မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၆)ကားပေါ်ကနေသတို့သမီး၀ယ်စုံနဲ့ပြေးဆင်းလာသည့်ငယ်။ဆေးရုံးရှိအချို့လူတွေကငယ်ကိုကွပ်ကြည့်ကွပ်ကြည့်နဲ့ကြည့်နေကြပေမဲ့ငယ်ဂရုမစိုက်နိုင်ပါ။အတွေးထဲမှာကလေးငယ်အဆင်ပြေဖို့ပဲတွေးမိသည်။
"ဟင် ဆရာမ ဘယ်လို့ရောက်လာတာလဲ အခုကလက်ထပ်ပွဲကျင်းပရမယ့်အချိန်မဟုတ်လား"
(ဦးသန့်ဖြိုးအောင်)"ကျွန်မထွက်ပြေးလာတာပါ..."
(ဒေါ်မာနငယ်)"ဘယ်လို့!"
(ဦးသန့်ဖြိုးအောင်)"ကျွန်မအမှန်အတိုင်း၀န်ခံပါရစေ ကျွန်မဦးထိန်လင်းအောင်ကိုမချစ်ဘူး ကျွန်မတကယ်မြတ်မြတ်နိုးနိုးနဲ့မေတ္တာသက်၀င်မိတာအစ်ကိုသမီးပါ"
(ဒေါ်မာနငယ်)"ဆရာမ ဒါနောက်စရာမဟုတ်ဘူးနော် ဆရာမကဘယ်လို့ဖြစ်ပြီးကျွန်တော်သမီးကိုချစ်ရမှာလဲ....မဖြစ်နိုင်တာတွေ"
(ဦးသန့်ဖြိုးအောင်)ထိုစဉ်နွေးမားမားကဦးသန့်ဖြိုးအောင်ကိုသတင်းတစ်ခုကိုပြလိုက်သည်။မြင်လိုက်ရသည့်ပုံတွေဦးသန့်ဖြိုးအောင်မေ့လဲချင်သလို့ဖြစ်သွားတော့သည်
"ဒါ...ရှင်သမီးမလား"
ဟုတ်ပါသည် ထိုပုံတွေမှာနွေးငယ်ကိုဖွင့်ပြောနေသည့်ပုံ၊နွေးနှင့်ငယ်နမ်းနေပုံ၊အကြည့်စိုက်နေပုံ၊ကျောင်းမှာလူမသိသူမသိခိုးတွေ့ခဲ့စဉ်ကပုံတွေပင်ဖြစ်သည်။အခြားပုံတွေကဆရာတပည့်မို့လို့ဆိုပြီးလိမ်ညာလို့ရပေမဲ့နမ်းနေပုံကလိမ်မရအောင်ပင်ဖြစ်နေတော့သည်။
"ဒါ...ဒါတွေကဘာတွေလဲ"
(ဦးသန့်ဖြိုးအောင်)"ကျွန်မရှင်းပြပါရစေ အစ်ကိုစိတ်အေးအေးထားပါ"
(ဒေါ်မာနငယ်)"ဘာလဲ ကျွန်တော်သမီးကဆရာမနဲ့တွဲနေတာပါဆိုပြီးပြောမလိုလား"
(ဦးသန့်ဖြိုးအောင်)"မဟုတ်..."
(ဒေါ်မာနငယ်)"ကျွန်တော်သမီးအခုလို့ဖြစ်တာဆရာမကြောင့်လား"
(ဦးသန့်ဖြိုးအောင်)
YOU ARE READING
မကြိုက်သင့်သောတီချယ်🫀
Romance"တီချယ်ကကိုယ့်အတွက်မကြိုက်သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ"