part.7

2K 78 0
                                    

သွင် ဘယ်ရောက်နေတာလဲ။သွင့်ရှေ့က အဆုံးမရှိ လမ်းမကြီးကိုကြည့်ပီး နဲနဲတော့ ထိတ်လန့်လာမိတယ်။ဒီလမ်းမကြီးကဘယ်နေရာမို့ဒီလောက်တောင်တိတ်ဆိတ်နေတာပါလိမ့်။သွင် အတွေးတွေနဲ့လျောက်လာနေတုန်း သူ့ရှေ့မာ ကျောခိုင်းပီးပေါ်လာတဲ့ ဖြူဖြူသွယ်သွယ်ကောင်မလေးကြောင့်လန့်သလိုဖြစ်သွားပေမဲ့ သူဒီကျောပြင်ကို အရမ်းရင်းနှီသလိုခံစားနေရတယ်။ဟုပ်တာပေါ့ ဒါသူ့မမရဲ့ကျောပြင်လေး။
"မမ...."လို့အကျယ်ကြီးအော်ခေါ်လိုက်တော့ မမက သူ့ဖက်လှည့်ကြည့်လာပီး ပြုံးပြလေသည်။ဟင့်အင်း...မမပြုံးနေတာမဟုပ်ဘူး အတင်းလုပ်ပြုံးနေတာ။ဟုပ်တယ်....မမ မျက်နှာမာ မျက်ရည်တွေအပြည့်ပဲ မျက်ရည်တွေကြားက သူ့ကိုတခုခုပြောပီး ပြုံးပြနေတာ။သူ မမဆီကို အပြေးသွားမိတော့ .....မမနဲ့ သူ့ရဲ့အကွာအ‌ေဝးက အဲ့လောက်လဲမဝေးပဲနဲ့ သူဘာလို့ မမဆီမရောက်နိုင်ဖြစ်နေရတာလဲ။ မမဆီမရောက်နိုင်တဲ့သူ့ကိုယ်သူ စိတ်မရှည်တော့ပါ။ ထိုအချိန်မာ မမ လုပ်လိုက်တဲ့အရာက သူကို အဆမတန် သွေးပျက်စေတယ်။ဘယ်က ပေါ်လာမှန်မသိတဲ့ ဓါးကို မမက ကိုင်ပီး သူ့ကိုယ်သူ ပြန်ပီးထိုးစိတ်နေတာပါပဲ။ ဒီမြင်ကွင်းကို ကြည့်ရတာ သွင့် အူတွေအသဲတွေ အပိုင်းပိုင်းဖြတ်ခံရသလိုပါပဲ။သွင် ရူးသွားပီလား လို့တောင်ထင်မိတယ်။
..........
၀င့်ဝါ တရေးနိုးတော့ ဆောင်းတွင်းကြီးမာတောင် စောင်တွေကိုခွါချထားတတ်တဲ့တယောက်သောသူကို သတိရကာ အခန်းထဲမှ အသာလေးထွက်ပီး အရှေ့ခန်းသို့ တံခါးလေး ဟပီးဝင်ခဲ့လိုက်သည်။အနားရောက်လို့ ဝင့်ဝါ တွေ့လိုက်ရတာက ချွဲတွေပျံနေတဲ့ငယ်လေးကိုပါပဲ။ပါးစပ်မှလဲ တစ်ခုခုကို ရေရွက်ကာ ထိတ်လန့်နေတဲ့ပုံပါ။ ဝင့်ဝါ အမြန်ဘေးနားသွားထိုင်လိုက်ပီး ငယ်လေးပါးကို ပုပ်ကာ
"သွင်...သွင်...ငယ်လေး ထပါအုံး" အတော်တန် လှုပ်နိုးမှ သွင်ချွဲစေးတွေနဲ့မျက်လုံးပွင့်လာကာ ဆတ်ကနဲ ထထိုင်လေသည်။ဝင့်ဝါ ကိုမြင်တော့မှ အတင်းဖက်ကာ
"မမ...မမ ဘာမှမဖြစ်ပါဘူးနော်"ဟုဆိုကာ မျက်ရည်တွေ ဆက်ကျလာတယ်။ဝင့်ဝါ သိလိုက်ပါပီး ဒီခလေး အိမ်မက်ယောင်ပီး ငိုနေတယ်ဆိုတာကို။သွင့် ကျောလေးကို အသာပုတ်ကာ "မမရှိတယ်နော် မကြောက်နဲ့တော့...မမ ဘာမှမဖြစ်ပါဘူး၊ငယ်လေး အိမ်မက်မက်နေတာပါ"လို့ပြောပီးပြန်ဖက်ထားလိုက်တော့ ဝင့်ဝါ ရင်ခွင်ထဲပိုတိုးလို့ဝင်လာကာ ခလေးတယောက်လိုငိုနေတော့သည်။ ဒီခလေး ဘာတွေများ အိမ်မက်မက်လို့ ဒီလောက်ဝမ်းနဲ့နေပါလိမ့်။အတော်ကြာမှ ဝင့်ဝါက
"ငိုလို့ ဝ ပီလားဝရင် မ ကိုလွတ်တော့လေ ဒီမာညောင်းနေပီ" ဆိုပီး စကာပြောတော့မှ ဖက်ထားရာမှအသာလေးလွတ်ပေးလေတယ်။
"အိမ်မက်ဆိုးတွေ မက်နေတယ် ဟုတ်"
သူ့အမေး ကိုသွင်က ခေါင်းညိတ်ပီးအဖြေပေးလေသည်။
"ပြန်အိပ်တော့နော် မမစောင့်ပေးမယ်"
"တူတူလာအိပ် "၀င့်၀ါပြံးလိုက်ပီး ဂျီကျချင်နေသည့်ကောင်မလေးဘေးနား ၀င်လဲကာ သူ့ကို ဖက်ထားပေးလိုက်သည်။
"Happy birthday ငယ်လေး   1နာရီထိုးတော့မာဆိုတော့ ငယ့် မွေးနေ့ရောက်ပီလေ"
မမ ရှိနေတာမို့ အေးအေးချမ်းချမ်းအိပ်ပါခလေးငယ်။
...............................
သွင့်မွေးနေ့မနက်ပိုင်းကို သွင့်သူငယ်ချင်းတယောက်နှစ်ယောက်အပြင် မေ့မေ့အသိနဲ့ ဖေဖေ့မိတ်ဆွေ အနည်းအကျဥ်းလောက်သာခေါ်ပီး အိမ်မာ ဆွမ်းကပ် တရားနာလောက်သာ လုပ်လိုက်သည်။ ပွဲကြီးက ညဖက်မှစတာ။ လူငယ်တွေက ညပွဲပဲကြိုက်ကြတာလေ။ သွင့်ရဲ့အခင်ဆုံးသူငယ်ချင်းနှစ်ဖြစ်တဲ့ ကလပ်ပိုင်ရှင်မ ဇူးဇူးနဲ့ နေထွန်းအပြင် အထက်တန်းတုန်းကသူငယ်ချင်းတွေလဲ အားလုံးနီးပါးလာကြသည်။
မမကတော့ ပန်းရောင်ဂါ၀န်လေး ၀တ်ကာ လာသမျှလူတွေကို ဒိုင်ခံဧည့်ခံနေလေရဲ့ ။ မွေးနေ့ရှင်က သူလား သွင် လားတောင်မသိတော့ဘူး။သွင် ဇူးတို့၀ိုင်းမာ ၀င်ထိုင်တော့ နေထွန်းက
"ငါတို့အဖွဲ့မာ နင်လူဖြစ်နောက်အကျဆုံးနော်"
သွင်က ဘာလို့လဲ ဆိုပီးမေးငေါ့တော့
"ဘာလို့ဆို...ခုမှ၁၈ ပြည့်တာလေ ငါတို့ဆို လတောင်တော်တော် စွန်းနေပီ  နော် မိဇူး..."မိဇူးမ ကတော့ သူပြောတဲ့စကားကို အရေးပင်မလုပ်ပါ သူ့မျက်လုံးတွေက တစ်နေရာမာ.
" သွင်...နင့်အမက တော်တော်လှတာနော်  ငါနင့်ကိုယောင်းမ တော်လို့ရမလား.......ဟင် ယောင်းမလေး"
မိဇူးမက စပ်ဖြီးဖြီးနဲ့ပြောတော့ သွင်မျက်မှောင်ကျုတ်ကာ...ဒီမိဇူးမ ကတော့ သူမမ ကိုကြိုက်နေတာကို မသ်ိတာလဲမဟုပ်။
"သူ က ငါ့ကောင်မလေး စိတ်နဲ့တောင် ပြစ်မှားဖို့မကြံနဲ့ မိဇူးမ"
"Oh..god ဘယ်တုန်းတည်းကလဲ .... ဟင် ...သွင် နင်ကလဲ ခြေသွက်လက်သွက်ရှိလိုက်တာ" အားကျတဲ့လေသံကြီးနဲ့ပြောလာတဲ့မိဇူးမခေါင်း ကို တချက်ထုလွတ်ကာ
"နင့် ဘားက ပြန်လာပီးတည်းက"
"ဟယ်...ငါ့မာအားကျလိုက်တာအေ" သူ့အပြောကို သွင်တို့ သဘောကျစွာ ၀ိုင်းရီလိုက်ကြသည်။
............
"ထပ်သောက်ပါအုံး သွင်မ ရဲ့ နင် နိုင်ငံခြားသွားရင် ငါတို့ တော်တော်နဲ့ပြန်ဆုံကြမာမဟုပ်ဘူး"
"ဟုပ်တယ် သွင် ဒီညကတော့ လုံး၀ အမှောက်သောက်ကြမယ် ငါတို့ "
အမှောက်သောက်မဲ့နှစ်ကောင်ကြားမာ သွင် စိတ်ညစ်လာတယ်..။သူအများကြီးသောက်ရင် မမဆူမာလဲ ကြောက်ရသေးတယ်။ အချိန်အတော်ကြာတော့ ဟိုနှစ်ကောင်လဲ ခေါင်းမထူနိုင်သလို သွင်လဲ သိပ် မဟန်တော့ပါ။
"ငယ်လေး တော်ကြတော့ ညလဲနက်နဲ့နေပီ သူတို့က ဒီမာ အိပ်မာလား"
ဘယ်ချိန်ကရောက်လာမှန်းမသိတဲ့မမအသံကြားမှ ဒီနှစ်ကောင် ကို အိမ်ပြန်ပို့ရမာကိုသတိရကာ
"သူတို့အိမ်က လာကြိုမာ မမ သွင်ဖုန်းဆက်ပီးပြောလိုက်မယ်"
သွင် ဖုန်းဆက်ပီးဘလောက်မှမကြာ နှစ်ကောင်လုံးကို အိမ်က ပြန်လာခေါ်သွားသည်။သွင် လဲ မမ လက်ကိုဆွဲကာ အပေါ်ထပ်သို့ တက်လာခဲ့လိုက်တော့သည်။
မေမေတို့ကတော့ လူကြိးတွေပီပီ အစောကြီးထဲကအိပ်ယာ၀င်သွားကြပီ။
"မမ ဒီနေ့အရမ်းလှနေတာသ်ိရဲ့လား"
"က်ိုယ့်ကိုကိုယ် လှမှန်းသိပ်ီးသားပါနော်..လာမြောက်မနေနဲ့"
"တကယ်ပြောတာပါနော်.....ငယ့့်မမက ဘယ်ချိန်ကြည့်ကြည့်ရိုးသွားတယ်လို့ကိုမရှိဘူး"
"ရှင်က ကျမကို ရိုးသွားမယ့့်အစီအစဥ်ရှိသေးတာလား"မမရဲ့မျက်စောင်းလှလှကသူ့ဆီရောက်လာတော့ သွင်ပြုံးလိုက်တာ
"နောက်ဘ၀တွေကိုမြင်နိုင်စွမ်းမရှိတော့ နောင်ဘ၀တွေတွက် သွင်ကတိမပေးနိုင်ပေမဲ့ ဒီဘ၀မာတော့ မကိုအသက်ထက်ဆုံး  သစ္စာရှိရှိချစ်ပီးဂရုစိုက်ပေးသွားမှာပါ"
"အပိုတွေ..သူစကားတတ်တိုင်း"
"မပိုရပါဘူးကွာ...မယုံရင်ဒီမာစမ်းကြည့်"မ လက်ကလေးကိုယူပီးသူ့ဘယ်ဖက်နှလုံးပေါ်သို့တင်ပေးလိုက်ကာ
"ဒါတွေက မကြောင့်ပဲအခုန်မြန်လာတာ"
သွင့် ရင်ဖတ်ပေါ်လက်ကလေးတင်ထားကာ သူ့ကိုမော့ကြည့်နေတဲ့ မမကိုသူအသဲယားလာကာ ပါးလေးကိုတချက်နမ်းလိုက်သည်။
မမက "အို..."ဆိုပီးခေါင်းငုံ့သွားတော့ မ မျက်နှာလေးကိုအသာလေးပြန်မော့စေကာ ဆွဲဆောင်နိုင်လွန်းတဲ့ နုတ်ခမ်းဖူးဖူးလေးဆီသို့ သွင့်နုတ်ခမ်းတစ်စုံကိုထပ်တူကျစေလိုက်တော့သည်။
...........................................................................
🥀hanako🥀
နောက်တစ်ပိုင်းမှ နဲနဲမှောင်ပေးပါ့မယ်🌚😁

My stepsister is my girlfriend(Completed)Wo Geschichten leben. Entdecke jetzt