*ကလင်....ကလင်...*

ဖုန်းကိုဖြေနေတုန်းပဲ ရုံးခန်းရှေ့ကဖုန်းကပါမြည်လာတော့ကျင်းရန်ကဖြေကြားနေတော့လည်း အဒေါ်ကိုတောင်းပန်ရသည်။

"မြို့အုပ်၀မ် ဦးလေးစီကဗျ..."

"ဘာတဲ့လဲ..."

"မင်းယောကျာ်းကိုမင်းထိန်းစမ်းကွာ....သူမွှေသီးလုပ်သွားတာ အခုငါ့မိန်းမနဲ့ငါနဲ့ကွဲတော့မယ်"

"...."

မင်းကတော်ကို နောက်တစ်ခါဖုန်းမဆက်ဖို့မှာတဲ့သူတွေကတစ်မျိုးလုံးနီးပါး ရှောင်ကျန့်ကတစ်ကယ့်ကို အမွှေစိန်ပါပဲလား ။

"ရှောင်ကျန့်ကိုသွားခေါ်ချည်...."
------------
အိမ်တော်မှာနေရတာထက်စာလျှင် မြို့အုပ်၀မ်နောက်တစ်ကောက်ကောက်လျှောက်လိုက်ရတာ နေရာစုံရောက်ဦးမည် အခုသူက ကာယဗလပြပွဲကိုရောက်နေတာပင် ဘာလို့မှန်းတော့မသိပေမဲ့လည်း ဒီပွဲ‌မှာ အထက်လူကြီးတွေ တက်ရောက်ကြတယ် ‌။

ပွဲက တော်တော်လေးကြာတော့ပြီးသွားပြီပင် ရှောင်ကျန့်ကအနိုင်ရသူကို ဂုဏ်ပြုစကားသွားပြောသည် ။

"ထိလို့ရမလားဟင်...."

"ဗျာ...အာ...ရတာပေါ့..."

သူတို့ဗိုက်သားမှာ ပေါ်နေတဲ့အမြောင်းတွေက လုံး၀ကို မိုက်လွန်းတယ် ရှောင်ကျန့်ထိဖို့အတွက်လက်လှမ်းလေးပဲလှမ်းရသေးတယ် ။

"ရှောင်ကျန့်! အခုတော့လက်ပြန်ကောင်းနေတယ်ပေါ့...."

"နေပါဦးဗျ.... ခဏလေးထိတာပဲကို..."

"လာ....မင်းယောကျာ်းငါ့စီမှာရှိတယ် အိမ်ကျမှအကြိုက်ကိုင်..."

မြို့အုပ်၀မ်က သူ့လက်ကိုဆွဲကာ ထွက်သွားတော့သည် သူခေါ်လို့လည်းလိုက်လာရသေးတယ် ဂုဏ်ပြုစကားလေးပြောတာကို ဘာဖြစ်နေမှန်းကိုမသိတာ ။

အခြားအားကစားပွဲတွေဖြစ်တဲ့ ဘောလုံး ၊ ဘောလီဘော၊ အပြေးပြိုင်တာ ၊ ရေကူးပြိုင်တာ ၊ သံလုံးပစ်တာ အဲ့တာတွေကို‌လိုက်ကြည့်ရသည် မကြာမီ‌ ဆောင်းရာသီအားကစားပွဲတော်လာမှာဖြစ်တာကြောင့် အခုထဲကကြီးကြပ်တာဖြစ်ပါလိမ့်မယ်။

Beta ယောင်ဆောင်သောမြို့အုပ်ကတော် ( Complete)Where stories live. Discover now