Chapter-16

99 13 4
                                        

"လာ ဒါ ငါ့အခန်း"

"အင်း...ငါ့အခန်းထက်အများကြီးပိုကျယ်တာပဲ"

"ကော်ဖီသောက်မလား"

"အင်း"

"အင်းအဲ့တာဆို ခဏစောင့်ရေချိုးချင်လည်းရတယ်နော် မင်းပြီးမှငါချိုးလိုက်မယ်"

"Okay"

xxxxxxxxxxxx

Jaehyun သူအောက်ထပ်အမြန်ဆင်း၍Doyoung အကြိုက်ကော်ဖီမှုန့်အားသွားနှပ်ထားလိုက်ပြီး အဲ့အချိန်Doyoung ကတော့ ရေချိုးခန်းထဲဝင်သွားလေသည်။
Doyoung ရေချိုးပြီးပြန်ထွက်လာတဲ့အထိ Jaehyun အခန်းထဲပြန်မရောက်သေးပေ အဲ့တာနဲ့သူလည်း အခန်းထဲမျက်လုံးဝေ့ကြည့်လိုက်တော့

"ဟင် ငါလိုချင်တဲ့ Crochet အရုပ်လေးနှစ်ရုပ်ပါလား"

တကယ်က Jaehyun မှာအညိုရောင်အရုပ်လေးပဲကျန်တော့ပေမယ့်သူ့အဖွားက Pink အရုပ်လေးပျောက်သွားပြီအထင်နဲ့ပြန်ထိုးပေးထားသောကြောင့် Jaehyun သူ့အခန်းထဲပြန်ထည့်ထား​ခြင်းဖြစ်သည်။

အဲ့အချိန်Jaehyun ကော်ဖီခွက်နှစ်ခွက်ကိုင်၍ ဝင်လာချိန်

"အော်"

Doyoung လက်ထဲမှာ အဖွားထိုးပေးထားတဲ့Tokki ပန်းရောင်လေးပဲ....ဟူးး

"ကော်ဖီသွားဖျော်နေတာ"

"အကြာကြီးပဲ"

"အင်းအချိန်ပေးရလို့လေ...သောက်ကြည့်"

Doyoung ကော်ဖီခွက်အားလှမ်းယူလိုက်ပြီးတစ်ငုံသောက်ကြည့်လိုက်ချိန်

ဟင်...ဒီအရသာ ဒါကျောင်းမှာငါ့ခုံပေါ်မှာလာထားနေကြအရသာပဲ မဟုတ်မှလွဲရော

Doyoung မယုံနိုင်စွာဖြင့်jaehyun အားကြည့်လိုက်ပြီး

"Jaehyun"

"ဟင်"

"ငါမေးတာအမှန်တိုင်းဖြေပေးမလား"

"ဘာမေးမို့လဲ...ဘာလို့ရုပ်ကအတည်ကြီးဖြစ်နေရတာလဲ"

Jaehyun ရယ်ကျဲကျဲဖြင့်လှမ်းပြောလိုက်ပြီး

"ငါ့ခုံပေါ်မှာကော်ဖီအမြဲလာတင်ထားတာ မင်းလား"

"......"

Falling For U (JaeDo)Where stories live. Discover now