နောက်နေ့မနက် Jaehyun ကျောင်းသွားခါနီး သူကုတင်ခေါင်းရင်းနားမှာ ထားထားတဲ့ Tokki ပန်းရောင်လေးနဲ့အညိုလေးကိုကြည့်ကာ သူအစက အဲ့အရုပ်လေးနှစ်ရုပ်ကို cp သဘောမျိုးအနေနဲ့ထိုးထားတာဖြစ်ပြီး အခုတော့ အဲ့အရုပ်လေးနှစ်ရုပ်ထဲက Pink အရုပ်လေးကို ယူလိုက်ကာ
Doyoung ကိုဒါလေးပေးလိုက်မယ် ပြီးတော့ အညိုလေးကိုတော့ ငါပဲယူထားလိုက်တော့မယ် သူ မြင်ရင်အရမ်းသဘောကျသွားမှာ Jaehyun အစက သူကိုယ်တိုင်ပေါ်တင်ပေးဖို့စိတ်ကူးမိပေမယ့် သူ့ကို ဒိုယောင်းတစ်မျိုးထင်မှာစိုးတာကြောင့် Doyoung မသိအောင် သူ့ခုံအောက်မှာထားထားဖို့ပဲ စိတ်ကူးလိုက်ကာ သူအခန်းထဲမှမြန်မြန်ထွက်လာပြီး အောက်ကိုဆင်းဖို့ပြင်တော့
"Jaehyun ကျောင်းကိုအစောကြီးပဲ ဘာသွားလုပ်မှာလဲ"
"အာ သားစက်ဘီးနင်းပြီးသွားမှာဆိုတော့ အချိန်ဘယ်လောက်ကြာလဲ မခန့်မှန်းတတ်လို့ အဲ့တာကြောင့် စောသွားမို့"
Jaehyun မနေ့ညက ညတွင်းချင်းပင် သူ့အမေအားပူဆာကာ Battery စက်ဘီးဝယ်ခိုင်းထားတာဖြစ်သည်။
"ဒါနဲ့ ဘာလို့ကားနဲ့မသွားချင်တော့တာလဲ ရိုးကောရိုးရဲ့လား"
"ရိုးပါတယ် မာမီကလည်းအပြောင်းအလဲပေါ့ ကျန်တဲ့ကျောင်းသားတွေကလည်း စက်ဘီးနဲ့အလာများတာကို သွားပြီနော်"
သူ သူ့အမေပြောတဲ့စကားတောင်ဆုံးအောင်နားမထောင်တော့ပဲ အပြေးဆင်းလာကာ သူ့စက်ဘီးလေးသည် ဒီနေ့ သူ့နံနက်ခင်းလေးဆီသို့
xxxxxxxxxxxx
ကျောင်းရောက်တော့ သူထင်တဲ့အတိုင်းဘယ်သူမှမရောက်ကြသေး သူ့ကျောပိုးအိတ်ထဲက ပန်းရောင် ယုန်အရုပ်လေးအားထုတ်လိုက်ကာ ဘယ်သူမှဝင်မလာသေးတာသေချာပြီဆိုမှ Doyoung ခုံအောက်ထဲထည့်ထားလိုက်ပြီး......သေချာပေါက်ဘယ်သူပေးတာလဲသိချင်မှာပဲ
နောက်မှ...နောက်မှပဲ ငါဆိုတာ ဝန်ခံပါ့မယ်
အဲ့လိုနဲ့ ကျောင်းတက်ခါနီး Doyoung အခန်းထဲဝင်လာတော့ သူရင်ခုန်သံတွေသည်ပုံမှန်ထက် နှစ်ဆမြန်လာပြီး သူDoyoung အားမကြည့်မိအောင်နေကာမှ သူ့အကြည့်တွေသည် Doyoung ဆီသို့ အဲ့ချိန် ခုံအောက်ထဲက Tokki အရုပ်လေးအားတွေ့သွားသည့် Doyoung က သူ့ဘက်ခြမ်းသို့ လှည့်ကြည့်လိုက်တာကို တွေ့တော့ သူရင်ထဲ ဒိန်းခနဲ စောင့်တက်သွားသလို
YOU ARE READING
Falling For U (JaeDo)
Fanfiction"The world keeps taking me away from you one step at a time So why are tears flowing now?"
