မကြိုက်သင့်သောတီချယ်🫀 P-32 End

Start from the beginning
                                    

"နင်တို့ဟာကလဲ မသိရင်ရုပ်ရှင်ကြည့်နေရသလို့ကြီး"
(ပျို)

"ဟုတ်ပ"
(သံစဉ်)

"သွန်းပြည့်ခင်ဆိုတဲ့မိန်းမကြောင့်မြန်မာကားဆန်သွားတာ သူကမြန်မာကားထဲအကွက်လုပ်မှတော့ကိုယ့်ကလည်းမြန်မာကားဆန်ရတာပေါ့"
(နွေး)

"သွန်းပြည့်ခင်မပါရင်ကိုရီးယားကားဆန်လောက်သေးတယ်နော်"
(လမင်း)

"ကိုရီးယားတွေရော မြန်မာတွေရော ရှုပ်နေတာပဲ"
(နှင်း)



"သေချာစဉ်းစားကြည့်ရင်နွေးကမလည်သလို့လေးနဲ့ တီချယ်ငယ်ကိုအပိုင်သိမ်းသွားတာပဲ "
(သံစဉ်)


"တီချယ်ငယ်လို့မိန်းမလှလေးကဒီဟာမကိုဘာကြည့်ကြိုက်လဲမသိ"
(လမင်း)



"မင်းတို့ရဲ့တီချယ်ငယ်ကကိုယ့်ကိုကြိုက်တာမဟုတ်ဘူး ချစ်တာကွ ချစ်တာ"
(နွေး)

'ဒီဖေ...ငါပြောလိုက်ရ မကောင်းရှိတော့မယ်"
(နှင်း)

"ကိုယ့်ကမှန်တာပြောတာလေ....နောက်ပြီတီချယ်ကကိုယ့်အတွက်မကြိုက်သင့်သောတီချယ်ပဲ အဲတာမင်းတို့သိထား"
(နွေး)

"ဟ ဘာလို့လဲ"
(သံစဉ်)

"ဘာလို့လဲဆိုရင် တီချယ်ကမကြိုက်သင့်ဘူးလေ ချစ်သင့်တာ...ကိုယ့်အတွက်ချစ်သင့်သောတီချယ်ပေါ့"
(နွေး)

"အော် ဟုတ်လား"
(ငယ်)

ဘယ်ချိန်ကတည်းကရောက်နေမှန်းမသိတဲ့ငယ်ကနွေးရဲ့စကားကိုကြားတော့နွေးအနောက်ကနေပြုံးရယ်ကာအသံပြုလိုက်သည်။

"ဟင် တီချယ် ဘယ်တုန်းကရောက်နေတာလဲ"
(နွေး)

"ရှင်ကျွန်မကိုမကြိုက်‌သင့်သောတီချယ်လို့ပြောနေကတည်းကပေါ့"
(ငယ်)

"ဟာ....တီချယ်ကလဲအသံလေးဘာလေးမပေးဘူး ရှက်စရာကြီး"
(နွေး)

"ထပ်ပြောပါဦး အဲစာသားလေးကို တို့ကြိုက်လို့"
(ငယ်)

"တကယ်လား"
(နွေး)

"တကယ်ပါရှင့်"
(ငယ်)

"တီချယ်ကကိုယ့်အတွက်မကြိုက်‌သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ ရပြီလား ကိုယ့်အမျိုးသမီးလေး"
(နွေး)

You've reached the end of published parts.

⏰ Last updated: Nov 07, 2023 ⏰

Add this story to your Library to get notified about new parts!

မကြိုက်သင့်သောတီချယ်🫀Where stories live. Discover now