Chapter-5

143 11 10
                                        

အချိန်တွေတရွေ့ရွေ့ကုန်လာတာနဲ့မျှ Jaehyun ရဲ့ Doyoung အပေါ်ထားတဲ့ချစ်ခြင်းတွေက ထုတ်ပြောမလိုလုပ်လိုက်တိုင်း သတ္တိမရှိလို့မပြောဖြစ်လိုက်တိုင်း အဲ့လိုနဲ့ စာသင်နှစ်တစ်ဝက်သာကျိူးသွားတယ် သူကတော့ Friend Zone ဆိုတဲ့စည်းကိုမကျော်နိုင်ခဲ့ဘူးရယ်

ဒီနေ့ကျောင်းပိတ်ရက်ဖြစ်တာကြောင့် Jaehyun & Doyoung ဆိုးလ်မြစ်မှာ အတူစက်ဘီးစီးဖို့ချိန်းထားကြပြီး Jaehyun ဒို​ယောင်းကိုစောင့်နေခိုက်ခပ်လှမ်းလှမ်း သူ့ကိုတာ့တာပြနေတဲ့ ဒိုယောင်းကိုတွေ့တော့ ပြုံးသွားပြီး

"Sorry ငါနည်းနည်းနောက်ကျသွားတယ်"

"ရပါတယ် ငါလည်းစောနကမှရောက်တာ"

"ကြည့်ကောင်းနေပါလား ကျောင်းဝတ်စုံနဲ့မဟုတ်လို့များလား"

လို့သူစလိုက်တော့

"အဲ့တော့ငါကကျောင်းဝတ်စုံနဲ့ဆိုကြည့်မကောင်းဘူးပေါ့"

"မဟုတ်ပါဘူး နောက်တာ"

အဲ့လိုနဲ့သူတို့စက်ဘီးပတ်စီးရင်းတစ်နာရီလောက်ကြာသွားတော့ သူတို့နှစ်ယောက် စတိုးဆိုင်ထဲဝင်ပြီး ခေါက်ဆွဲပြုတ်စားကြဖို့လုပ်တော့

"မင်းယူမှာ ဒီဘူးလား"

"ဟုတ်တယ် မင်းရေခဲမုန့်စားဦးမလား"

"အင်း Doyoung အဲ့တာဆို ရေခဲမုန့်ယူပြီးအရှေ့ခုံမှာသွားစောင့်နေလေ ငါခေါက်ဆွဲပြုတ်ဘူးရေထည့်ပြီးယူလာခဲ့မယ်"

"Okay"

"ရော့ sausage ပါထည့်လာခဲ့လိုက်တယ်"

"Oh thank you"

အဲ့လိုနဲ့ခဏအကြာ Doyoung က Seoul မြစ်ကိုကြည့်နေရင်းတစ်ခုခုကိုတွေးနေတဲ့ဟန်နဲ့ သူ့အားမေးခွန်းထုတ်လာသည်

"Jaehyun မင်းသဘောကျတာနဲ့အချစ်နဲ့ အတူတူပဲလို့ထင်လား"

Jaehyun မထင်မှတ်ထားတဲ့မေးခွန်းကြောင့် ခဏမျှဘာပြန်ဖြေရမှန်းမသိခင် အဲ့နောက်မှ

"ဘယ်လိုပြောရမလဲ သဘောကျတာကနေလည်း အချစ်ဖြစ်သွားနိုင်ပေမယ့် အချစ်ကတော့ ဒီအတိုင်း အကြောင်းပြချက်မရှိဘူးလို့ပဲထင်တယ်"

Falling For U (JaeDo)Where stories live. Discover now