အလွမ်းပြေအနမ်း...💋(part 4)

347 39 13
                                    

ကူးအခန်းထဲကို ဝင်ကြည့်တော့ ထုံစံအတိုင်း ချယ်ရီနံ့သင်းသင်းကိုရတယ်။သိပ်မပြင်းပဲ သင်းနေတဲ့ အနံ့မျိုးလေး။ကူးက ရနံ့မှန်သမျှနီးပါး ချယ်ရီကိုသာ ရွေးချယ်တတ်သူ။ ကူးတကိုယ်လုံးကလည်း ချယ်ရီးနံ့သင်းသင်းလေးကို အမြဲရနေကျမလို့ ချယ်ရီပန်းလေးတွေနဲ့ ကူးကိုတွဲမြင်မိတဲ့အထိ ကူးဟာ ချယ်ရီတွေနဲ့ သိပ်လိုက်ဖက်တာ။ခုတင် ပေါ်မှာတော့ ဖတ်လက်စ စာအုပ် သုံး၊လေးအုပ်လောက်ရှိနေတယ်။ကဗျာစာအုပ် တစ်အုပ်ကို ဖွင့်ကြည့်မိတော့ Book mark လေးညှပ်ထားတဲ့ နေရာက ကဗျာတိုလေးက....

"မင်းမဟုတ်တဲ့
တခြားတယောက်နဲ့တော့
အိုမင်းမသွားလိုဘူး..."တဲ့

ဒီနှစ်ပြီးခဲ့တဲ့ဆော့ဂျင်း မွေးနေ့မှာ ပိုစ့်စကဒ်လေးထဲ ကူးထည့်ရေးပေးဖူးတဲ့ ကဗျာလေးပေါ့...။အဲ့ဒီချိန်တုန်းကလည်း ဆော့ဂျင်း ပြန်ပြောခဲ့သေးတယ်။

"မင်းမဟုတ်တဲ့သူနဲ့လည်း
ကိုယ်က အိုမင်းမသွားချင်ပါဘူး သဲညှာရယ်..."

"ဟာ အဲ့လိုကြီး မခေါ်ပါနဲ့ဆို..."

ထို့နေ့က ရှက်ပြီးခေါင်းမမော့လာတဲ့ ကူးနှုတ်ခမ်းလေးကို ​ ဆော့ဂျင်း အငိုက်ဖမ်းနမ်းခဲ့သေးတယ်။နမ်းလိုက်မှ လုံးဝကိုခေါင်းမော့မလာတော့ပဲ ပါးလေးတွေ နီရဲနေတဲ့ကူးကို ဆော့ဂျင်းပြုံးပြီးငေးကြည့်နေခဲ့ရတာ၊ သိပ်ကိုလှတဲ့ ကိုယ့်သဲညှာပါပဲ...။

နောက်တစ်အုပ်ကို​ြကည့်မိတော့ ဆော်ဂျင်းတောင်အံ့သြ သွားရတယ်။ ရှိတ်စပီးယား စာအုပ်တွေ။ ကူးကပုံမှန်ဆို English စာအုပ်တွေ ဖတ်လေ့မရှိပါဘူး။ ဘာသာပြန်လောက်ပဲဖတ်တာ။သူပြောနေကျက English စာတွေ လေ့လာရတာ ခက်ခဲတယ်တဲ့။ သူပင်ပန်းလို့ မလုပ်ချင်ပါဘူးတဲ့လေ...။ဂျပန်စာနဲ့ပတ်သတ်ပြီး သိပ်ကျွမ်းကျင်ပေမယ့် English စာကိုတော့ သူ့ရန်သူလို သဘောထားတဲ့သူလေ။ ထိုသို့တွေးမိတော့ English စာခက်ကြောင်း နှုတ်ခမ်းလေးဆူပြီး တိုင်နေမယ့် လူကြီးလေးမျက်နှာကို မြင်ယောင်မိတော့ လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်မိတယ်။သဲညှာကတကယ်ကို ငဂျစ်ကလေး...။ခေါင်းရင်းဘက်ကိုအကြည့်ရောက်မိတော့ ပန်းရောင် cooky ရုပ် အကြီးကြီး။ဒီအရုပ်လေးကို ဆော့ဂျင်းဝယ်ပေးထားတာ။

ကမ္ဘာတည်သရွေ့....🌺Where stories live. Discover now