Jungkook ရဲ့ ခါးလေးဖတ်လို့တီတီတာတာပြောကာအနောက်ကနေတကောက်ကောက်လိုက်လို့နေပြီး သူအနောက်က Taehyung ကိုလှည့်ကြည့်ကာ နှစ်ယောက်သားကိုယ့်ဘာသာပြောပြီး တယောက်မျက်ရာတယောက်ကြည့်လို့ ရီမိတော့သည်..

Impersonator Lover

ဟင်းချက်နေတဲ့ တချိန်လုံးအနောက်ကနေခါးလေးဖတ်လို့ လုပ်သမျှကြည့်နေတဲ့ Taehyung..
မုန်လာဥနီလေးလှီးကာ ခွံကျွေးလိုက်တော့ နှုတ်ခမ်းလေးတထော်ထော်နဲ့ တကျွတ်ကျွတ်ဝါးစားကာ ကုန်ခါနီးမှာခေါင်းလေးမော့လို့ နှုတ်ခမ်းဝမှာ လက်တဆစ်စာလောက်လေးကို Jungkook ကို အွန့်ဆိုပြီး ပြန်ကျွေးနေတဲ့ Taehyung..
မုန်လာဥရော ခွံကျွေးနေတဲ့ နှုတ်ခမ်းလေးကိုပါငုံကာ အပိုင်သိမ်းလိုက်တဲ့ Jungkook..

" မုန်လာဥထက် နှုတ်ခမ်းလေးကပိုချိုနေတယ် "

" ဟီးဟီး ကိုကို ဒါပြီးရင် Tae တို့ဂိမ်းဆော့ကြမလား "

" အချစ်ဂိမ်းလား "

အိမ်မှာနေရင်းစွတ်ကျယ်ဝတ်ထားတာကြောင့်ပေါ်နေတဲ့ Jungkook ရဲ့လက်မောင်းကိုကိုက်လိုက်တော့သည်..

" အားး Tae "

" ဟွန့် "

Impersonator Lover

"ကဲရပါပြီ အမဲသားခေါက်ဆွဲပူပူလေးကို သုံးဆောင်ဖို့ စားပွဲခုံမှာသွားထိုင်နေပါ သခင်လေး "

" ကဲကောင်းပြီ ဒီသခင်လေး မြည်းစမ်းကြည့်တာပေါ့ "

" ဟားဟားဟား Tae ရာချစ်ဖို့ကောင်းလို့ တကိုယ်လုံးမြိုချလိုက်ချင်တော့တယ် "

သူရဲ့ရှေ့မှာခါးလေးထောက်လို့ပြောနေတဲ့ Taehyung ရဲ့ပါးနှစ်ဖတ်ကိုအသဲတွေယားကာဆွဲညစ်လိုက်သည်..

" ပူတယ်နော် ဖြေးဖြေး "

" ဒါဆို ကိုကိုမှုတ်ကျွေး "

အောက်နှုတ်ခမ်းထော်ကာ တောင်းဆိုလိုက်တဲ့ Taehyung ရဲ့အမှုအယာလေးကြောင့် Jungkook မှာပါးစပ်အဟောင်းသား သူမှာချစ်ပြီးရင်းချစ်ကာ အသဲတွေရောအူတွေပါယားလို့နေပြီ..

" နေမကောင်းလေးခဏဖြစ်တာဘာလို့အဲ့လောက်ချစ်ဖို့ကောင်းသွားတာလည်း မရတော့ဘူး အရမ်းတွေချစ်မိနေပြီ "

Impersonator Lover (complete) Where stories live. Discover now