မျက်နှာချင်းဆိုင် ထိုင်နေရာကနေထကာ Taehyung နားကို သွားထိုင်လို့ ခေါက်ဆွဲကို တကယ်မှုတ်ပြီးခွံကျွေးဖို့လုပ်နေတဲ့ Jungkook..
Taehyung မှာ သူက​​နောက်ပြီးပြောလိုက်ပေ
မယ့်တကယ်လုပ်ပေးနေတာကြောင့် ခေါက်ဆွဲပန်းကန်ပြန်ဆွဲကာ

" ငါနောက်တာ သွားကိုယ့်ဘာသာသွားစား ခေါက်ဆွဲတွေပွကုန်မယ် "

" ဟင့်အင်း လုပ်ပေးချင်လို့ "

" ရပါတယ်ဆို "

Taehyung ဟာခေါင်းလေးစောင်းလို့ ပန်းကန်ကိုပြန်ဆွဲရင်းပြောလိုက်ပေမယ့် Jungkook ကလည်းပန်ကန်ကိုပြန်ဆွဲထားတာကာ

" Tae "

" ငါ...အွန့် "

Taehyung ရဲ့ပါးပြင်လေးတဖက်ကိုအုပ်ကိုင်ကာ နှုတ်ခမ်းလေးကိုအနမ်းပေးလာတဲ့ Jungkook..တဖြေးဖြေးနှစ်ဦးသားအနမ်းတို့ထပ်တူညီလာချိန်မှာတော့ ခေါက်ဆွဲတွေကအေးကာ ပွလုဆဲဆဲဖြစ်လို့နေပြီ..ထိုအချိန်ဖုန်းဝင်လာလို့သာ ခေါက်ဆွဲအေးလေးစားလိုက်ရတော့ သည်..

" omma ဆက်တာ "

" အင်းကိုင်လေ ခေါက်ဆွဲတောင်အေးသွားပြီ "

* nae omma *

* ဟုတ်သားသေချာဂရုစိုက်တာပေါ့ *

*nae လာခဲ့မယ် omma nae *

" ကိုကို ဘာတဲ့လည်း "

" omma က အိမ်လာခဲ့အုံးတဲ့ "

" ညနေသွားကြမယ်လေ "

" အချစ်ဂိမ်းမဆော့ကတော့ဘူးပေါ့ "

ခေါက်ဆွဲကိုခေါင်းလေးငုံ့ကာစားနေရာကနေ ခေါင်းလေးစောင်းကာ မျက်လုံးလေးစောင်းလို့
လှည့်ကြည့်လိုက်တဲ့ Taehyung..Jungkook ကတော့ Taehyung ဘယ်လိုလုပ်ပြပြသူမှာချစ်နေရတာနဲ့တင် အပြုံးမပျက်နိုင်တော့..

Impersonator Lover

" Tae အကျီက မပါးဘူးလား "

" အရမ်းမှမအေးတာ "

" ဒီနေ့ radio ကကြော်ညာထားတယ် မိုးရွာမယ်တဲ့ အေးလိမ့်မယ် "

" ကိုကို တယောက်လုံးရှိနေတာပဲ "

" ဟားဟားဟား ဟုတ်ပါပြီ ဗျာ ရင်ခွင်ထဲ ကိုဆွဲ
ထည့်ပြီးညစ်ထားမှာ "

Impersonator Lover (complete) Where stories live. Discover now