မကြိုက်သင့်သောတီချယ်🫀
အပိုင်း(၂၅)"အတ္တမကြီးမပါဘူးလို့ပြောရင်ကိုယ်လိမ်သလိုဖြစ်နေမလား...အချစ်ကသိပ်ကြောက်ဖို့ကောင်းတာပဲနော် တီချယ်....ဟန်ဆောင်ရတာတွေလဲများနေပြီ....... လောကကြီးကနေထွက်သွားချင်လာမိပြီ တီချယ်ရယ်"
တီချယ်ကိုဖွင့်ပြောခဲ့သည့်နေရာ၊အမှတ်တရတွေများတယ့်နေရာလေးဖြစ်သည့်နေ၀င်ချိန်အလှကိုမြင်တွေ့ရသည့်ပြတင်းပေါက်ရှိရမှာလက်လေးတင်ကာနွေးဆွေးနေမိသည်။
ထိုအချိန်တွင်ဖုန်း၀င်လာခဲ့သည်။"ဟယ်လို"
"......."
"အေ ဟုတ်တယ်"
"........"
"သေချာလုပ်ဖို့ကိုယ်မျှော်လင့်ပါတယ် စိတ်ချလို့ရတယ်မလား"
"......."
"ဟုတ်ပြီ အစ်ကိုပြောတဲ့အတိုင်းဖြစ်စေပေါ့"
ဟုပြောပြီးကုတင်ပေါ်သို့ဖုန်းကိုပြစ်တင်လိုက်ကာ နေ၀င်ချိန်၏အလှကိုဆက်ကြည့်နေမိသည်။ပုစွန်ဆီရောင်နေလုံးကြီးက ဒီနေ့ကြမှနွေးကိုလှောင်ပြောင်နေသလို့ပဲ...တောက်ပနေလိုက်တဲ့များ...အားကျချင်စရာအတိ။
နွေးကိုကိုနဲ့အတူရှိခဲ့စဉ်ကအကြောင်းတွေကိုပြန်စဉ်းစားရင်အကြောင်းအရာတစ်ခုကိုမှတ်မိပြီးပြုံးလိုက်မိသည်။"ကိုကို မေးစရာရှိလို့"
"မေးလေ နွေး"
"အချစ်ကိုဘယ်လို့မြင်လဲဟင်"
"အင်း...အချစ်ဆိုတာက ယုံကြည်မှု၊သစ္စာရှိမှု၊ပေးဆပ်ခြင်းလို့တော့ကိုကိုမြင်တယ်။လူတိုင်းကအချစ်ကိုမြင်တဲ့ပုံစံခြင်းတော့မတူကြဘူးပေါ့"
"ကိုကိုကဘာလို့အဲလို့မြင်တာလဲ"
"အချစ်ရေးတစ်ခုမှာသစ္စာရှိမှထိုအချစ်ရေးကခိုင်မြဲမယ်...ဒါပေမဲ့ယုံကြည်မှုမရှိရင်သစ္စာရှိမှုဆိုတာအလကားပဲ ချစ်ရင်တော့တစ်ဖက်လူကိုယုံကြည်ပေးရမယ် အဲဒီယုံကြည်မှုကိုရဖို့ဆိုရင်သစ္စာရှိရမယ်...ပေးဆပ်ခြင်းရဲ့သဘောကတော့ထိုအရာနှစ်ခုလုံးကိုတစ်ဖက်လူထံစိတ်ချယုံကြည်စွာပေးဆပ်ဖို့လိုတယ်... နောက်တစ်မျိုးကတော့ သူပျော်နေရင်ရပြီ သူစိတ်ချမ်းသာရင်သေဖို့တောင်၀န်မလေးဘူး ဒီလို့မျိုးပေါ့....ပေးဆပ်ခြင်းကတစ်ဖက်သတ်အချစ်တွေမှာဆိုသိပ်အရေးပါတဲ့အရာပေါ့"
YOU ARE READING
မကြိုက်သင့်သောတီချယ်🫀
Romance"တီချယ်ကကိုယ့်အတွက်မကြိုက်သင့်သောတီချယ်ပဲ ဘာလို့မကြိုက်သင့်တာလဲဆိုရင်ချစ်သင့်သောတီချယ်ဖြစ်နေလို့လေ"