ကမ္ဘာတည်သရွေ့ ပေါ့သဲညှာရယ်...🌷(final)

438 41 31
                                    

ကူးရဲ့အသက်ရှုသံနဲ ရှိုက်သံတိုးတိုးကလွဲ၍ ဘာစကားသံမှ မကြားရသော ဖုန်းခေါ်ဆိုမှုကို ရခဲ့ပြီးတဲ့နေ့ကစပြီး ဆော့ဂျင်းစိတ်ထဲမှာ မွန်းကြပ်လေးလံနေခဲ့တယ်။

ခုချိန်ထိကူးရင်ထဲမှာ ကိုယ်ရှိနေသေးတာလား။ကူး ကိုယ့်ကိုခုထိ ချစ်နေသေးတာလား။ကိုယ်ကတော့ ကူးကိုချစ်တယ်။ဒါဆို ထိုင်းမလေး ဆိုဖီယာ့ကိုရော...။သေချာတာကတော့ ဆိုဖီယာ့ကို ကူးလိုမချစ်ဘူး....။

"ဟေး ​​ေဆာ့ဂျင်း Library လိုက်အုန်းမလား..."

ဆိုဖီယာ့အသံကြားမှ အတွေးကမ္ဘာကနေ လက်ရှိကို ဂျင်ပြန်ရောက်လာတယ်။

"ဘာတွေတွေးနေတာလဲ ဒါလင်၊
မင်းရည်းစားကို လွမ်းနေတာမလား"

ဆိုဖီယာက ပွင့်လင်းတယ်၊ စိတ်ရှင်းတယ်၊ ဆော့ဂျင်းမှာ သိပ်ချစ်ရတဲ့ ကူးရှိခဲ့ဖူးတာကို သူသိပြီးသားမလို့ ခုလိုမေးခြင်း ဖြစ်သည်။ဆော့ဂျင်း ဘာမှပြန်မဖြေမိ၊ ဆိုဖီယာ့ကို ခပ်အေးအေးသာ ပြန်ရယ်ပြမိတယ်။

"သွားတာပေါ့ ဆိုဖီ ၊ ကိုယ်လိုက်ခဲ့မယ်လေ"

ဆော့ဂျင်းတို့ အတူထိုင်နေတဲ့ ကော်ဖီဆိုင်လေးကနေ ထွက်လာခဲ့လိုက်တယ်။ဆိုဖီယာက အမေရိကန်ထိုင်းကပြားလေးမလို့ မျက်နှာကျက အနောက်တိုင်းဆန်ပြီး ဆံပင်ရွှေအိုရောင်နဲ့ သိပ်ကို ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး။အရပ်ကလည်း အတော်လေးမြင့်ပြီး ဆော့ဂျင်းနဲ့တောင် မတိမ်းမယိမ်း။ဒါပေမယ့် ဆော့ဂျင်းနှာခေါင်း နားမှာ အမြဲ တဝဲလည်လည်​ရှိနေတတ်တဲ့ ခေါင်းလုံးလုံးလေး၊မျက်နှာချင်းဆိုင်ရင် ဆော့ဂျင်းနှုတ်ခမ်းနဲ့ သူ့နဖူးလေးနဲ့ထိနေတဲ့ကူးအရပ်လေးကိုသာ ဆော့ဂျင်း အမြဲမြင်ယောင်နေမိတယ်။

ဆိုဖီယာကို ဆော့ဂျင်းနမ်းဖို့ကြိုးစားတိုင်း ဆော့ဂျင်းရင်ထဲမှာ တင်းကြပ်လာတတ်လို့ တွဲလာတဲ့လေးလအတွင်း ဆိုဖီယာ့ကို အနမ်းတပွင့်တောင် မပေးမိဘူး။နဖူးလေးနမ်းတာတောင် ခြေမကိုင်မိ လက်မကိုင်မိ ရှက်နေတတ်တဲ့ ပါးပြင်ရဲရဲလေးနဲ့ ကူးအမူအရာကိုသာ အတွေးထဲမှာ တဖျက်ဖျက်ပေါ်လာတတ်တယ်။

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now