" ခဏလောက်ဖတ်ပေးလို့ရအုံးမလား "

Taehyung စီက ခွင့်တောင်းသံလေးကြားတော့ ဆန်ပြုတ်မွှေနေတဲ့ ဇွန်းကိုချကာ Taehyung ဘက်လှည့်လို့ လက်ကိုကားကာရင်ခွင်ထဲဝင်လာဖို့ဖိတ်ခေါ်လိုက်သည်..

" လာခဲ့ "

ပြုံးပြကာသူရဲ့ခါးကိုဖတ်လို့ ရင်ဖက်နဲ့မျက်နှာလေးအပ်လို့ထားတဲ့ Taehyung..

" နွေးနေတာပဲ "

" Tae ဒီနေ့အလုပ်နားလိုက်နော်.. အိမ်မှာတယောက်ထဲနေခဲ့လို့ဖြစ်မလား.ဒါမှမဟုတ် omma တို့နဲ့သွားနေမလား "

" ရပါတယ် အိမ်မှာပဲနေခဲ့မယ်.. ဟို.."

" ပြောလေ Tae "

ရင်ခွင်ထဲကနေခေါင်းလေးမော့လို့ တောင်းဆိုလိုက်တဲ့စကားအသံလေးက အားမရှိ..သူပါအလုပ်မသွားချင်အောင်မြူဆွယ်နေသလို..

" ညနေစောစောပြန်ခဲ့နော် "

ဒီလိုချိန်မျိုးအနားမှာရှိနေပြီးတနေ့လုံးဖတ်ထားချင်ပေမယ့် မနေ့ကကိစ္စကိုအချိန်ဆွဲမနေပဲဖြေရှင်းရမှာကြောင့် အလုပ်ကိုသွားရမှာကိုဖြစ်နေသည်..

" ဟုတ်ပါပြီဗျာ လာ ဆန်ပြုတ်သောက်ရအောင် "

Impersonator Lover

အိမ်ကကောင်လေးရှေ့မှာတော့ အပြုံးတွေဝေဆာလို့နေပြီး ထိုကောင်လေးရဲ့မျက်စိကွယ်ယာအရောက် ကားပေါ်တက်လိုက်တာနဲ့ မနေ့ကကိစ္စကိုရှင်းဖို့သာခေါင်းထဲဝင်လာပြီး ကုမ္မဏီ သို့ထွက်လာခဲ့သည်..

ဒုတိယအကြိမ် cctv မှတ်တန်းမှာလည်း ပထမတခါ Taehyung ကွန်ပျူတာကိုဖြတ်စီးတဲ့ လူပုံစံခန္တာကိုယ်အချိုးစားပဲ ဒီတခေါက် တံခါးကိုပိတ်တာလည်း ထိုလူပုံစံမျိုးပဲဖြစ်တာကြောင့် Jungkook ဟာ ကုမ္မဏီရောက်တာနဲ့ အစည်းဝေးခန်းထဲ လုံခြုံရေးဝန်ထမ်းတွေကိုခေါ်ကာ CCTV မှတ်တန်းကိုတော့ Hobi ကိုကြည့်ခိုင်းလိုက်သည်..

" ပြောပါအုံး လုံခြုံရေးခေါင်းဆောင် ပြောစမ်း!!! "

Jungkook ရဲ့အော်သံဟာ အစည်းအဝန်းခန်းတခုလုံးကိုဟိန်းထွက်သွားသလို စားပွဲကို လက်သီးဖြင့်ထိုးလိုက်တဲ့ အသံဟာလည်းနောက်ပါပဲ့တင်သံထပ်လို့..

Impersonator Lover (complete) Where stories live. Discover now