Spoiler Alert - 1

Start from the beginning
                                    

"နောက်တစ်ခေါက်လောက် ထပ်ခေါ်ပါဦး"

"ကျွန်တော် မခေါ်တတ်တော့ဘူး ရှက်ဖို့ကောင်းတယ်လေ"

မျက်နှာကို အောက်ငုံ့ချကာ လက်ချောင်းတွေနဲ့ တွန်းဖယ်ပစ်တော့ မျက်နှာကို အတင်းလိုက်ကြည့်သည်။

"ပြပါဦးကွာ... ရှက်နေတဲ့ မျက်နှာလေး ကြည့်ပါရစေ။ ကိုကို ကြည့်ချင်လို့လေ"

မေးဖျားကို နူးနူးညံ့ညံ့လေး ကိုင်ကာ အပေါ်ဘက်ကို မော့စေရင်းက အကြည့်ချင်းဆုံစေသည်။

"ခေါ်ပေးမယ် မဟုတ်လား"

"ကိုကို... ဒီလောက်ဆို ရပြီမဟုတ်လား"

ခေါင်းလေးကို အနောက်ဘက်မှ ထိန်းကိုင်ရင်း ရင်ခွင်ထဲကို ထည့်သည်။ ထို့နောက် ဆံပင် ငွေရောင်တွေကို မြတ်မြတ်နိုးနိုး အနမ်းခြွေရင်း အစ်ကိုက ရယ်၏။

"ကိုကို သဘောကျလွန်းလို့ ရူးသွားတော့မှာပဲ ကလေးလေးရဲ့..."

အစ်ကို့ ရယ်သံတွေဟာ လရောင်အောက်မှာ ကျွန်တော့်ဘေးနား ဝန်းရံနေခဲ့တာ...

.

.

ဒီမှာတော့ အရင်နဲ့ မတူတဲ့ Spoiler ပေးတဲ့ ပုံစံလေးတွေ ပါလာမှာပါ။ အချပ်ပိုတွေလို သီးသန့်ပေးမှာဖြစ်ပြီး spoiler တစ်ခုက‌ လာမယ့် အပိုင်းမှာ ချက်ချင်း ပါလာမှာ မဟုတ်ပါဘူး။

ဒါပေမယ့် နောက်ပိုင်းကျ လာတော့မယ့် အပိုင်းဆက်တွေ‌ပါ။ ဘယ်တော့ လာမလဲ မသိသေးပေမယ့်၊ နည်းနည်းကြာဦးမယ့် အပိုင်းဆက်တွေပါရယ်... ပြီးတော့ အစီအစဉ္ တကျ မဟုတ်ပါဘူးနော်။

ထပ်ပြီးလည်း အခုလို အချပ်လိုအနေနဲ့ Spoiler တွေ ရှိပါဦးမယ်။

ပျော်ရွှင်စရာ နေ့လေး ဖြစ်ကြပါစေနော်

VictoryKimTae

November 11, 2023

Zawgyi

ခန္ဓာကိုယ်ကို ဆွဲချုပ်ထားပြီး ရင်ခွင်ထဲကို ထိုးသိပ်ထည့်ကာ ဖက်လို့ ထားသည်။ ထို့နောက် ဂုတ်ပိုးပေါ်ကို အနမ်းတွေ တဖွဖွ ပေးလာပါသည်။

"ဘယ်.. ဘယ်လိုဖြစ်လာတာလဲ"

ခါးပေါ်ကို တင်းတင်းဖက်ထားသည့် လက်ချောင်းတွေကို အပေါ်မှ ထပ်၍ ကိုင်လိုက်တော့ ပိုတိုးလို့ ဖက်လာ၏။

Kissing In The Moonlight [Completed]Where stories live. Discover now