ရုတ်တရက်ဆန်တဲ့မေးခွန်းကြောင့် Jaehyun ဘာဖြေရမှန်းမသိခင်

"သခွားသီးကင်ချီလည်း တကယ်တမ်းမကြိုက်ဘူးမှတ်လား"

"......."

"ဟင်"

Doyoung သူ Jaehyun ကိုကြည့်ကာတိုးညှင်းတဲ့လေသံနဲ့မေးလိုက်ပြီး

"ကော်ဖီကတော့ငါထားတာမှန်ပေမယ့်.....သခွားသီးကင်ချီကတော့စားပါတယ်"

"အော်"

Doyoung သူအရူးလုပ်ခံလိုက်ရသလို မသက်မသာရယ်လိုက်ရင်း

"မသိခဲ့ဘူးပဲ...ငါက Liam ပေးတယ်လို့ထင်ခဲ့တာ sorry"

"မဟုတ်တာ ငါကသောက်စေချင်တာပါ တကယ်ကငါလည်းအဲ့အရသာကြိုက်တယ် မနက်ဆိုအိမ်မှာသောက်ပြီးမှကျောင်းလာတာလေ အဲ့ကြောင့်မင်းအတွက်ပါယူလာပေးတာပါ သပ်သပ်ကြီးမဟုတ်ပါဘူး"

"အင်း...."

"ဟို အဲ့တာဆိုငါရေသွားချိုးလိုက်ဦးမယ်နော်ကွန်ပြူတာဖွင့်ထားလို့ရတယ်"

Jaehyun ပြောပြောဆိုဆို ရေချိုးခန်းထဲအမြန်ဝင်သွားပြီး အဲ့ခါကျမှ သူသက်ပြင်းချရသည်....ဟူးးပေါ်တော့မလို့ အားးတကယ်ပါပဲ အဲ့တာအမေကြောင့်

xxxxxxxxxx

အဲ့လိုနဲ့သူတို့နှစ်ယောက်ညနက်တဲ့အထိစာလုပ်လိုက် စကားပြောလိုက်နဲ့ 11:00 PM လောက်ကျတော့ Doyoung ဆီ Liam ဖုန်းဝင်လာကာ

📞Hello Liam

📞အင်း..အိပ်ပြီလား

📞ဟင့်အင်း မအိပ်သေးဘူး Liamကော

📞ခဏနေအိပ်တော့မှာမို့ ဆက်လိုက်တာ Doyoung ကိုယ်မင်းကိုလွမ်းလို့ Video Call ဖွင့်လိုက်ပါလား

📞အာ...ဖွင့်လို့အဆင်မပြေဘူး

📞ဘာလို့လဲ

📞မဟုတ်ဘူး..ဟိုဘေးမှာအမေရှိလို့

📞အော်..အိုကေ အဲ့တာဆိုလည်း အိပ်ပြီနော် Good Night အရမ်းချစ်တယ် အာဘွား😘

📞အင်း

📞ပြန်ပြောလေ

📞Good Night....ချစ်တယ်

Jaehyun နားမထောင်ဘူးလုပ်ထားရင်းနဲ့ချစ်တယ်ဆိုတဲ့ စကားသံအဆုံးမှာ မျက်လုံးစုံမှိတ်ချလိုက်ရင်း...အခန်းထဲကထွက်သွားလေသည်။

xxxxxxxxxxxxx

Jaehyun အခန်းထဲပြန်ဝင်လာတော့ မွေ့ယာပေါ်မှာအိပ်ပျော်နေပြီဖြစ်သည့် Doyoung အားနူးနူးညံ့ညံ့ကြည့်လိုက်ပြီး..သူ့ခေါင်းအုံးအားယူ၍ကုတင်အောက်မှာအိပ်ဖို့လုပ်လိုက်တဲ့အချိန် ယုန်ပေါက်လေးကနိုးလာပြီး

"ဟင် Jaehyun ဘယ်သွားမို့လဲ ဒီမှာမအိပ်ဘူးလား"

"ရတယ်အိပ်ပါ..ငါအောက်မှာအိပ်မို့"

"ဟမ် မအိပ်ရပါဘူး ဒီလောက်ကုတင်အကျယ်ကြီးကို အိပ်ချင်းအိပ်ငါအောက်မှာအိပ်မှာပေါ့"

သူတို့နှစ်ယောက်စကားနိုင်လုနေရင်း နောက်ဆုံး

"ဒီမှာပဲအိပ်တော့"

"အင်းပါ"

အားးးKim Doyoung ငါဘယ်လိုလုပ်မင်းနဲ့တကုတင်တည်းအိပ်ရမှာလဲ တစ်ညလုံးအိပ်မပျော်အောင်လို့လား စိတ်မထိန်းနိုင်လို့နမ်းမိရင်ဘယ်လိုလုပ်မလဲ

Jaehyun သူမြန်မြန်လှဲလိုက်ပြီး Doyoung အားကျောပေး၍ဟိုဘက်လှည့်အိပ်လိုက်တော့

"Ya Jeong Jaehyun"

"ဟင်"

"အိပ်တော့မို့လား"

"အင်း"

"အဲ့တာဆိုလည်းပြီးကော Good Night"

...........

တစ်နာရီလောက်ကြာတဲ့အထိ Jaehyun အိပ်မပျော် သူ Doyoung ဆိီကထွက်လာတဲ့တိုးညှင်းတဲ့အသက်ရှူသံလေးအားနားထောင်နေရင်း သူဒီဘက်လှည့်ကြည့်လိုက်တော့ ယုန်ပေါက်လေးက သူ့ဘက်သို့မျက်နှာပေးထားကာ သူမီးမှိန်မှိန်လေးအောက်ကနေ Doyoung ရဲ့မျက်နှာအား သေချာအသေးစိတ်ကြည့်မိတော့ ရှည်လျားတဲ့မျက်တောင်စိတ်စိတ်လေးတွေ ကော့ညွတ်နေတဲ့နှုတ်ခမ်းသားနုနုလေး မျက်နှာသွယ်သွယ်လေးမှာ ပါးမို့မို့လေးတွေက ယုန်ပေါက်လေးအလား မျက်ခွံပေါ်သို့ ဝဲကျနေတဲ့ အရှေ့ဆံပင်လေးတွေက ကပိုကရို သူအဲ့ဆံပင်​တွေကိုလက်လေးနဲ့သပ်တင်ပေးလိုက်ပြီး....အဲ့နောက်

သူ Doyoung မျက်နှာအနီးနားကပ်သွား၍ Doyoung နဖူးလေးအပေါ် ဖွဖွလေးနမ်းလိုက်ကာ...

ငါတော့မင်းကိုအရမ်းချစ်နေမိပြိီထင်ပါတယ်

_______________________________________

Falling For U (JaeDo)Wo Geschichten leben. Entdecke jetzt