part.4

2.3K 76 0
                                    

ဘာလိုလိုနဲ့ မမနဲ့အတူနေတာတောင်တော်တော်ကြာရောပေါ့။ သွင်တို့နှစ်ယောက်က တစ်ခန်း မသူငယ်ချင်းနှစ်ယောက်ကတစ်ခန်း။ခုဆိုသွင်လဲစာမေးပွဲပီးလို့ မမ ကိုပိုပီးဂရုစိုက်နိုင်လာတယ်လေ။ မမမာဆေးရုံသွားလိုက် ကျောင်းသွားလိုက်နဲ့အနားကိုမရပါ။ခုလဲ ထမင်းစားခန်းထဲမာ မမ နဲ့အခြေအတင်ပြောနေရပြန်ပီ။
"မမ ဒါလေးတော့ကုန်အောင်စားသွားလေ ထမင်းကောင်းကောင်းမစားတာဘယ်နှစ်ရက်ရှိပီလဲ "
"တော်ပီ ငယ်လေး မမနောက်ကျနေပီ လှိုင်တို့စောင့်နေကြလိမ့်မယ်" ဟုဆိုကာ ထထွက်သွားလေတော့
"ခန..ငယ်လိုက်ပို့မယ် အောက်နားရောက်အောင်" ‌ပြောပီး မ အိတ်လေးဆွဲကာ တံခါးဝနားထိပို့ပေးတော့ စောင့်‌ေနကြတယ့် အမလှိုင်နဲ့ မမပိုးအိက ပိုရန်‌ကော ဆိုတဲ့အကြည့်နဲ့ကြည့်နေကြလေသည်။
"အမတို့ ကျမ မမကို စိတ်ချမယ်နော်"
"အမလေးဟယ် သူ့သမီးကြနေတာပဲဝင့်ဝါက နင့်မမကို ငါတို့ရောင်းမစားပါဘူးဟယ်" အမလှိုင်အပြောကိုသူဘာမှပြန်မပြောပဲပြုံးပဲပြလိုက်တော့တယ်
"ငယ်လေး မမသွားပီနော် တံခါးတွေ‌ေသချာပိတ်ထားအုံး အပြင်တွေလဲလျောက်သွားမနေနဲ့နော်"
"ဟုတ်"
မမ တို့ထွက်သွားတော့မှ သွင်လဲအခန်းထဲပြန်ဝင်လာလိုက်တော့တယ်
"ဝင့်ဝါ သွင်လေးက နင့်ကိုတော်တော်ချစ်တာပဲနော် အရမ်းလဲဂရုစိုက်တယ်..ငါတို့ညီအမဆို အမြဲတကျက်ကျက်နဲ့ ....ဟဟ"လှိုင်က‌ပြောပီးရီနေလေရဲ့
"ဒါနဲ့...ဝင့်ဝါ နင်တို့က သွေးမစပ်ကြဘူးမလား "ပိုးအိကမေးလာတော့ လှိုင်က
"ဟမ်...ညီအမအရင်းမဟုပ်ဘူးလား နင်တို့က"
"မဟုပ်ပါဘူး....ငါငယ်ငယ်လေးတည်းက ငယ်လေးတို့ မိဘတွေက မွေးစားခဲ့ကြတာ အဲ့တုန်းက ငယ်လေးတောင်မမွေးသေးဘူးလေ"
လှိုင်က ခုမှသိရတော့ တအံ့တဩဖြစ်ကာ
"ဒါဆိုနင်တို့က သွေးသားမတော်စပ်ဘူးပေါ့...အာ့ကြောင့် ရုပ်ချင်းလဲမတူပါဘူးမှတ်တာ နင်ကယဉ်ယဉ်လေးလှပီး သွင်ကြ ဘလိုပြောရမလဲ နဲနဲခပ်မိုက်မိုက်ပုံစံဟယ် သိတယ်မလား ခုခေတ်ခလေးတွေက ချောပီး အားလုံးကခပ်မိုက်မိုက်ပုံစံချည်း"မိလှိုင် အပြောကို ပိုးအိက "သွားရည်လေးလဲသုတ်ပါအုံးအမိ တကတည်း ပြောနေလိုက်တာ"
သူတို့နှစ်ယောက်အပြောကို ဝင့်ဝါ ပြုံးပီးတော့သာနားထောင်နေလိုက်တော့တယ်။ငယ်လေးချောတာကတော့အမှန်လေ။ကိုယ့်ညမ ချောတာကိုယ်သိတာပေါ့။
"ဝင့်ဝါ....တို့နောက်ကျတယ်နော်"
ဆေးရုံ ဝင်ဝမာတွေ့လိုက်ရတာက သူတို့အတန်းက ဆော်ကြည် king ။သူ့ဘလောက်ပဲဆော်ကြည်ဆော်ကြည် ဝင့်ဝါကို လိုက်နေတာ နှစ်တွေလဲချီနေပီ မိဝင့်ဝါတို့ကလဲအပြတ်ကိုငြင်းထားတာ ဒါတောင်သူက လက်မချော့တော့ တော်ရုံဇွဲတော့မဟုပ်။
မိလှိုင်က ဝင့်ဝါကို လက်တော့ပီး
"ရှင့်ရဲ့ဇွဲ ကိုကိုလာပီ ဇွဲဆုလေးပေးလိုက်ပါတော့ဝင့်ဝါရယ် သနားပါတယ် "ဟုဆိုကာရီနေတော့ ဝင့်ဝါမာဆိတ်ဆွဲလိုက်ရသေးတယ်။
"ဟုတ်တယ် ကိုထက်သူရိန် ဝင့်ဝါတို့နဲ့နဲနောက်ကျသွားတယ် ရှင်လဲခုမှရောက်တာလား"
"အင်း ကိုယ်လဲအိပ်ရာထ နောက်ကျသွားလို့ "
"ကဲကဲ စကားပြောမနေကြနဲ့တော့ သွားြကမယ်နောက်ကျနေပီလေ" ပိုးအိမှဆော်ဩလိုက်ခါမှ အားလုံးလဲ ဆေးရုံဝင်းထဲကို အပြေးသွားကြတော့တယ်။
.............................................................................
ဒီနေ့တော့ မမ ကို သွားကြိုမယ်ဆိုပီး ထွက်လာကာ မမတို့ဆေးရုံဝင်းထဲကအုတ်ခုံလေးမာထိုင်စောင့်နေမိတယ်။မမ ထွက်လာတာမြင်တော့ လှမ်းခေါ်မလို့လုပ်တုန်း မမ လက်ကို ယောက်ျားတယောက်က လှမ်းဆွဲပီး တခုခုပေးတယ်ထင်ပါရဲ့။ မမ ကအစမာတော့ကြောင်သွားပီး နောက်တော့ ထိုလူကိုပြုံးပြကာ စကားတောင်ပြောနေသေးတယ်။ သွင်ဒီမြင်ကွင်းကို ထပ်မကြည့်နိုင်တော့။ သူတို့ဆီလျောက် သွားကာ မမလက်ကို ဆွဲပီးသူ့ဖက်သို့ကပ်လိုက်ကာ
"သွင် လာကြိုတာ"ဟုပြောပီးဟိုလူကိုလဲ ဘုကြည့်ကြည့်ပေးလိုက်တယ်။
ငယ်လေး လာကြိုတော့ ဝင့်ဝါလဲပျော်သွား
"ကိုထက်သူရိန်။ သွားလိုက်ပါအုံးမယ်"
"ဝင့်ဝါ ကိုယ်လိုက်ပို့ပေးမယ်လေ ဝင့်ဝါတို့အဆောင်ဖက် လမ်းကြုံတာကို သူ့ကဝင့်ဝါ ညမလေးလား"
ဝင့်ဝါပြန်ပြောမလို့ပြင်တုန်း သွင်က
"ကျမ မာလဲကားပါတယ် ကျမ အမကို ကျမလာကြိုပီလေ ရှင်က ဘာလိုက်လုပ်အုံးမာလဲ"ဒီလူ့ကို သွင်တစက်မှကြည့်မရတော့။
"အို..သွင် ဘာလို့စကားကိုရိုင်းရိုင်းပြောနေကတာလဲ ။အားနာလိုက်တာရှင် ခလေးက အလိုလိုက်ထားတော့ စကားအပြောမတတ်တာပါ ကိုထက်သူရ်ိန်ကပဲ အကြီးဖြစ်ပီးခွင့်လွတ်ပေးလိုက်ပါ"
"အာ...ရပါတယ်"
"မမ သွားမယ် "ဟိုလူ့ကိုအားနာနေတဲ့ မမ ကိုလဲ စိတ်ကမရှည်ချင်တော့ လက်ကိုအတင်းဆွဲပီးသာ ခေါ်လာလိုက်တော့တယ်။
ကားပေါ်ရောက်တော့လဲ မမက အငြိမ်မနေ တလမ်းလုံး သွင့်ကို ပွားတော့တယ် အိမ်ရောက်တဲ့အထိ။
"မမ ဟိုလူ့ကို ကြိုက်နေတာလား"
"ဘာ!..."
"ဟိုလူ့ကိုကြိုက်နေတာလားလို့ မဟုပ်ရင် သွင့်ကို ဘာလို့ဒီလောက်တောင်ဒေါသထွက်နေတာလဲ ပြောလေ"
"ငါက နင့်ကို မရိုင်းစေချငါရုံပဲ သူ့ကိုကြိုက်ရင် ခုလောက်ဆို ငါတို့တွဲတာ ၆ နှစ်လောက်တောင်ရှိ‌ေရာ့မယ် အစတည်းကငြင်းပီးသား မတွဲနိုင်လို့"
"ငြင်းတော့ငြင်းပီး သူလာကြိုက်နေတာကိုတော့ သာယာနေတာမလား ...ဘာလဲကြိုးရှည်ရှည်နဲ့လန်ထားသလိုမျိုးလား "
"ရွှေရည်လင်းသွင် ငါ့ကိုစော်ကားနေတာများနေပီနော်"
ဝင့်ဝါ အသံတွေပါတုန်ပီးမျက်ရည်ပါကျလာကာ ဝင့်ဝါလက်က သူ့ပါးထက်သို့
"ဖြန်း.....!"
သွင် မမ ရိုက်လိုက်တဲ့ပါး တစ်ဖက်ကိုကိုင်ကာ
"အဲ့ကောင်တွက်နဲ့ သွင့်ကိုရိုက်တယ်ပေါ့လေ စကားမာမာတောင်မပြောဖူးတဲ့ မမ က နာမည်အပြည့်အစုံတောင်မခေါ်ဖူးတဲ့ မမက သွင့်ကို နင်နဲ့ငါနဲ့ ပြောပီး ရိုက်တောင်ရိုက်လိုက်သေးတယ်ပေါ့...အဟင်း....အဟဟ.."သွင်ရီနေပေမဲ့ မျက်ရည်တွေပဲထွက်လာတယ်။ မမရှေ့မာလဲမငိုရဲတော့ဘူး အိမ်ထက်မှပြေးဆင်းကာ ဆိုင်ကယ်စက်နိုးပီးထွက်လာခဲ့လိုက်တယ်။
ဝင့်ဝါလဲ အစမာတော့ကြောင်နေပီး သတိရလို့ပြေးလိုက်တော့ ဒေါသနဲ့ မောင်းထွက်သွားတဲ့ ဆိုင်ကယ်လေးကိုမမှီလိုက်တော့ပေ။ ဝင့်ဝါ ငယ်လေးကိုရိုက်မိပီးမှ ကိုယ့်ကိုကိုယါယူကြုံးမရဖြစ်ကာ...ဘာမဟုပ်တဲ့လူတယောက်တွက်နဲ့ ငယ်လေးကို ရိုက်မိလိုက်တယ်။ ဝင့်ဝါ သူ့ကို အပြောမရိုင်းစေချင်ယုံလေးပါ။ငယ်လေးကို ရိုင်းလိုက်တာလို့ အထင်မခံရစေချင်ယုံလေးပါ။ငိုရလွန်းလို့လဲ လူက မျက်ရည်တောင်ထပ်မထွက်နိုင်တော့ဘူး။ ဘာပဲဖြစ်ဖြစ် အိမ်ကိုပြန်လာမာပါလေ။အိမ်ရောက်မှ ငယ်လေးစိတ်ကျေနပ်အောင်ချော့ရမယ်။ထမင်းဟင်းချက်ပီး နာရီလေးတကြည့်ကြည့်နဲ့စောင့်နေပေမဲ့ ၁၀ရီသာကျော်သွားတယ် လူကခုထိပေါ်မလာ။ သွင် ပြန်မလာမာကို စိတ်ပူစပြုလာပီ။မေမေ တို့ကိုလဲဒီချိန်ကြီးဆက်ပီးအပူမကပ်ချင်။သူ့သူငယ်ချင်းတွေ ဆက်ရအောင်လဲ တယောက်နဲ့မှမသိ။ ဘာပဲဖြစ်ဖြစ်ဆိုပီး ငယ်လေး ဖုန်းကိုခေါ်တော့ ဖုန်းက ခုံအောက်ကမြည်လာတယ် ။သူ ဖုန်းလဲပါမသွားဘူး။ သူ့ဖုန်းထဲမာတော့ သူငယ်ချင်းဖြစ်ဖြစ် သူ့ကိုသိမဲ့သူတယောက်ယောက်တော့ရှိမာပါလေဆိုပီး ဖွင့်ကြည့်တော့ နေထွန်း ဆိုပီးမှတ်ထားတဲ့နံပတ်နဲ့က ဖုန်းအပြန်အလှန် ပြောထားတာရှိတော့ အဲ့နံပတ်ကိုပဲခေါ်ကြည့်လိုက်တော့တယ်။
ဖုန်းအဝင်ကို ရင်တထိုက်ထိုက် စောင့်ပီး ဟိုဖက်က
"ဟယ်လို သွင် "ဆိုမှ
"ဟယ်လို...မောင်နေထွန်းလား အမ ရွှေရည်လင်းသွင် အမပါ"
"အော် အမဝင့်ဝါဖြူလား...ဟုပ်ကဲ့ ဘာဖြစ်လို့လဲအမ"
"သွင် သွားတတ်တဲ့နေရာလေးများသိမလားလို့ အမနဲ့စိတ်ဆိုးပီးအိမ်က ထွက်သွားလို့"
"ဟာ..ဒီကောင်ကတော့ "ဆိုပီး"အမ ကျနော်လဲ မသိဘူးဗျ သူနဲ့အမြဲတွဲတဲ့သူငယ်ချင်း ကောင်မလေးတယောက်‌ေတာ့ရှိတယ် ကျနော်မေးပေးမယ်နော်"
"အာ..အင်း အမကိုပြန်ပြောနော် ‌မေးပီးရင်လေ"
၅မိနစ်လောက်ကြာတော့ သွင့် ဖုန်းဆီ ဖုန်းဝင်လာတယ် နေထွန်းဆီမှတော့မဟုပ် ။ဝင့်ဝါ ဖုန်းကိုင်လိုက်တော့ အသံတွေဆူညံနေကာ
"ဟလို အမဝင့်ဝါလား"ကောင်မလေးတယောက်အသံ ဖုန်းကိုပြန်ကြည့်လိုက်တော့ နာမည်မှတ်ထားတာမရှိ
"အမ သွင် *#$*#$*ဘားမာ မူးပီးမှောက်နေလို့ ခေါ်လို့မရဘူး အမခနလောက်လာကြည့်လို့ရမလားဟင် ညမလဲ နေထွန်းဆီက ဖုန်းရလို့ အမကို လှမ်းဆက်လိုက်တာ"
"အင်း ညမလေး အမ လာခဲ့မယ်နော် သွင့်ကိုခနလောက် ထပ်ကြည့်ပေးထားပါအုံး"
အိမ်နေရင်း အဝတ်လေးမာ အပေါ်ထပ် ထပ်ဝတ်ကာ ဝင့်ဝါ ကားမောင်းပီး ဟိုကောင်မလေးပြောတဲ့ ဘားသို့။
......................................................
🥀hanako🥀






My stepsister is my girlfriend(Completed)Where stories live. Discover now