part.10

1.6K 57 0
                                    

    ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့။ ဆေးရုံကြီးနဲ့သိပ်မဝေးတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးထဲက တိုက်ခန်းတစ်ခုမာ အသက်၃၀ ကျော်အမျိုးသမီးတယောက် ကြောင်လေးကို ပေါင်ပေါ်ပွေ့လို့ TVမာလာနေတဲ့သတင်းတစ်ပုဒ်ကိုကြည့်နေခဲ့သည်။
"THE STAR group ဟာဆိုရင်ဖြင့် ခုတလောမြန်မာ မာ တချိန်ထိုးတိုးတက်လာတဲ့companyတခုဖြစ်ပီး ဆောက်လုပ်ရေးပိုင်းနဲ့ ခရီးသွား၀န်ဆောင်မှုတွေကိုဦးစားပေးလုပ်ဆောင်နေတဲ့companyတခုဖြစ်ပါတယ်.။ပိုပီးအံ့သြစရာကောင်းတာက companyကို လူငယ်အမျိုးသမီးCEOက ဦးဆောင်နေတာပါပဲ.....
ထိုအမျိုးသပီးီးဟာဆိုရင်ဖြင့် အသက်၂၅ ၀န်းကျင်သာရှိသေးပ်ီး ......ဘလာ........ဘာလာ.........."
၀င့်၀ါ TVမာ ပေါ်နေတဲ့ ငယ်လေးမျက်နှာလေးကို သတိလက်လွတ်ကြည့်နေမိသည်။မတွေရတဲ့ ၇ နှစ်လောက်အတွင်းမာ ငယ်လေးက ပိုပီး ချောမောလာသည်။အရင်င်လို ချစ်ဖို့ကောင်းတာမျိုးမဟုပ်တော့ဘဲ တည်ငြိမ်ပီး ပိုလို့လူကြီးဆန်လာတယ် ။မ ထားခဲ့တာမှန်ပါတယ်..ခလေးငယ်က ခုလိုတောက်ပလာမယ်ဆိုတာ မ ကယုံပီးသားပါ။တစ်နေ့မှမေ့မရ ပေမဲ့ ငယ်လေးဘ၀ထဲကို ပြန်သွားဖို့ သူမရဲတော့ပါ။ဖေဖေ့ကိုလဲကြောက်ပါသည်။ဖေဖေ ပြောလိုက်တဲ့စကားတွေက နှစ်တွေ ကြာသွားပေမဲ့ ခုထဲ ၀င့်၀ါ ရင်ဖတ်ထဲမာ သိမ်ဆည်းထားတုန်း။ဖေဖေ က ၀င့်၀ါတွက် ရည်ရွယ်ထားတဲ့သူတောင်ရှိနေတယ်တဲ့လား...ဟင့်အင်း  ..ငယ်လေးက လွဲပီး၀င့်၀ါ ဘယ်သူ့ကိုမှထပ်မချစ်နိုင်သလို၊ ၀င့်၀ါ့ခန္တာကိုယ်ကိုလဲ ဘယ်သူ့ကိုမှမပေးနိုင်ပါ။ ဒါကြောင့် ဖေဖေနဲ့ စကားပြောပီး နောက်နေ့မှာပဲ ၀င့်၀ါ အပြောင်းးအရွှေ့လျောက်ခဲ့တယ်။ ရှမ်းပြည်မြောက်ပိုင်းဆိုတော့ သွားတဲ့သူသိပ်မရှိဘူးလေ ..၀င့်၀ါလျောက်တာနဲ့ ကျလာခဲ့သည်။ ကျန်ခဲ့တဲ့ဆေးရုံမာတော့ ဘယ်သူပဲလာမေးမေး ၀င့်၀ါ အလုပ်ထွက်သွားပီလို့သာ ဖြေစေခဲ့တယ်။ရှမ်းပြည်မြောက်ပိုင်း မူဆယ်ဆိုတော့ ဒီလိုရာသီမာ တအားအေးပါသည်။စရောက်တုန်းကဆို ဘလိုမှအသားမကျနိုင်။ ဆေးရုံသွားရတဲ့ရက်တွေဆိုတော်သေးတယ်။နားချိန်မရှိအောင်အလုပ် လုပ်ပီး ၀န်ထမ်းအိမ်ရာမာ အိပ်လိုက်တာပဲ။ နောက်မှ ဒီဖက်ရပ်ကွက်လေးမာ တိုက်ခန်းလေး တခုငှားပီးနေခဲ့တာ။ ပိတ်ရက်တွေဆို တယောက်ထဲ အထီးကျန်ပေမဲ့ ဟို၄/၅ လလောက်က ၀င့်၀ါဆီကို ကြောင်ဖြူလေးတကောင်ရောက်လာခဲ့သည်။ အဖြူလို့ပြောရမလားတော့မသိပေမဲ့ သူ့ဆီမာအ၀ါ အကွက်လေးတွေလဲပါနေသေးတယ်။၀င့်၀ါကတော့ လွယ်လွယ်ကူကူ ဖြူလုံးလေးလို့ပဲခေါ်တော့ ကြောင်ဖြူလေးပဲပေါ့။ သူရောက်လာတော့ ဆေးရုံသွားရတဲ့ရက်တွေမာ ညဂျူတီဆိုတောင်အရင်လို  ဟ်ိုမာမအိပ်ဖြစ်တော့ပဲ အိမ်ကိုရောက်အောင်ပြန်လာဖြစ်နေပီ။ အသားကျနေပီး ငယ်လေးကို မလွမ်းတော့တာမျိုးမဟုပ်ပဲ အ​ေဝးကပဲသူ့ရုပ်လေးမြင်နေရရင်ကျေနပ်ပါပီဆိုပီး တယောက်တည်းနေသားကျအောင်နေခဲ့တယ်။ ငယ်လေး နိုင်ငံခြားမာတုန်းကဆို ရုပ်လေးတောင်မြင်ရတာမဟုပ်ပဲ။ ခုဆို TVမာ ပါလာမဲ့ သူ့သတင်းလေးတွေကိုစောင့်ကြည့်ပီး အလွမ်းသယ်နိုင်ပီ။ ၀င့်၀ါကတော့ ဘ၀တလျောက်လုံး ဒီလိုပဲချစ်ရတဲ့သူကိုငေးကြည့်ပီး အေးအေးချမ်းချမ်းလေးနေသွားရရင်လဲအဆင်ပြေပါတယ်လေ။ ပိုင်ဆိုင်ရမှ အချစ်လို့ဘယ်သူကပြောခဲ့တာမှတ်လို့။.
အရမ်းချစ်ပါတယ် ခလေးငယ်ရေ...........။
..........................................
မြန်မာကို ပြန်ရောက်ပီး သွင်တယောက်က် စီးပွားရေးကိုလဲ ဒီမာအတည်ကျအောင်လုပ်ရ ၊မ ကိုလဲရှာရနဲ့ အစားအသောက်တောင်ပုံမမှန်ချင်တော့။
သွင် အတွေးတွေပျံ့နေတုန်း ဖုန်း၀င်လာလို့ ကိုင်လိုက်တော့ နေထွန်းဆီမှ...
"ဟလို နေထွန်း.."
"ဟျောင့်ရေ...မြန်မာ ပြန်ရောက်တာဖြင့်ကြာလှပီ ခုထိ ဖုန်းလဲတခါမဆက် လူချင်းလဲမတွေ့ရနဲ့ မိဇူး ကတောင် နင့့်ကိုမေးနေသေးတယ် ဒီနေ့ည လာခဲ့ကွာ မိဇူးမ barမာပဲ ဆုံရအောင်....ငြင်းမယ်မကြံနဲ့ မရှိမဲ့ရှိမဲ့ သူငယ်ချင်းသံရောဇဥ်လေးပါ ဖြတ်ပလိုက်မယ်..ဟင်းဟင်း"
"အင်းပါ ငါဖြစ်အောင်တော့လာခဲ့မယ်"
"အေး..ဒါပဲဟျောင့်ရေ ငါ့မဟေသ်ီလေးကို ဖုန်းဆက်လိုက်အုံးမယ်"
"လဒ...လာကြွားနေတာ"
"ဟား....ဟား...." 
နေထွန်းကရီီမောပီး ဖုန်းချသွားခဲ့သည်။ ဟုပ်ပါတယ်လေ အမြန်ရေ မှဒ်ီသူငယ်ချင်း ၃ယောက်ပဲရှိတာ သွားတော့သွားရမာပေါ့။နေထွန်းလဲစီးပွားရေးသမားဖြစ်နေပီ။သူ့သတင်းတွေလဲ ဟိုမာနေတုန်းကပဲကြားမိပါတယ်။ မိဇူးကတော့ သွင် တို့ ကျောင်းသားဘ၀ကတည်းက barပိုင်ရှင်ဖြစ်ပီး ကြီးပွားနေတာ။ ခုလဲ စီးပွားရေးတွေ ဘယ်လောက်တောင်တိုးချဲ့ထားပီမသိ။
"boss...boss ....ကျနော်ခေါ်နေတာကြာပီ ဘာတွေ စဥ်းစားနေတာလဲ"
"မင်းအလုပ်မဟုပ်ဘူး"
"အော်..အော့..bossမဟေသီလေးကိုရှာဖို့လမ်းစ ဆိုရင်ရော ကျတော့်အလုပ်ဖြစ်သွားပီလား" KELVINစကားဆုံးတာနဲ့သွင့်မျက်နှာက ၀င်းပသွားွားကာ
"အဟမ်း... မြန်မြန်ပြော"
"ကျနော် bossမဟေသီလေးရဲ့ဆေးရုံကို မြန်မာကိုစရောက်တာနဲ့သွားခဲ့တယ်မလား  "
"အင်း"
"အဲ့တုန်းက ဘလိုပဲမေးမေးအလုပ်ထွက်သွားတယ်ချည်းပြောကြတာ...ခုမနက်မှ ဆေးရုံကတယောက်ဆက်သွယ်လာတယ် ဒေါက်တာ၀င့်၀ါအဖြူအကြောင်းသူပြောပြနိုင်ပါတယ်ဆိုပီး..
ဒေါက်တာက အလုပ်ထွက်သွားတာမဟုပ်ပဲ အပြောင်းးအရွေ့့လျောက်သွားတာတဲ့ အာ့ကြောင့်ကျနော်တို့ ပြည်ပထွက်ခွာသူစရင်းမာလဲမတွေ့တာ"
"..အာ bossဘယ်လဲ. စကားမဆုံးသေးဘူးလေ"
"ဆေးရုံကို ..."
"ထပ်ပီးသွားမေးလဲသူတို့ဖြေမာမဟုပ်တော့ဘူး ခုတောင်အဲ့တယောက်က်က ငွေအရမ်းလိုနေလို့ သတင်းရောင်းသလိုမျိုးလာပြောတာ... ရေတော့နဲနဲသုံးလိုက်ရတာပေါ့"
"ဒါဆို မက မြန်မာပြည်ထဲမာပဲပေါ့ အလုပ်မထွက်ဘူးဆိုတော့ ပိုပီးရှာလို့လွယ်သွားပီ..KELVIN မဓတ်ပုံကိုနာမည်နဲ့တကွ ပြည်နယ်အလိုက်ဆေးရုံတွေမာ ရှာခိုင်လိုက် လူကို လိုသလောက်သုံး အမြန်ရှာတွေ့လေ ကောင်းလေပဲ"
-YES..BOSS"
................................
"သွင် ငါတို့ဒီမာ"
"ရောက်နေတာကြာပီလား"
"မကြာသေးပါဘူး"
"မကြာသေးဘူး..ဒီကောင်ကရေချိန်တောင်ကိုက်နေပီကို"
"သူ့ကောင်မလေးနဲ့က လက်ထပ်ဖို့ရက်တောင်​ရွေးထားပီ အာ့တာဟိုကလဲ ခွင့်မရသေး သူကလဲလိုက်မသွားနိုင်နဲ့ ဒုက္ခများနေတာလေ"
"ခွင့်မရဘူး?.."
"အင်း  သူ့ကောင်မလေး ကဆရာ၀န်လေ ရှမ်းပြည်မာကျနေတာ အာ့ကြောင့်....နင်ရော အမကိုခုထိ ရှာမတွေ့သေးဘူးလား"
သွင်ခေါင်းရမ်းပြတော့
"အမ ကလဲနေနိုင်လိုက်တာနော် ...ဒီကတယောက်ကိုလာကြည့်ပါအုံးအမရယ်လို့သာအော်လိုက်ချင်တော့တယ်" မိဇူးမ စကားဆုံးတော့နှစ်ယောက်လုံးရယ်မိကြတယ်..။
"ဒါနဲ့  သူ့မင်္ဂလာဆောင်ကဘယ်တော့တဲ့လဲ"
"ငါလဲမသိဘူးလေ သူ့မေးကြည့်ရမာပေါ့ ဆောင်တာကတော့ မူဆယ်မာပဲပွဲလုပ်မာထင်တယ်  ..နင့်အလုပ်တွေကို ထားခဲ့ပီးသွားလို့ရပမလား"
"သူငယ်ချင်းထက်အရေးကြီးတာရှိသေးလို့လား
ဒီကောင့်ကို ငါပဲအိမ်ပြန်ပို့လိုက်မယ်..."
"အင်း ကောင်းကောင်းပြန်"
မိဇူးက အမူးသမားကိုတွဲပီးကားပေါ်တင်ပေးတော့ သွင်မောင်းပီး နေထွန်းအိမ်ကို လိုက်ပို့ကာ မနဲ့အတူနေခဲ့တဲ့ တိုက်ခန်းကိုပဲပြန်လာခဲ့သည်။ ဒီနေရာလေးမာ သွင်တယောက်တည်းနေရတာ နှစ်တ၀က်ရှိပီ မ အငွေ့အသက်လေးတွေနဲ့ကြောင့် သူဒီအိမ်လေးကို မခွာချင်။ မ မရှိတောင် မ အငွေ့အသက်လေးရှိနေတာပဲလေ  နောက်ပီး မ ပြန်လာရင်လဲ သူ့ကိုအဆင်သင့်တွေ့တာပေါ့။
.......................................
🥀hanako🥀
နှစ်ယောက်ကိုမြန်မြန်ပေးတွေ့ချင်နေပီ😄




My stepsister is my girlfriend(Completed)Where stories live. Discover now