ထဲသို့ ထိုးထည့်လိုက်သည်။ သူက မျက်မှောင်တင်းတင်းကြုတ်လိုက်သည်။

သူတို့ ထမင်းစားပြီးတာတောင် သူက အခွံမာသီးတွေ စားချင်နေတုန်းလား... ဒီလောက် သေးတဲ့ မူလပုံစံနဲ့ဆိုရင် သူ့ရဲ့ အစားအစာတွေအကုန် ဘယ်ရောက်သွားတာလဲ...

စားပွဲထိုးက ပန်းကန်ပြားနှင့် ပန်းကန်လုံးများအားလုံးကို မီးဖိုချောင်ထဲသို့ ထည့်လိုက်သည်။ ဝေလငါးမိစ္ဆာ၏ အသက်အရွယ်ကြီးရင့်သော အသားအရေကိုမြင်ကာ သူက စိုးရိမ်တကြီး မေးလိုက်သည်။

"သူဌေး... ငရဲဈေးက ဖွင့်တာ ကြာပြီ... ဝယ်သူလဲ ထပ်လာတော့မှာ မဟုတ်ဘူး... ဘာလို့ ဆိုင်မပိတ်သေးတာလဲ..."

"ငါ ဒီဆိုင်ကို နှစ်ပေါင်း ၁၅၀၀ ကြာအောင် ဖွင့်လာတာ... ဒါက နှစ်တိုင်း အာရုဏ်တက်အထိ ဖွင့်တယ်..."

ဝေလငါးမိစ္ဆာက လူမရှိသော ဧည့်ခန်းကိုကြည့်ကာ သစ်သားခုံတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။

"ဒီဆိုင်ကို ဘယ်နှနှစ် ထပ်ပြီး ဖွင့်နိုင်အုံးမလဲဆိုတာဘယ်သူသိမှာလဲ..."

သူက အသက်ကြီးရင့်ပြီဖြစ်ကာ  ဝိညာဉ်အခြေတည်စ အဆင့်နှင့် ဝိညာဉ် ဖြတ်တောက်ခြင်းအဆင့်တို့ကို မချိုးဖောက်နိုင်သည့် အချိန်မှစ၍ သူ့သက်တမ်းမှာ ကန့်သတ်ထားခြင်းဖြစ်သည်။ သူ့အတွက်မူ ဉာဏ်ပညာနှင့် မိစ္ဆာရာထူးရရှိနိုင်သည်မှာ ကံကြမ္မာဖြစ်ပေသည်။ သူက ဝိညာဉ် အခြေတည်စ အဆင့်ကို မကျော်လွန်နိုင်သည်မှာ နှမြောစရာကောင်းလှပေသည်။ လက်ရှိခေတ်တွင် လူသားများ၏ တိုးတက်မှုနှင့် တစ်ချို့လူများက ဝေလငါးများကို လက်မနှင့်ပင် သတ်ဖြတ်နိုင်သည်။

မျိုးကွဲများနှင့်ယှဥ်တွဲနေထိုင်ခြင်းWhere stories live. Discover now