တဖြေးဖြေးမိုးသာချုပ်လာသည် Jungkook ကလည်းပေါ်မလာသလို ညနေခဏလောက်လေကောင်းလေသန့်ရူကြမည်ဆိုသောကြောင့် အပေါ်အကျီတောင်ဝတ်မလာ အတွင်း shirt အကျီအပါးလေးနဲ့ Taehyung မှာ ဆောင်းဝင်စ ညချမ်းရဲ့ တိုက်ခက်လာတဲ့ လေအေးကိုကြာကြာမခံနိုင်တော့..

" Jungkook ဘာလို့မလာတာလည်း ချိန်းထားပြီးမေ့နေသွားတာတော့မဟုတ်လောက်ပါဘူးနော် ဟူးး ငါကလည်းနမော်နမဲ့နိုင်တာ ဖုန်းကျန်ခဲ့ရတယ်လို့ ဒီတိုင်းသာဆိုအေးပြီ သေတော့မှာပဲ"

တံခါးလေးကို မှီကာကျုံကျုံလေးထိုင်နေတဲ့ Taehyung အေးလို့လက်မောင်းလေးနှစ်ဖတ်ကိုပွတ်လို့ လက်ဝါးလေးတွေကို အာကွေ့ပေးကာ အအေးသက်သာအောင်နေနေသည်..

Impersonator Lover

ညနေရုံးဆင်းထဲက Taehyung Toilet ဝင်နေချိန်မှာ အခြားဧည့်သည်တယောက်နဲ့အတူတူပြန်လို့သွားတဲ့ Jungkook..

ဧည့်သည်နဲ့ညစာစားကာ Taehyung အတွက် ညစားဝယ်လို့ ည 8:00 လောက်မှာ အိမ်သို့ပြန်လာခဲ့သည်..

သူအိမ်ရောက်တဲ့ထိ Taehyung က ပြန်မရောက်သေးတာကြောင့် ကုမ္မဏီကနေပြန်မလာသေးတာလား.ကပ်စေးနဲကာ သူမပါရင် Bus ပဲစီးပြန်မှာသိနေတာကြောင့် ကားလမ်းများပိတ်လို့လား အမျိုးမျိုးတွေးကာ အမေအိမ်ပဲသွားနေလားလို့ပဲတွေးပြီး အမေစီဖုန်းအရင်ဆက်ကြည့်တော့ လည်း
အမေက မလာဘူး​လို့ပြောမှသာ Taehyung စီဖုန်းဆက်လိုက်သည်..

ကားကြပ်နေလို့ဖုန်းလာရင် ကိုင်ရအဆင်မပြေဖြစ်မှာဆိုးလို့မဆက်ပဲနေပြီး အမေစီအရင်ဆက်ကြည့်တာ အမေကမလာဘူးပြောမှသာ Taehyung စီဆက်ကြည့်တော့ Taehyung ကမကိုင်..ကိုင်လို့အဆင်မပြေလို့မကိုင်တာပဲနေမှာဆိုပြီးတွေးကာ ရေမိုးချိုးလိုက်သေးတဲ့ Jungkook..

သူရေချိုးလို့ပြီးတဲ့အထိပြန်မရောက်လာသေးတဲ့ Taehyung ကို သူစိတ်ပူစပြုလာပြီ..ဦးလေးစီဆက်တော့လည်းမလာ.. သူ့သူငယ်ချင်း Jimin စီဆက်တော့လည်းမတွေ့တာတောင်ကြာပြီတဲ့.. Taehyung စီကတော့လုံးဝအဆက်အသွယ်မရ..နောက်ဆုံး sobin စီဆက်ကြည့်တော့.

"sobin "

" nae CEO "

" ဟို Taehyung Taehyung ဘယ်အချိန်ပြန်သွားလည်း ငါနဲ့ ဒီဇိုင်းကိစ္စပြောဖို့ချိန်းထားတာခုထိမလာသေးလို့ "

Impersonator Lover (complete) Where stories live. Discover now