"ဟုတ်လား…နာမည်ဘယ်လိုခေါ်လဲ..."

"ကျွန်မ နာမည်က ရာနီယာ အက်စတာရော့ ပါ"

“အက်စတာရော့…”

အာဆီလီယာ သည် အက်စတာရော့ ဟူသောအမည်နှင့် သိပ်မရင်းနှီးသောကြောင့် ရေရွတ်ကြည့်လိုက်သည်။ သူမ ပေါင်းသင်းဆက်ဆံနေသည့် လူမှုရေးလောကမှာ ထိုနာမည်မျိုး တစ်ခါမှ မကြားဖူးပေ။ခဏကြာမှပင် သူမသည် အက်စတာရော့ ဟူသော အမည်ကို ကြားခဲ့သည့်နေရာကို သတိရသွားခဲ့သည်။ သူမ အမုန်းဆုံး တတိယမင်းသမီး၏ မိသားစုဖြစ်ပင်။

"ဒါဆို နင်က တတိယမင်းသမီးရဲ့ မိသားစုဝင်လား..."

ရိုစီနာ သည် အက်စတာရော့ အမည်ကို စွန့်လွှတ်ခဲ့ပြီးဖြစ်၍ မိသားစုဝင်မဟုတ်တော့သော်လည်း ရာနီယာ က တစ်မျိုးပြန်ဖြေလိုက်သည်။

"ကျွန်မတို့က ညီအစ်မတွေပါ..."

အာဆီလီယာ က ‌မျက်မှောင်ကြုတ်၍  ပြင်းပြင်းထန်ထန် ကြည့်လိုက်တော့ သူမ မြန်မြန် ခေါင်းခါပြလိုက်သည်။ ဒုတိယမင်းသမီးက တတိယမင်းသမီး ရိုစီနာ ကို မုန်းတီးနေသည်ဟု သူမ တစ်နေရာရာက ကြားဖူးသည်။ထို့ကြောင့် သူမသည် ရိုစီနာ နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည်ဟု ဟန်ဆောင်ခြင်းထက် အမှန်အတိုင်း ရိုးသားခြင်းကသာ ပိုကောင်းသည်။

"ဒါပေမယ့် ကျွန်မတို့က သိပ်မရင်းနှီးပါဘူး"

ရာနီယာ နောက်ထပ်ဖြည့် ပြောသော စကားကြောင့် အာဆီလီယာ ၏ပါးစပ်ထောင့်များ ညွတ်တက်သွားသည်။

"ကြည့်ရတာ အရမ်းနာနေပုံပဲ… ငါတို့နဲ့ လိုက်ခဲ့ချင်လား..."

အာဆီလီယာ က သူမကို စိတ်ဝင်စားနေတာကြောင့် ရာနီယာ ရင်ခုန်နေရတော့သည်။

"ဟုတ်ကဲ့…လိုက်ချင်ပါတယ်..."

သူမလည်း အပြုံးကြီးပြုံး၍ ပြန်ဖြေလိုက်လေသည်။

အမျိုးသမီးများမှာ ဝိုင်းကြည့်နေကြသည်။ ရှဉ့်၊ ယုန်ဖြူ၊ ငှက်တစ်ကောင်…စသည်ဖြင့် များစွာ ဖမ်းမိထားပြီဖြစ်သည်။ အာဆီလီယာ သည် သမင်တစ်ကောင်ကို ဖမ်းမိမည်ဟုပင် မမျှော်လင့်ထားသောကြောင့် အမျိုးသမီးများက သူမအား အဆက်မပြတ် ချီးကျူးနေကြသည်။

အခြေ‌အနေပေါ်မူတည်ပြီး ကွာရှင်းကြမယ်Where stories live. Discover now