မင်းရဲ့လက်ထပ်ပွဲ

Start from the beginning
                                    

သူအချစ်ရဆုံးလူတွေကိုမှ ရွေးထိနေသည့်နောက်ကွယ်မှာ ရှိနေသူကဘယ်သူဖြစ်မည်လဲ..။

စိုင်းရှားယံခိုက်

ဒါမှမဟုတ် တစ်ခြားတစ်ယောက်လား

ဤအရာများသည်သဘာဝကျကျဖြစ်လာတယ်လို့သူမထင်ပါ..။
ဖေဖေပြောခဲ့သလို လူတွေကိုခွေးတစ်ကောင်လောက်အယုံအကြည်မထားဖို့...

ဒါကြောင့်ပဲ သူမယုံကြည်ခဲ့ပေမဲ့
မေမေ့ရဲ့ဆုံးရှုံးခြင်းနဲ့တစ်စုံတစ်ယောက်ကိုချစ်မိခြင်းဟာ သူ့ကိုအားနည်းသွားစေခဲ့သည်..။

သူ့ကိုထိတဲ့ကောင်ဟာ မသေမျိုးဆိုရင်တောင် ဖြတ်တောက်ပစ်မည်..။

စိုင်းရှားယံခိုက် ဟုတ်ဟုတ်မဟုတ်ဟုတ်
အပြင်မြန်မြန်ထွက်ရဖို့ အသုံးဝင်နေသည့်လူမလို့ အသုံးချပေးရဦးမှာပဲ...

စိုင်းရှန်ဟတ် ဆိုတဲ့ကောင်က အမှားကိုနှစ်ခါလုပ်မှာမဟုတ်တဲ့ကောင်ပဲမလို့...

သူ့ကိုပေးထားတဲ့အကောင်းဆုံးအခန်းဟုဆိုနိုင်သော်လည်း အေးစက်တဲ့ထောင်နရံတွေဟာ အေးစိမ့်စိမ့်လေတွေကိုမကာကွယ်ပေးနိုင်ခဲ့..။

မနက်ဖြန်အတွက်ရှင်သန်ဖို့အိပ်စက်ဖို့ကြိုးစားလိုက်ပါသည်..။

''မောင်မင်းကိုလွမ်းတယ်''

....

''ဟိုမှာမိုးကျရွှေကိုယ် သူဋ္ဌေးသားလေးမလို့လား''

အုတ်ပုံတွေဘေးမှာထိုင်နေသည့် ရှန်ဟတ်ကို လက်ညှိုးညွှန်ပြလာတာကိုကြည့်ရင်း ထောင်လူမိုက်တွေ မဲ့ချမိသည်..။

ဘယ်လောက်ပဲကျန်တဲ့ကောင်တွေကိုနိုင်စားအနိုင်ကျင့်လို့ရပေမဲ့ နောက်ခံနဲ့ကောင်တွေကိုတော့မထိသင့်မှန်းသူတို့သဘောပေါက်ကြသည်ပင်..။

အကျဥ်းသားဝတ်စုံနဲ့တောင် ဖြူဆွတ်ဆွတ်အသားအရည်
ငွေဖြူလွဆံပင်တွေနဲ့ မေးရိုးချွန်တွေကဖုံးကွယ်မရအောင် ချောမောလွန်းနေသည်မလို့ လူမိုက်တွေလျှာတသပ်သပ်နှမြောတသပင်..။

''ယောကျာ်းရောစစ်ရဲ့လားကွာ''

''လူသတ်မှုနဲ့ဝင်လာတာဗျ
အဲဒါတောင်တစ်နှစ်ပဲကျတာ
နောက်ခံဘယ်လောက်မြင့်လဲတွေးကြည့်တော့''

လေပြည်မရှိသောအရပ် (season2)Where stories live. Discover now