Taehyung ကလည်း Jungkook မှာပေးမှန်းသိနေတာကြောင့် ဖုန်းလေးထုတ်ကာ message လှမ်းပို့လိုက်သည်..

" ကျေးဇူးပါ ကိုကို ချစ်တယ် "

သိပ်မကြာခင်မှာ Jungkook စီက message တစောင်ဝင်လို့လာသည်..

* အင်း Tae.. ညနေကျရင် ခေါင်းမိုးပေါ်တက်ခဲ့ပါလား အလုပ်မပြန်ခင် လေကောင်းလေသန့်ရူရအောင် *

* အင်း *

Impersonator Lover

ညနေ6:00 မှာ အားလုံးအလုပ်ဆင်းသွားကြကာ Taehyung က Jungkook နဲ့ ချိန်းထားတာကြောင့် အားလုံးပြန်တဲ့အချိန်ကိုစောင့်နေတာကြောင့် Toilet ဘက်ခဏထွက်လာခဲ့ပြီး ခေါင်မိုးပေါ်သို့တက်လာခဲ့သည်..

ပုံမှန်ဆို Jungkook က 6:30 လောက်မှပြန်တက်တာကြောင့်သူလည်း ခေါင်းမိုးပေါ်အရင်ရောက်နေကာ ဆိုးလ်မြို့ရဲ့ ရူခင်းနဲ့နေဝင်နေတာကိုကြည့်နေမိသည်တဖြေးဖြေးညက မှောင်လာက လက်ကနာရီကိုကြည့်လိုက်တော့ 7:00 နာရီရှိပြီ..

" ဘာလည်း အလုပ်မပြီးသေးဘူးလား "

ဖုန်းဆက်ပြီးမေးကြည့်ဖို့ လုပ်တော့ အိပ်ကပ်ထဲကဖုန်းကိုရှာချိန် ဖုန်းကပါမလာ​..

" ဟင်ငါဘယ်နားထားမိပါလည်း ဟာသေစမ်း Toilet ထဲကျန်ခဲ့ပြီထင်တယ် ရှစ် "

Taehyung မှာ ဖုန်းကျန်ခဲ့တာကြောင့် Jungkook သူ့စီဖုန်းဆက်နေမှာကြောင့် ကမန်းကတန်းအောက်သို့ပြန်ဆင်းရင် အပြေးလေးလာတော့ ခေါင်းမိုးတံခါးကဖွင့်မရ..

" ဘာလည်း ဘာလို့ဖွင့်မရတာလည်း "

Taehyung မှာ တံခါးကို တွန်းပြီးဖွင့်လည်းမရ လော့ကိုလှည့်လည်းမရ အပြင်ကတယောက်ယောက်ပိတ်လိုက်မှသာ တံခါးကဖွင့်မရဖြစ်မှာ ခုလိုတကူးတက ပိတ်ရအောင်လည်း ဘယ်သူမှမရှိ လုံခြုံရေးတွေကလည်းအမြဲလူစစ်ပြီးမှပိတ်တက်တာကြောင့် သူ့ကိုယ်ပဲမမြင်သွားလို့ပိတ်မိထားတယ်ထင်ကာ Taehyung တယောက်ဒုက္ခ ရောက်ပြီလေ..

တံခါးကို တဒုံးဒုံးထုကာတယောက်ယောက်များကြားလို့ကြားငြားခေါ်သော်လည်းမရ.. Jungkook နဲ့ချိန်းထားတာကြောင့် Jungkook အလာကိုသာသူစောင့်နေလိုက်တော့သည်..

Impersonator Lover (complete) Where stories live. Discover now