သူပြန်သတိရလာချိန်မှာတော့ ဆေးရုံမှာဆေးပိုက်တန်းလန်းဖြင့် ကုတင်ပေါ်လှဲလျောင်းကာ တယောက်ထဲ အထီးကျန်လို့နေသည်..
" လူနာ သတိရပြီလား.လူနာရှင် စီဖုန်းဆက်လို့ရအောင် ဖုန်းနံပါတ်လေးပေးပါလား "
" မရှိဘူး "
" ရှင် "
" မရှိဘူးလို့ "
စကားပြောနေရင်းစီးကျလာတဲ့ မျက်ရည်တို့ကိုသုတ်ကာ လက်မှာထိုးသွင်းထားတဲ့ ဆေးထိုးအပ်ကိုဆွဲဖြုတ်လိုက်သည်.
"လူနာ မဖြုတ်နဲ့လေ "
" မလိုဘူး ကျွန်တော့အဝတ်အစားတွေရော "
" အဲ့ထဲမှာပါ လူနာ "
Taehyung ဟာ သူနာပြုတားလည်းမရဆေးရုံကနေထွက်လာခဲ့တော့သည်. ခုသူပုံစံကို Jungkook သာမြင်ရင်ဘယ်လောက်စိတ်တွေပူပြီးစိုးရိမ်သွားမလည်း ဆေးရုံအိမ်သာခန်းထဲ အဝတ်အစားလဲရင်းကိုယ့်မျက်နှာကိုယ်ကြည့်လိုက်တော့ သွေးမရှိတဲ့လူတယောက်လို ဖြူဖွေးလို့ ခန္တာကိုယ်ရဲ့အပူရိုန်ကလည်းတစတစတိုးလို့နေသည်. ဆေးရုံရှေ့ Taxi ငှားကာ စက်ရုံသို့ပြန်လာခဲ့တော့သည်..
စက်ရုံကို Jungkook က အရင်လာရှာခဲ့ပြီး သူကဆေူရုံတက်နေရတာကြောင့် အဲ့ဒီမှာလွဲသွားကြသည်..
Impersonator Lover
ပြသာနာတွေဖြစ်ပြီးတော့မှ Taehyung ရဲ့ဒီဇိုင်းကလည်းထွက်လာသည်..အောင်မြင်လိုက်တာကလည်းဝက်ဝက်ကွဲ အရင့်အရင်ရောင်းအားစံချိန်တွေကိုကျော်ကာချိုးချသွားလိုက်တာ..ကုန်တိုက် တွေမှာတင်မလောက်ကိုဖြစ်လို့..
အိပ်ခန်းလေးထဲ ဖုန်း screen ပေါ်ကနေ သတင်းတွေမှန်သမျှကိုထိုင်ကြည့်နေတဲ့ Taehyung..
သတင်းမီဒီယာတွေမှာ CEO တယောက်အနေနဲ့ ဒီလောက်အောင်မြင်နေမှုကို အင်တာဗျူးတွေများဖြေလေမလားဆိုပြီး အမြဲမျှော်လင့်ကာတွေ့ချင်နေခဲ့ပေမယ့် သူထွက်သွားတဲ့နေကစပြီး နောက်နေ့ဒီဇိုင်းထွက်ထဲက လုံးဝပေါ်မလာတဲ့ Jungkook..တချို့တချို့သော မီဒီယာတွေကတော့ ခရီးထွက်နေလို့ဆိုတဲ့ ခန့်မှန်းချက်တွေနဲ့သာ ဖြေသိမ့်ရင်းနေနေကြရသည်..